< Mataio 15 >
1 A LAILA hele mai la io Iesu la na kakauolelo a me na Parisaio no Ierusalema mai, ninau mai la,
၁ထိုအခါယေရုရှလင်မြို့မှဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်သခင်ယေရှုထံ တော်ကိုရောက်လာကြ၏။-
2 No ke aha la e pale nei kau poe haumana i ka mooolelo a ka poe lunakahiko? No ka mea, aole lakou e holoi i na lima o lakou i ka lakou ai ana.
၂သူတို့က ``အရှင်၏တပည့်များသည်အဘယ် ကြောင့်ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုမလိုက်နာကြပါသနည်း။ သူတို့သည်နည်း မှန်အတိုင်းလက်မဆေးဘဲစားသောက်ကြပါ သည်တကား'' ဟုလျှောက်ထားကြ၏။
3 Olelo aku la oia ia lakou, i aku la, No ke aha la hoi oukou e pale nei i ke kanawai o ke Akua ma ka oukou mooolelo?
၃ကိုယ်တော်က ``သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်၏ပညတ်တော်တို့ကိုပစ်ပယ်၍ မိမိတို့၏ ထုံးတမ်းစဉ်လာများကိုလိုက်နာကြပါသနည်း။-
4 Ua kauoha mai ke Akua, i ka i ana mai, E malama oe i ka makuakane a me ka makuwahine; a o ka mea olelo hoino aku i ka makuakane a i ka maku wahine paha, e make ia.
၄ဘုရားသခင်က `သင်၏မိဘကိုရိုသေမြတ်နိုး လော့။ မိဘကိုကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုပညတ်တော်မူခဲ့၏။-
5 A ke olelo nei oukou, O ka mea e olelo aku i ka makuakane a i ka makuwahine paha, Ua laa, o ka'u mea e pono ai oe;
၅သို့ရာတွင်သင်တို့သွန်သင်ကြသည်ကားဤသို့ တည်း။ အကယ်၍လူတစ်ယောက်၌အဖသို့မဟုတ် အမိအားထောက်ပံ့ရန်ပစ္စည်းတစ်စုံတစ်ရာရှိ သော်လည်း ယင်းပစ္စည်းကိုဘုရားသခင်အဖို့လှူ ပြီးပစ္စည်းဖြစ်သည်ဟုဆိုလျှင်၊-
6 Aole ia e malama hou aku i kona makuakane, a me kona makuwahine. Pela oukou i hoole ai i ke kanawai o ke Akua ma ka oukou mooolelo.
၆ထိုသူသည်မိဘအားထောက်ပံ့ရန်မလိုဟုသင် တို့သွန်သင်ကြ၏။ ဤသို့လျှင်သင်တို့သည်မိမိ တို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်ဘုရား သခင်၏ပညတ်တော်ကိုပစ်ပယ်ကြ၏။-
7 E ka poe hookamani, pono io ka Isaia i olelo mai ai no oukou, i ka i ana,
၇အချင်းကြောင်သူတော်တို့၊ သင်တို့နှင့်ပတ်သက်၍ ဘုရားသခင်သည်ဟေရှာယအားဖြင့်၊
8 O keia poe kanaka, ke hookokoke mai nei lakou ia'u me ko lakou waha, a ke hoomaikai mai nei ia'u me na lehelehe; aka, o ko lakou naau la, he mamao loa ia ia'u.
၈`ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီးကူး ကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ သူတို့သည်လူ့ပညတ်များကိုဘုရားပေးပညတ် သဖွယ် သင်ကြားပို့ချကြ၏။
9 Make hewa ko lakou malama ana mai ia'u, i ka lakou ao ana aku i na kauoha a na kanaka i kumu e malamaia'i.
၉သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။
10 Kahea aku la ia i ka poe kanaka, i aku la, E hoolohe mai oukou, a o hoomaopopo hoi.
၁၀ကိုယ်တော်သည်လူပရိသတ်တို့အားအထံတော် သို့ခေါ်တော်မူပြီးလျှင် ``ငါ့စကားကိုသင်တို့ နာယူသိမှတ်ကြကုန်လော့။-
11 Aole e haumia ke kanaka i ka mea i komo ma ka waha; aka, o ka mea i puka ae mailoko mai o ka waha, oia ka mea e haumia ai ke kanaka.
၁၁လူကိုညစ်ညမ်းစေသည့်အရာကားခံတွင်းသို့ ဝင်သည့်အရာမဟုတ်။ ခံတွင်းမှထွက်သည့်အရာ သာလျှင်ဖြစ်၏'' ဟုမိန့်တော်မူသည်။
12 Alaila, hele aku la kana poe haumana, i aku la ia ia, Ke ike nei anei oe, ua huhu ka poe Parisaio i ko lakou lohe ana i keia olelo?
၁၂တပည့်တော်တို့သည်အထံတော်သို့လာ၍ ``အရှင် မိန့်တော်မူသောစကားကြောင့်ဖာရိရှဲတို့စိတ်ဆိုး ကြသည်ကိုသိတော်မူပါသလော'' ဟုလျှောက် ထားကြ၏။
13 Olelo mai la ia, i mai la, O na mea kanu a pau aole i kanuia e ko'u Makua i ka lani, e pau ia i ka uhukiia.
၁၃ကိုယ်တော်က ``ကောင်းကင်ဘုံရှင်၊ ငါ၏အဖစိုက်ပျိုး တော်မမူသည့်အပင်ရှိသမျှသည်နုတ်ပစ်ခြင်း ကိုခံရလိမ့်မည်။-
14 E waiho pela ia lakou; he poe alakai makapo lakou no na makapo: ina he makapo e alakai i ka makapo, e haule pu laua iloko o ka lua.
၁၄သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။
15 Olelo aku la o Petero ia ia, i aku la, E hoakaka mai oe i keia olelonane.
၁၅ပေတရုက ``ထိုပုံဥပမာကိုအကျွန်ုပ်တို့အား ရှင်းပြတော်မူပါ'' ဟုလျှောက်၏။
16 I mai la o Iesu, Oukou anei kekahi i hoomaopopo ole?
၁၆ကိုယ်တော်က ``သင်တို့ပင်လျှင်ယခုတိုင်အောင် အသိဉာဏ်ကင်းမဲ့လျက်ရှိနေကြသေးသလော။-
17 Aole anei oukou i ike, o ka mea komo ma ka waha, ua hele iho no ia maloko o ka opu, a ua hooleiia'ku ia ma ke kiona?
၁၇ခံတွင်းသို့ဝင်သောအရာဟူသမျှသည်အစာ အိမ်သို့ရောက်ပြီးနောက် အိမ်သာတွင်းသို့သက်ဆင်း သွားသည်ကိုသင်တို့မသိပါသလော။-
18 Aka, o ka mea e puka ana mailoko mai o ka waha, mailoko mai ia o ka naau; oia ka mea e haumia ai ke kanaka.
၁၈ခံတွင်းကထွက်သည့်အရာမူကားစိတ်နှလုံး ထဲမှထွက်လာသောအရာဖြစ်၏။ ထိုအရာမျိုး သည်လူကိုညစ်ညမ်းစေ၏။-
19 No ka mea, mailoko mai o ka naau ke puka mai nei na manao ino, ka pepehi kanaka ana, ka moe kolohe ana, ka hookamakama ana, ka aihue ana, ka hoopunipuni ana, a me na olelo ino.
၁၉လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။-
20 Oia na mea e hanmia ai ke kanaka: aka, o ka ai ana me na lima holoi ole ia, aole e haumia ke kanaka ia mea.
၂၀ဤအရာများသည်လူကိုညစ်ညမ်းစေကြ၏။ လက်မဆေးဘဲအစားအစာစားခြင်းကလူ ကိုညစ်ညမ်းစေသည်မဟုတ်'' ဟုမိန့်တော်မူ၏။
21 Hele aku la o Iesu mai ia wahi aku, a hiki aku la ma na mokuna o Turo a me Sidona.
၂၁သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။-
22 Aia ilaila kekahi wahine Kanaana no ia aina i hele mai ai, kahea mai la ia ia, i mai la, E ka Haku, ka mamo a Davida, e aloha mai oe ia'u, ua uluhia loa kuu kaikamahine e ka daimonio.
၂၂ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး တစ်ယောက်သည်အထံတော်သို့လာပြီးလျှင် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနား တော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူး ဝင်နေသဖြင့်ပြင်းပြစွာဝေဒနာခံလျက် နေပါသည်'' ဟုလျှောက်၏။
23 Aole ia i olelo iki aku ia ia. Hele aku la kana mau haumana, a noi aku la ia ia, E hoihoi aku oe ia ia; no ka mea, ke walaau mai nei ia mahope o kakou.
၂၃သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။
24 Olelo mai la ia, i mai la, Ua hoounaia mai nei au i ka ohana hipa auwana o ka Iseraela wale no.
၂၄ထိုအခါကိုယ်တော်က ``ငါသည်ပျောက်နေသော သိုးစုဖြစ်သည့်ဣသရေလအမျိုးသားများအတွက် သာလျှင်လာရောက်ခြင်းဖြစ်သည်'' ဟုဖြေကြား တော်မူ၏။
25 Hele mai la ua wahine la, moe iho la ia imua ona, i mai la, E ka Haku, e kokua mai oe ia'u.
၂၅ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာ ရောက်ပျပ်ဝပ်လျက် ``အရှင်၊ ကျွန်မကိုကူမတော် မူပါ'' ဟုလျှောက်၏။
26 Olelo aku la o Iesu, i aku la, Aole e pono ke lawe i ka ai a na kamalii, a hoolei aku na na ilio.
၂၆ကိုယ်တော်က ``သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုမိန့်တော်မူလျှင်၊
27 I mai la kela, He oiaio, e ka Haku; ua ai no nae na ilio i na hunahuna i helelei iho malalo o ka papaaina a ko lakou haku.
၂၇အမျိုးသမီးက ``မှန်ပါ၏အရှင်၊ ခွေးများပင် လျှင်မိမိတို့သခင်၏စားပွဲမှကျသည့်စားကြွင်း စားကျန်များကိုစားရကြပါ၏'' ဟုလျှောက်၏။
28 Alaila, olelo aku la o Iesu ia ia, i aku la, E ka wahine, nui kou manaoio; me kau makemake, pela e hanaia'ku ai nou. A ola iho la kana kaikamahine ia hora.
၂၈ထိုအခါသခင်ယေရှုက ``အချင်းအမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင် ဆန္ဒရှိသည်အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူ၏။ ထို အချိန်မှစ၍ထိုအမျိုးသမီး၏သမီးသည် ရောဂါပျောက်လေ၏။
29 Hele aku la o Iesu ma ia wahi aku, a hiki aku la ma ke kae loko i Galilaia: pii aku la ia iluna i kekahi mauna, a noho iho la ilaila.
၂၉သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာ၍ဂါလိ လဲအိုင်ကမ်းခြေတစ်လျှောက်ကြွတော်မူ၏။ ထို နောက်တောင်ကုန်းတစ်ခုပေါ်သို့တက်၍ထိုင်တော် မူ၏။-
30 He nui ka poe kanaka i hele mai io na la, e halihali pu mai ana i na oopa, i na makapo, i na aa, i na mumuku, a me na mea e ae he nui wale, a waiho iho la ia lakou ma na wawae o Iesu; a hoola iho la oia ia lakou.
၃၀လူပရိသတ်များသည်ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများဆွံ့အ သူများနှင့်အခြားရောဂါသည်များကိုခေါ်ဆောင် ကာကိုယ်တော်၏ခြေတော်ရင်းတွင်ချထားကြ၏။ ကိုယ်တော်သည်ထိုသူနာတို့၏ရောဂါများကို ပျောက်ကင်းစေတော်မူ၏။-
31 Mahalo aku la ua poe kanaka la i ko lakou ike ana ae i na aa e olelo ana, i na mumuku e ola ana, i na oopa e hele ana, a i na makapo e ike ana; a hoonani aku la lakou i ke Akua o ka Iseraela.
၃၁ဆွံ့အသူများစကားပြောကြသည်ကိုလည်း ကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများအကောင်းပကတိ ဖြစ်လာသည်ကိုလည်းကောင်း၊ ခြေမစွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင် များမျက်စိမြင်ကြသည်ကိုလည်းကောင်းတွေ့မြင် ကြသောအခါ လူပရိသတ်တို့သည်လွန်စွာ အံ့သြ၍ ဣသရေလအမျိုးသားတို့ဘုရား သခင်၏ဘုန်းတော်ကိုချီးကူးကြကုန်၏။
32 Kahea mai la o Iesu i kana poe haumana, i mai la, Ke aloha aku nei ko'u naau i keia poe kanaka, no ka mea, eia ke kolu o ka la i noho ai lakou me au, aole hoi a lakou mea e ai ai; aole au makemake e hoihoi aku ia lakou me ka pololi, o maule auanei lakou ma ke ala.
၃၂သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
33 I aku la kana poe haumana ia ia, Nohea la e loaa'i ia kakou ka berena ma keia wahi waonahele, i maona ai ka poe nui me neia?
၃၃တပည့်တော်တို့က ``ဤမျှကြီးမားသည့်လူပရိ သတ်စားလောက်အောင်အစားအစာများကို အကျွန်ုပ်တို့သည်ဤတောကန္တာရတွင်အဘယ် သို့ရနိုင်ပါမည်နည်း'' ဟုလျှောက်ကြလျှင်၊
34 Ninau mai la o Iesu ia lakou, Ehia na popo berena a oukou? I aku la lakou, Ehiku, a he mau wahi ia liilii.
၃၄သခင်ယေရှုက ``သင်တို့တွင်မုန့်မည်မျှရှိ သနည်း'' ဟုမေးတော်မူသော်၊ ``မုန့်ခုနစ်လုံးနှင့်ငါးအနည်းငယ်ရှိပါသည်'' ဟုပြန်လျှောက်ကြ၏။
35 Olelo aku la ia i ua poe kanaka la, e noho ilalo ma ka honua.
၃၅ကိုယ်တော်သည်လူပရိသတ်ကိုမြေပေါ်တွင် ထိုင်ရန်အမိန့်ပေးတော်မူ၏။-
36 Lalau aku la ia i na popo berena ehiku, a me na ia, hooalohaloha aku la, wawahi iho la, haawi aku la i na haumana ana, a haawi aku la hoi na haumana i ka poe kanaka.
၃၆မုန့်ခုနစ်လုံးနှင့်ငါးကိုယူ၍ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့် နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော် မူ၏။ တပည့်တော်တို့သည်လည်းလူပရိသတ် တို့အားတစ်ဆင့်ပေးဝေကြ၏။-
37 Ai iho la lakou a pau a maona: hoiliili iho la lakou i na hakina i koe, ehiku hinai i piha.
၃၇လူတို့သည်အဝစားရကြ၏။ စားကြွင်းစား ကျန်များကိုတောင်းကြီးခုနစ်တောင်းအပြည့် ကောက်သိမ်းကြရ၏။-
38 O ka poe i ai, eha tausani kanaka, he okoa na wahine a me na kamalii.
၃၈မုန့်စားသူဦးရေကားအမျိုးသမီးနှင့်ကလေး များမှအပလေးထောင်ခန့်ရှိသတည်း။
39 A hoihoi aku la ia i ua poe la, ee aku la ia maluna o ka moku, a holo aku la ma kekahi kae o Magedala.
၃၉ထိုနောက်ကိုယ်တော်သည်လူတို့အားမိမိရပ်ရွာ သို့ပြန်စေတော်မူပြီးနောက် လှေစီး၍မာဂ ဒါလနယ်သို့ကြွတော်မူ၏။