< Mataio 9 >
1 E E ae la ia maluna o ka moku, holo aku la ia, a hiki aku la i kona kulanakauhale.
၁ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။
2 Aia hoi, hali mai la lakou io na la i kekahi mai lolo, e moe ana iluna o kahi moe, A ike aku la o Iesu i ko lakou manaoio, i aku la ia i ka mai lolo, E kuu keiki, e hoolana i kou manao, ua kalaia kon hewa.
၂လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏။
3 Alaila, ohumu iho la kekahi poe kakauolelo iloko o lakou iho, He olelo hoino ka ia nei.
၃ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။
4 Ike iho la Iesu i ko lakou manao, ninau aku la, No ke aha la oukou e manao ino ai iloko o ko oukou naau?
၄ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း။
5 Mahea ka hiki pono ke olelo, Ua kalaia kou hewa, a ke olelo paha, E ala'e a e hele?
၅အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
6 I ike hoi oukou, he mana no ko ke Keiki a ke kanaka e kala aku ai i na hewa ma ka honua nei, E ku ae, (wahi ana i ka mai lolo, ) e lawe oe i kou wahi moe, a e hoi i kou hale.
၆လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
7 A ku ae la ia, a hoi aku la i kona hale.
၇ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။
8 A ike aku la na kanaka, mahalo aku la, a hoonani aku la lakou i ke Akua, nana i haawi mai ia mana no na kanaka.
၈လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
9 A hele aku la o Iesu mai ia wahi aku, ike mai la ia i kekahi kanaka e noho ana ma kahi hookupu, o Mataio kona inoa; i mai la oia ia ia, E hahai mai oe ia'u. Ku ae la ia a hahai aku la ia ia.
၉ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင် နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။
10 A i ko Iesu noho ana i ka ahaaina iloko o ka hale, aia hoi, he nui na lunaauhau a me na lawehala i hele mai, a noho pu me ia a me kana poe haumana.
၁၀ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။
11 A ike aku la ka poe Parisaio, i mai la lakou i kana poe haumana, No ke aha la e ai pu ai ka oukou humu me na lunaauhau a me na lawehala?
၁၁ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။
12 Lohe ae la o Iesu, i aku la oia ia lakou, Aole no ka poe ola ke kahuna lapaau, no ka poe mai no ia.
၁၂ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။
13 E hele hoi oukou e ao i ke ano o keia, o ke aloha ko'u makemake, aole ka mohai: ua hele mai nei au e ao aku i ka poe hewa e mihi, aole i ka poe pono.
၁၃ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏။
14 Alaila, hele mai la na haumana a Ioane io na la, i mai la, Ke hookeai pinepine nei makou a me ka poe Parisaio, heaha hoi ka mea e hookeai ole ai kau poe haumana?
၁၄ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန် တလဲလဲအစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။
15 I aku la Iesu ia lakou, E hiki anei i na keiki o ke kanemare ke kaniuhu, i ka wa e noho pu ai ia me lakou? E hiki mai ana ka manawa e laweia'ku ai ke kanemare mai o lakou aku, ilaila lakou e hookeai ai.
၁၅ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့် ခွာ၍ ယူသွား သော အချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
16 Aole no kekahi e pinai i ka apana lole hou maluna o ka lole kahiko, o moku ka mea kahiko i ka mea hou, a nui aku ka nahae.
၁၆အဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။
17 Aole hoi e ukuhi na kanaka i ka waina hou maloko o na hue ili kahiko, o nahae na hue, a kahe aku ka waina, a pau na hue: aka, ukuhi no lakou i ka waina hou iloko o na hue hou, a koe pu ia mau mea i ka malamaia.
၁၇၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ၏။
18 I kana olelo ana ia mau mea ia lakou, aia hoi, hele mai kekahi luna, moe iho ia ia, i mai la ia ia, Ua make iho nei ka'u kaikamahine, aka, e hele mai oe, a kau i kou lima maluna ona, a e ola ia.
၁၈ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက်၏။
19 Ku ae la o Iesu iluna, hahai aku la ia ia me kana poe haumana.
၁၉ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ၏။
20 Aia hoi, he wahine hee koko i na makahiki he umikumamalua, hele aku la ia mahope iho ona, a hoopa aku la i ka lepa o kona aahu:
၂၀ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊
21 No ka mea, i iho la ia iloko ona, A i hoopa wale aku au i kona aahu, e ola au.
၂၁ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။
22 Haliu ae la o Iesu, ike ae la ia ia, i aku la, E ke kaikamahine, e hoolana i kou manao: ua hoola mai kou manaoio ia oe. A ola koke iho la ua wahine la ia hora.
၂၂ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
23 A hiki aku la o Iesu i ka hale o ua luna la, ike ae la ia i ka poe hookiokio, a me na kanaka e kumakena ana,
၂၃အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင်၊
24 I aku la oia ia lakou, Ou hoi oukou, aole i make ke kaikamahine, ua hiamoe no. A hoowahawaha mai la lakou ia ia.
၂၄ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။
25 A pau ae la ka poe kanaka i ka hookukeia iwaho, komo aku la ia iloko, lalau iho la i kona lima, a ala ae la ua kaikamahine nei.
၂၅ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။
26 A kaulana aku la ia mea ma ia aina a pau.
၂၆ထိုသိတင်းစကားသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။
27 A hele aku la o Iesu mai ia wahi aku, elua kanaka makapo i hahai ia ia, kahea mai la laua, i mai la, E ka mamo a Davida, e aloha mai oe ia maua.
၂၇ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။
28 Komo ae la ia iloko o ka hale, a hele mai ua mau makapo la io na la, ninau aku la Iesu ia laua, Ke manaoio nei anei olua, e hiki no ia'u ke hana i keia mea? I aku la laua ia ia, Ae, e ka Haku.
၂၈အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။
29 Alaila, hoopa aku la ia i ko laua mau maka, i aku la, E like me ko olua manaoio ana mai, pela e hanaia aku ai no olua.
၂၉ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊
30 Kaakaa ae la ko laua mau maka. Papa aku la Iesu ia laua, i aku la, E malama olua o ikea ia e hai.
၃၀သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။
31 Aka, hele aku la laua, a hookaulaua aku la ia ia ma ia aina a puni.
၃၁သို့သော်လည်း ထိုသူတို့သည် သွား၍ သိတင်းတော်ကို တပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။
32 A hele aku la lakou iwaho, aia hoi, haliia mai io na la he kanaka aa, ua uluhia e ka daimonio.
၃၂ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
33 A mahikiia aku ka daimonio, olelo mai la ua aa la, a mahalo ae la ka poe kanaka, i ae la, Aole i ikea ka mea like me neia iwaena o ka Iseraela.
၃၃နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။
34 Aka, olelo aku la ka poe Parisaio, Ke mahiki aku nei oia nei i na daimonio ma ke alii o na daimonio.
၃၄ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။
35 Kaahele ae la o Iesu ma na kulanakauhale a pau, a me na kauhale, e ao ana iloko o na halehalawai o lakou, a e hai mai ana i ka euanelio no ke aupuni, me ka hoola i na mai a pau, a me na nawaliwali a pau o na kanaka.
၃၅ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။
36 A ike mai la ia i ka ahakanaka, hu ae la kona aloha ia lakou; no ka mea, ua maluhiluhi lakou, ua auwana hoi e like me na hipa kahu ole.
၃၆အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။
37 Alaila, i mai la ia i kana poe haumana, He nui ke kihapai ai, ua hapa no nae ka poe lawehana.
၃၇ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။
38 No ia mea, e noi oukou i ka Haku nana ke kihapai ai, e hoouna oia i na lawehana iloko o kana kihapai.
၃၈ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။