< Na Helu 13 >

1 OLELO mai la o Iehova ia Mose, i mai la,
တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
2 E hoouna aku oe i na kanaka e makaikai ai i ka aina o Kanaana, kahi a'u e haawi aku nei i na mamo a Iseraela: i hookahi kanaka o kela ohana a o keia ohana a na kupuna o lakou ka oukou e hoouna aku ai, he mau luna kela mea keia mea iwaena o lakou.
ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊
3 A ma ke kauoha a Iehova i hoouna aku ai o Mose ia lakou, mai ka waonahele o Parana aku: a o ia mau kanaka a pau, he mau luna lakou no na mamo a Iseraela.
ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
4 Eia na inoa o lakou: no ka ohana o Reubena, o Samua ke keiki a Zakura.
သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။
5 No ka ohana a Simeona, o Sapata ke keiki a Hori.
ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
6 No ka ohana a Iuda, o Kaleba ke keiki a Iepune.
ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
7 No ka ohana a Isakara, o Igala ke keiki a Iosepa.
ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
8 No ka ohana a Eperaima, o Hosea ke keiki a Nuna.
ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
9 No ka ohana a Beniamina, o Paleti ke keiki a Rapu.
ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
10 No ka ohana a Zebuluna, o Gadiela ke keiki a Sodi.
၁၀ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
11 No ka ohana a Iosepa, ka ohana a Manase, o Gadi ke keiki a, Susi.
၁၁ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
12 No ka ohana a Dana, o Amiela ke keiki a Gemali.
၁၂ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
13 No ka ohana a Asera, o Setiela ke keiki a Mikaela.
၁၃အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
14 No ka ohana a Napetali, o Nabi ke keiki a Vopesi.
၁၄နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
15 No ka ohana a Gada, o Geuela ke keiki a Maki.
၁၅ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
16 Oia na inoa o na kanaka a Mose i hoouna aku ai e makaikai i ka aina. A kapa aku la o Mose ia Hosea ke keiki a Nuna, o Iosua.
၁၆ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17 Hoouna aku la o Mose ia lakou e makaikai i ka aina o Kanaana, i aku la hoi ia lakou, E haele oukou ma keia aoao kukuluhema, a e pii iluna i ka mauna.
၁၇ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
18 E nana i ke ano o ka aina, a me na kanaka e noho ana ilaila, he ikaika paha lakou, he nawaliwali paha; he hapa paha lakou, he nui loa paha;
၁၈ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
19 Me ka aina hoi a lakou e noho la, he maikai paha, he ino paha; a me na kulanakauhale a lakou e noho la, ma na halelewa paha, ma na pakaua paha;
၁၉သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
20 A me ke ano o ka aina, he momona paha, he wi paha; he laau paha ilaila, aole paha: i nui hoi ka ikaika o oukou, a e lawe mai i kekahi hua o ka aina. O ka manawa ia o ka huawaina pala mua.
၂၀ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။
21 Pii aku la lakou a makaikai ae la i ka aina, mai ka waonahele o Zina a hiki aku i Rehoba, ma ke ala e hele aku ai i Hamata.
၂၁ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
22 A pii aku la lakou ma ke kukulu hema, a hiki aku i Heberona, i kahi o Ahimana, o Sesai a me Talemai, na keiki a Anaka. (Ua hookumuia o Heberona ehiku makahiki mamua o Zoana i Aigupita.)
၂၂တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
23 A hele aku lakou i ke kahawai i Esekola, a old iho la i kekahi lala me ka huiwaina hookahi, a amo mai la maluna o ka mamaka mawaena o na kanaka elua, O na pomeraite kekahi a me na fiku.
၂၃ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
24 Ua kapaia ia wahi ke kahawai o I Esekola, no ka huiwaina a na mamo a Iseraela i oki ai malaila.
၂၄ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။
25 A hala na la he kanaha o ka makaikai ana i ka ama, hoi mai la lakou.
၂၅အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။
26 Hele mai la lakou a hiki io Mose la a me Aarona, a me ke anaina kanaka a pau o na mamo a Iseraela, i ka waonahele o Parana, i Kadesa; a hoakaka mai la lakou ia laua, a i ke anaina kanaka a pau, a hoike mai la i ka hua o ka aina.
၂၆မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
27 Olelo mai la lakou ia ia, i mai la, Ua hele aku makou i ka aina au i hoouna aku ai ia makou, a he oiaio no e kahe ana ka waiu a me ka meli ilaila; eia hoi ka hua o ia wahi.
၂၇မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
28 Aka, ua ikaika na kanaka e noho ana ma ia aina; a na paa i na papohaku na kulanakauhale, a nui loa: eia hoi kekahi, ua ike makou i na keiki a Anaka malaila.
၂၈သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
29 E noho ana ka Ameleka ma ka aina kukuluhema; o ka Heta, me ka Iebusa, a me ka Amora, ua noho lakou ma na mauna; a ua noho ko Kanaana ma ka moana a ma kapa o Ioredane.
၂၉အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။
30 Hoomalielie iho o Kaleba i kanaka imua o Mose, i mai la, E hele koke aku kakou, a e komo i ka aina; no ka mea, e hiki pono no ia kakou ke lanakila maluna ona.
၃၀ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည် ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟု ဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။
31 Aka, i mai la na kanaka i hele pu me ia, Aole e hiki ia kakou ke hele ku e i ua poe kanaka la; no ka mea, ua oi aku ko lakou ikaika i ko kakou.
၃၁သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင်။ သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည်ဟူ၍၎င်း၊
32 A lawe mai la lakou i ka olelo hoino i ka aina a lakou i makaikai aku ai i na mamo a Iseraela, i mai la, O ka aina kahi a makou i kaahele ai e makaikai aku, he aina ia e hoopau ana i na kanaka e noho ana malaila: a o na kanaka a pau a makou i ike ai malaila, he poe kanaka nunui.
၃၂ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
33 Malaila makou i ike ai i na kanaka nunui, i na keiki a Anaka, na ka poe kanaka nunui mai: ua like makou me na uhini i ko makou maka, a pela hoi makou imua o ko lakou maka.
၃၃ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။

< Na Helu 13 >