< Na Helu 31 >
1 OLELO mai la o Iehova ia Mose, i mai la,
၁တဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ၏။
2 E hoopai i ka hana ino ia mai o na mamo a Iseraela maluna o ka Midiana; a mahope e huiia aku oe me ou poe kanaka.
၂
3 Olelo aku la o Mose i na kanaka, i aku la, E hoomakaukau i kekahi poe o oukou no ke kaua, a e kuu aku ia lakou e hele ku e i ka Midiana, a e hoopai aku i ko Iehova maluna o ka Midiana.
၃မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။
4 I hookahi tausani no kela ohana, keia ohana ma na ohana a pau a Iseraela, ka oukou e hoouna aku ai i ke kaua.
၄ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည် အတိုင်း၊
5 A ua haawiia mai noloko mai o na tausani o ka Iseraela, he tausani hookahi no kela ohana no keia ohana, he umikumamalua na tausani i makaukau no ke kaua.
၅ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ်၍၊
6 Hoouna aku la o Mose ia lakou i ke kaua, i hookahi tausani o ka ohana hookahi, ia lakou a me Pinehasa ke keiki a Eleazara ke kahuna, me na mea hoano, a me na pu e puhi aku ai ma kona lima, i ke kaua.
၆မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။
7 A kaua aku la lakou i ka Midiana, e like me ka Iehova i kauoha mai ai ia Mose; a pepehi iho la lakou i na kane a pau.
၇မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
8 Pepehi iho la hoi lakou i na alii o Midiana, he okoa kela poe o lakou i pepehiia, o Evi, o Rekema, o Zura, o Hura, a me Reba, na alii elima o Midiana: pepehi iho la hoi lakou ia Balaama ke keiki a Beora me ka pahikaua.
၈အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ၏။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။
9 Lawe pio aku la na mamo a Iseraela i na wahine a me ka lakou poe keiki liilii, a hao ae la lakou i na bipi o lakou a pau, me na holoholona a pau o lakou, a me ko lakou waiwai a pau.
၉ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
10 Puhi aku la lakou i na kulanakauhale a pau kahi a lakou i noho ai, a me na pa holoholona a pau o lakou, i ke ahi.
၁၀မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
11 Lalau ae la lakou i ka waiwai pio a pau, a me ka mea a pau i haoia, o na kanaka a me na holoholona.
၁၁ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား၍၊
12 Lawe mai la lakou i na pio a me ka waiwai pio, a me na holoholona, io Mose la laua o Eleazara ke kahuna, a i ke anaina kanaka o na mamo a Iseraela, i kahi hoomoana ma na papu o Moaba ma Ioredane o Ieriko.
၁၂မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရော ဟိတ် ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
13 Hele aku la o Mose me Eleazara ke kahuna, a me na luna a pau o ke anaina kanaka e halawai me lakou mawaho o kahi hoomoana.
၁၃မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။
14 Huhu aku la o Mose i na luna kaua, i na luna tausani a me na luna haneri, i hele mai, mai ke kaua mai.
၁၄မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊
15 I aku la o Mose ia lakou, Ua hoola mai no anei oukou i na wahine a pau?
၁၅သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း။
16 Aia hoi, o keia ka poe i hoowalewale i na mamo a Iseraela, mamuli o ka manao o Balaama, e lawehala ia Iehova ma ka mea a Peora, a hiki mai no ke ahulau iwaena o ke anaina kanaka o Iehova.
၁၆ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
17 No ia hoi, e pepehi oukou i na kane a pau iwaena o na kamalii, a e pepehi i na wahine a pau i ike i ke kane ma ka moe me ia.
၁၇ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို၎င်း၊ သတ်ကြလော့။
18 Aka, o ka poe kaikamahine a pau i ike ole i ke kane ma ka moe me ia, oia ka oukou e hoola ai.
၁၈ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။
19 A e noho oukou mawaho o kahi hoomoana i na la ehiku: o ka mea i pepehi i kekahi kanaka, a o ka mea i hoopa aku i ke kupapau, e huikala oukou ia oukou iho a me ko oukou poe pio, i ke kolu o ka la, a i ka hiku o ka la.
၁၉သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။
20 E huikala hoi oukou i na aahu a pau, a me na mea ili a pau, a me na mea hulu kao a pau, a me na mea laau a pau.
၂၀သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။
21 Olelo aku la hoi o Eleazara ke kahuna i na koa i hele aku i ke kaua, Eia ka oihana o ke kanawai a Iehova i kauoha mai ai ia Mose;
၂၁ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊
22 O ke gula wale no, o ke kala, o ke keleawe, o ka hao, o ka piuta, a me ke kepau,
၂၂ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊
23 O kela mea keia mea e pono ma ke ahi, oia ka oukou e hoohele mawaena o ke ahi, a e huikalaia oia; a e hoomaemaeia no nae ia i ka wai huikala: a o na mea a pau e pono ole ma ke ahi, oia ka oukou e hoohele mawaena o ka wai.
၂၃မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။
24 A i ka hiku o ka la, e holoi oukou i ko oukou mau aahu, a e maemae oukou; a mahope iho e hele mai auanei oukou maloko o kahi hoomoana.
၂၄သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ် ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။
25 Olelo mai la o Iehova ia Mose, i mai la,
၂၅ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊
26 E helu i ka waiwai pio o ka poe i lawe pio, o kanaka a me na holoholona, o oe a me Eleazara ke kahuna, a me na lunakahiko o ke anaina kanaka.
၂၆ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊
27 A e puunaue i ka waiwai pio i na puu elua; no ka poe i lawe i ke kaua maluna o lakou iho, ka poe i hele aku i ke kaua kekahi, a no ke anaina kanaka a pau kekahi.
၂၇ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ပေးဝေလော့။
28 A e auhau oe no Iehova i na kanaka kaua, i ka poe i hele aku i ke kaua: i hookahi kino noloko mai o na haneri elima, o na kanaka, o na bipi, o na hoki, a o na hipa.
၂၈စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင်၊
29 E lawe ia noloko mai o ka lakou hapalua, a e haawi aku na Eleazara ke kahuna, i mohai kaikai no Iehova.
၂၉သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။
30 A noloko mai o ka hapalua no na mamo a Iseraela, kau e lawe aku ai i hookahi hapa kanalima o na kanaka, o na bipi, o na hoki, o na hipa, a o na holoholona a pau, a e haawi aku ia mau mea na na Levi, na ka poe e malama ana i ka ukana o ka halelewa no Iehova.
၃၀ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု၊
31 A hana aku la o Mose laua o Eleazara ke kahuna, e like me ka Iehova i kauoha mai ai ia Mose.
၃၁မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ၏။
32 A o ka waiwai pio, o ke koena o ka waiwai pio a na kanaka kaua i lawe pio ai, he aono haneri me kanahikukumamalima na tausani hipa.
၃၂စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊
33 A he kanahikukumamalua na tausani bipi.
၃၃နွားခုနစ်သောင်းနှစ်ထောင်၊
34 A he kanaonokumamakahi na tausani hoki.
၃၄မြည်းခြောက်သောင်းတထောင်
35 A he kanakolukumamalua na tausani wahine a pau i ike ole i ke kane ma ka moe ana me ia.
၃၅ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။
36 A o ka hapalua, ka puu a ka poe i hele aku i ke kaua, ma ka helu ana, he akolu haneri me kanakolukumamahiku na tausani hipa, a me na haneri keu elima.
၃၆စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
37 A o na hipa auhau na Iehova, he aono haneri me kanahikukumamalima.
၃၇ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း။
38 A he kanakolukumamaono na tausani bipi; a o ka auhau na Iehova noloko mai o ia poe, he kanahikukumamalua.
၃၈နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသော အခွန်ကား၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း။
39 A o na hoki, he kanakolu na tausani, a me na haneri keu elima; a o ka auhau na Iehova noloko mai o ia poe, he kanaonokumamakahi.
၃၉မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရ ဘုရားခံရသော အခွန်ကား၊ မြည်းခြောက်ဆယ်တကောင် တည်း။
40 A o na wahine, he umikumamaono na tausani; a he kanakolukumamalua o lakou ke auhau no Iehova.
၄၀လူတသောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသော အခွန်ကား၊ လူသုံးဆယ် နှစ်ယောက်တည်း။
41 A haawi aku la o Mose i ka auhau, i ka mea mohaikaikai a Iehova, na Eleazara ke kahuna, e like me ka Iehova i kauoha mai ai ia Mose.
၄၁ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။
42 A o ka hapalua a na mamo a Iseraela, ka mea a Mose i puunaue ai mai na kanaka kaua mai.
၄၂တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
43 (O ka ke anaina kanaka hapalua, he akolu haneri me ke kanakolukumamahiku na tausani hipa, a me na haneri keu elima,
၄၃ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
44 A he kanakolukumamaono na tausani bipi,
၄၄နွားသုံးသောင်းခြောက်ထောင်၊
45 A he kanakolu tausani na hoki me na haneri keu elima.
၄၅မြည်းသုံးသောင်းငါးရာ၊
46 A he umikumamaono tausani na wahine.)
၄၆လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
47 A lawe aku la o Mose i hookahi hapa kanalima, noloko mai o ka hapalua a na mamo a Iseraela, i na kanaka a me na holoholona, a haawi aku ia lakou na ka poe Levi, ka poe i malama i ka ukana o ka halelewa o Iehova; e like me ka Iehova i kauoha mai ia Mose.
၄၇ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး၏။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ၏။
48 Hele mai la na luna o na tausani o ke kaua, a kokoke io Mose la, o na luna tausani a me na luna haneri:
၄၈လူတရာ၊ တထောင်ကိုအုပ်သော တပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊
49 I aku la lakou ia Mose, Ua helu iho nei kau poe kauwa i na kanaka kaua malalo iho o makou, aole hoi i nalowale kekahi kanaka o makou:
၄၉ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန်၍၊ လူတယောက်မျှ မလျော့ပါ။
50 Nolaila makou i lawe mai nei i alana no Iehova, i ka mea a kela kanaka a keia kanaka i loaa'i, o na mea gula, na kupee, na apo, na komolima, na apo pepeiao, na leia-i, i mea hookalahala ia makou iho imua o Iehova.
၅၀ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
51 A lawe aku la o Mose a me Eleazara i ke gula, i na mea i hanaia a pau, mai o lakou aku.
၅၁မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။
52 O ke gula a pau o ka mohai, ka mea a na luna tausani a me na luna haneri i kaumaha aku ai no Iehova, he umikumamaono tausani ehiku haneri a me kanalima na sekela.
၅၂ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ၍၊
53 No ka mea, ua lawe na kanaka kaua i ka waiwai pio, o kela kanaka keia kanaka nona iho.)
၅၃တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း။
54 Lawe aku la o Mose laua o Eleazara ke kahuna i ke gula o na luna tausani a me na luna haneri, a halihali aku la ia mea iloko o ka halelewa o ke anaina, i mea hoomanao no na mamo a Iseraela imua o Iehova.
၅၄တပ်မှူးများ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထား ကြ၏။