< Na Helu 21 >

1 A LOHE ae la ke alii o Arada ka Kanaana, e noho ana ma ke kukuluhema, e hele mai ana ka Iseraela ma ke ala e hiki ai i na wahi ona, alaila, kaua mai la ia i ka Iseraela, a lawe pio aku la i kekahi poe o lakou.
ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ၌နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ၏။
2 Hoohiki aku la ka Iseraela ia Iehova, i aku la, Ina paha e haawi mai oe i keia poe kanaka iloko o ko'u lima, alaila e luku loa aku no au i na kulanakauhale o lakou.
ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ၏။
3 Hoolohe mai la o Iehova i ka leo o ka Iseraela, a hoolilo mai la i ka poe Kanaana: a luku loa aku la lakou ia lakou la, a me na kulanakauhale o lakou; a kapa aku la ia i ka inoa o ia wahi o Horema.
ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကို နားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ၏။
4 Hele aku la lakou mai ke kuahiwi o Hora aku, ma ke alanui o ke Kaiula, e puni i ka aina o Edoma: a ua pau ke aho o na kanaka no ke alanui.
ဟောရတောင်မှ ထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သော ကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
5 Olelo ino aku la na kanaka i ke Akua, a ia Mose, No ke aha la olua i kai mai nei ia makou mailoko mai o Aigupita e make ma ka waonahele? no ka mea, aohe berena, aole hoi ho wai; a ke hoopailua nei ko makou naau i keia ai mama.
သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
6 Hoouna mai la o Iehova i na nahesa wela iwaena o na kanaka, a nahu mai la lakou i na kanaka; a he nui na kanaka o ka Iseraela i make.
ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ၏။
7 No ia mea, hele mai la na kanaka io Mose la, i mai la, Ua haua hewa makou; no ka mea, ua olelo ino aku makou ia Iehova a ia oe: e pule aku oe ia Iehova, e lawe aku ia i na nahesa mai o makou aku nei. A pule aku la o Mose no na kanaka.
ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
8 Olelo mai la o Iehova ia Mose, E hana oe nau i nahesa wela, a e kau aku ia maluna o ka laau, a o kela mea keia mea i nahuia, i ka wa e nana aku ai oia ia mea, e ola no ia.
ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားလော့။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
9 A hana iho la o Mose i nahesa keleawe, a kau aku la ia maluna o ka laau; a o ke kanaka i nahuia i ka nahesa wela, i ka wa i nana aku ai oia i ka nahesa keleawe, ua ola ia.
မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ်၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင်၊ မြွေကိုက်သောသူမည် သည်ကား၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ၏။
10 A hele aku la na mamo a Iseraela, a hoomoana iho la ma Obota.
၁၀တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။
11 A hele lakou mai Obota aku, a hoomoana iho la ma Iieabarima, i ka waonahele ma ke alo o Moaba, ma ka hikina o ka la.
၁၁ဩဗုတ်အရပ်မှ ပြောင်းပြန်၍၊ နေထွက်ရာ ဘက်၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချကြ၏။
12 Mailaila aku lakou i hele ai, a hoomoana iho la ma ke kahawai o Zareda.
၁၂ထိုအရပ်မှ ပြောင်း၍၊ ဇာရက် ချောင်းနား၌ စားခန်းချကြ၏။
13 Mailaila aku lakou i hele ai, a hoomoana iho la ma hela aoao o Arenona, ma ka waonahele e hele mai ana mailoko mai o na palena o ka Amora; no ka mea, o Arenona oia ka palena o Moaba, mawaena o Moaba a me ka Amora.
၁၃ထိုအရပ်မှ တဖန်ပြောင်းပြန်၍၊ အာမောရိပြည် နယ်နှင့် စပ်သော တော၌ရှိသော အာနုန်ချောင်းနား တဘက်တချက်၌ စားခန်းချကြ၏။ အာနုန်ချောင်းကား၊ မောဘပြည်၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း။
14 Nolaila, ua olelo ia maloko o ka buke o na kaua a Iehova, ma Vaheba ma Supa, a ma na kahawai o Arenona,
၁၄ထိုသို့နှင့်အညီ၊ ထာဝရဘုရားစစ်တိုက်စာ၌ကား၊ ဇာရက်အရပ်၊ သုပအရပ်၊ အာနုန်ချောင်းတို့၊
15 A ma ke kahe ana o na kahawai, ka mea hele ma ka noho ana o Ara, a moe iho ma ka palena o Moaba.
၁၅အာရပြည်သို့ စီး၍ မောဘပြည်အနား၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။
16 Mailaila aku lakou a Beera; oia ka punawai kahi a Iehova i olelo mai ai ia Mose, E hoakoakoa i na kanaka, a e haawi aku no wau i wai no lakou.
၁၆အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစေလော့၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း။
17 Alaila mele aku la ka Iseraela i keia mele, E huahuai mai, e ka punawai; E mele aku oukou ia ia:
၁၇ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခြင်းဆိုကြလော့။
18 O na luna ka i kohi iho i ka punawai, O na'lii o na kanaka i eli iho ia, Mamuli o ka Lunakanawai, me na kookoo o lakou. A mai ka waonahele aku lakou a Matana;
၁၈တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ၏။
19 A mai Matana aku a Nahaliela; a mai Nahaliela aku a Bamota:
၁၉ထိုတောမှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့၎င်း၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
20 A mai Bamota aku lakou a i ke awawa ma ke kula o Moaba, malalo o ka puu o Pisega, ma ka aoao e huli ana i ka waonahele.
၂၀ဗာမုတ်အရပ်မှ မောဘချိုင့်သို့၎င်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကြ၏။
21 Hoouna aku la ka Iseraela i na elele io Sihona la ke alii o ka Amora, i aku la,
၂၁ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက်၊
22 E ae mai oe e hele aku wau mawaena o kou aina: aole makou e kipa ma na mahinaai, aole hoi ma na pawaina: aole makou e inu i ka wai o ka punawai; e hele aku no makou ma ke alanui o ke alii, a hala aku la makou mai kou mau palena aku.
၂၂အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ ရှောက်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ် သို့၎င်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
23 Aole no i ae mai o Sihona e hele aku ka Iseraela mawaena o kona mau palena: aku, hoakoakoa ae la o Sihona i kona poe kanaka a pau, a hele aku la iloko o ka waonahele e ku e i ka Iseraela: a hele mai la ia i Iahaza, a kaua mai la i ka Iseraela.
၂၃ထိုပြည်အလယ်၌ ရှောက်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ၊ သူတို့ရှိရာတောသို့ ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
24 Luku aku la ka Iseraela la ia i ka pahikaua, a komo aku la i kona aina mai Arenona a Iaboka, a hiki i na mamo a Amona: no ka mea, ua paa ka palena o na mamo a Amona.
၂၄ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင်၎င်း၊ အမ္မုန်အမျိုးသား နေရာတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး၏။
25 Lawe pio ae la ka Iseraela i keia mau kulanakauhale a pau: a noho iho la ka Iseraela ma na kulanakauhale a pau o ka Amora, i Hesebona, a i na kauhale a pau o ia wahi.
၂၅ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ၍ နေကြ၏။
26 No ka mea, o Hesebona ke kulanakauhale o Sihona ke alii o ka Amora, nana i kaua aku mamua i ke alii o Moaba, a lawe ae la i kona aina a pau mai kona lima aku, a hiki i Arenona.
၂၆ဟေရှဘုန်မြို့ကား၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
27 No ia mea, i mai la na hakumele, E hele oukou iloko o Hesebona, e hana hou ia Ke kulanakauhale o Sihona e hookumuia:
၂၇ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာဆရာတို့ က၊ ဟေရှဘုန်မြို့သို့ သွား၍ တဖန်တည်ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့။
28 No ka mea, mai Hesebona i hele aku ai ke ahi, He lapalapa ahi ma ke kulanakauhale o Sihona aku: Ua hoopau oia ia Ara o Moaba, A me na haku o na wahi kiekie o Arenona.
၂၈ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ၊ အာနုန်ချောင်းနား၊ မြင့်သောအရပ်၌ အစိုးရသော မင်းတို့ကို လောင်လေပြီ။
29 Auwe oe, e Moaba! ua make no oe! E na kanaka o Kemosa! Ua haawi aku ia i kana mau keikikane i pakele, A me kana mau kaikamahine, i poe pio No ke alii o ka Amora, no Sihona.
၂၉အိုမောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား။
30 Ua pana pua aku makou ia lakou; Ua lukuia o Hesebona a hiki i Dibona, Ua hooneoneo makou a hiki aku i Nopa, A hiki hoi i Medeba.
၃၀တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း။
31 A noho iho la ka Iseraela ma ka aina o ka Amora.
၃၁ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။
32 A hoouna aku la o Mose e makaikai ia Iaazera, a komo lakou i na kulanakauhale o ia wahi, a hookuke aku la i ka Amora malaila.
၃၂မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33 Haliu ae la lakou, a pii aku la ma ke alanui o Basana: a hele mai la o Oga ke alii o Basana e ku e mai ia lakou, oia a me kona poe kanaka a pau, i ke kaua ma Ederei.
၃၃တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
34 Olelo mai la o Iehova ia Mose, Mai makau oe ia ia; no ka mea, ua haawi aku no wau ia ia iloko o kou lima, me kona kanaka a pau, a me kona aina: a e hana aku oe ia ia me kau i hana aku ai ia Sihona ke alii o ka Amora i noho ma Hesebona.
၃၄ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
35 A luku aku la lakou ia ia, me kana mau keikikane, a me kona poe kanaka a pau, aole i koe kekahi e ola ana nona: a komo aku la lakou i kona aina.
၃၅ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။

< Na Helu 21 >