< Mataio 1 >
1 O KE kuauhau na ka hanauna o Iesu Kristo, ka mamo a Davida, ka mamo a Aberahama.
၁အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
2 Na Aberahama o Isaaka; na Isaaka o Iakoba; na Iakoba o Iuda a me kona poe hoahanau;
၂အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။-
3 Na Iuda laua me Tamara o Paresa a me Zara; na Paresa o Hezerona; na Hezerona o Arama;
၃ယုဒနှင့်တာမာမှရသောသားများသည်ဖာရက် နှင့်ဇာရ၊ ဖာရက်၏သားမှာဟေဇရုံ၊ ဟေဇရုံ ၏သားကားအာရံဖြစ်၏။-
4 Na Arama o Aminadaba; na Aminadaba o Naasona; na Naasona o Salemona;
၄အာရံ၏သားသည်အမိနဒပ်၊ အမိနဒပ်၏သား မှာနာရှုန်၊ နာရှုန်၏သားကားစာလမုန်ဖြစ်၏။-
5 Na Salemona laua me Rahaba o Boaza; na Boaza laua me Ruta o Obeda; na Obeda o Iese;
၅စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။
6 Na Iese o Davida ke alii; na Davida na ke alii laua me ka wahine a Uria o Solomona;
၆ဉရိယ၏ဇနီးနှင့်ဒါဝိဒ်မင်းရသောသားသည် ရှောလမုန်ဖြစ်၏။-
7 Na Solomona o Rehoboama; na Rehoboama o Abia; na Abia o Asa;
၇ရှောလမုန်၏သားသည်ရောဗောင်၊ ရောဗောင်၏သား မှာအဘိယ၊ အဘိယ၏သားကားအာသဖြစ်၏။-
8 Na Asa o Iosapata; na Iosapata o Iorama; na Iorama o Ozia;
၈အာသ၏သားသည်ယောရှဖတ်၊ ယောရှဖတ်၏သား မှာယဟောရံ၊ ယဟောရံ၏သားကားဩဇိဖြစ်၏။-
9 Na Ozia o Iotama, na Iotama o Ahaza; na Ahaza o Hezekia;
၉ဩဇိ၏သားသည်ယောသံ၊ ယောသံ၏သားမှာ အာခတ်၊ အာခတ်၏သားကားဟေဇကိဖြစ်၏။-
10 Na Hezekia o Manase; na Manase o Amona; na Amona o Iosia;
၁၀ဟေဇကိ၏သားသည်မနာရှေ၊ မနာရှေ၏သား မှာအာမုန်၊ အာမုန်၏သားကားယောရှိဖြစ်၏။-
11 Na Iosia o Iekonia a me kona poe hoahanau, i ka manawa o ka lawe ana i Babulona:
၁၁ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့အား ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ ယောရှိရသော သားများကားယေခေါနိနှင့်ညီများဖြစ်ကြ၏။
12 A mahope mai o ka lawe ana i Babulona, na Iekonia o Saletiela; na Saletiela o Zerubabela;
၁၂ဗာဗုလုန်မြို့သို့ဣသရေလအမျိုးသားတို့ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက်၊ ယေခေါနိရသောသား သည်ရှာလသေလ၊ ရှာလသေလ၏သားမှာဇေရုဗ ဗေလဖြစ်၏။-
13 Na Zerubabela o Abiuda; na Abiuda o Eliakima; na Eliakima o Azora;
၁၃ဇေရုဗဗေလ၏သားသည်အဗျုဒ်၊ အဗျုဒ်၏သားမှာ ဧလျာကိမ်၊ ဧလျာကိမ်၏သားကားအာဇော်ဖြစ်၏။-
14 Na Azora o Sadoka; na Sadoka o Akima; na Akima o Eliuda;
၁၄အာဇော်၏သားသည်ဇာဒုတ်၊ ဇာဒုတ်၏သားမှာ အာခိမ်၊ အာခိမ်၏သားကားဧလုဒ်ဖြစ်၏။-
15 Na Eliuda o Eleazara; na Eleazara o Mahetana; na Mahetana o Iakoba;
၁၅ဧလုဒ်၏သားသည်ဧလာဇာ၊ ဧလာဇာ၏သားမှာ မဿန်၊ မဿန်၏သားကားယာကုပ်ဖြစ်၏။-
16 Na Iakoba o Iosepa ke kane a Maria nana i hanau o Iesu, i kapaia o Kristo.
၁၆ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။
17 O na banauna a pau mai ia Aberahama mai a hiki ia Davida, he umi ia hanauna a me kumamaha; a mai ia Davida mai a hiki i ka lawe ana i Babulona, he umi ia hanauna a me kumamaha; a mai ka lawe ana aku i Babulona mai, a hiki ia Kristo he umi ia hanauna a me kumamaha.
၁၇သို့ဖြစ်၍ဆွေတော်စဉ်မျိုးတော်ဆက်များမှာ အာဗြဟံမှသည်ဒါဝိဒ်မင်းတိုင်အောင်တစ်ဆယ့် လေးဆက်၊ ဒါဝိဒ်မင်းမှသည်ဣသရေလအမျိုးသား တို့ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရချိန် တိုင်အောင်တစ်ဆယ့်လေးဆက်၊ ဣသရေလအမျိုးသား တို့ ဗာဗုလုန်မြို့သို့ရောက်ရှိချိန်မှသည်မေရှိယ ဖွားမြင်သည်တိုင်အောင်တစ်ဆယ့်လေးဆက်ဖြစ် သတည်း။
18 Penei hoi ka hanau ana o Iesu Kristo: I hoopalau e ia kona makuwahine o Maria na Iosepa, aole nae laua i pili, a ikea oia, ua hapai na ka Uhane Hemolele.
၁၈သခင်ယေရှုခရစ်ဖွားမြင်တော်မူပုံကားဤသို့ တည်း။ မယ်တော်မာရိနှင့်ယောသပ်တို့ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်းထားပြီးနောက်၊ ပေါင်းသင်းနေထိုင် မှုမပြုရမီမာရိသည်သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးအားဖြင့်ပဋိသေနန္ဓစွဲကပ်လေ၏။-
19 Aka, he kanaka pono kana kane o Iosepa, aole ia i makemake e hoino ia ia ma ke akea; manao iho la ia e kipaku malu ia ia.
၁၉ယောသပ်သည်စိတ်သဘောထားမြင့်မြတ်သူဖြစ် သည်အလျောက်မာရိအားအသရေမပျက်စေ လိုသဖြင့် သူနှင့်စေ့စပ်ကြောင်းလမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းရန်အကြံရှိ၏။-
20 A i kona noonoo ana ma ia mau mea, aia hoi, ikeia'ku ka anela a ka Haku e ia ma ka moe, i mai la, E Iosepa, e ka mamo a Davida, mai makau oe ke lawe ia Maria i wahine nau; no ka mea, ua hapai oia na ka Uhane Hemolele.
၂၀ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။-
21 A e hanau mai oia i keikikane, a e kapa aku oe i kona inoa o IESU; no ka mea, e hoola ia i kona poe kanaka mai ko lakou hewa.
၂၁သူသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားသည်မိမိလူမျိုးအားအပြစ်မှကယ်တင် မည့်အရှင်ဖြစ်သောကြောင့်သူ့ကိုယေရှုဟု နာမည်မှည့်ရမည်'' ဟုဆို၏။
22 Ma ia mau mea i ko ai ka mea a ka Haku i olelo mai ai ma ke kaula, i ka i ana mai,
၂၂ဤအမှုအရာများမှာပရောဖက်အားဖြင့် ထာဝရဘုရားပေးတော်မူခဲ့သောဗျာဒိတ် တော်အတိုင်းဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။-
23 Aia hoi, e hapai ana kekahi wahine puupaa, a e hanau mai ia i keikikane, a e kapaia kona inoa o Emanuela; o ke ano keia, o ke Akua me kakou.
၂၃ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
24 A ala ae la o Iosepa mai ka hiamoe ana, hana aku la ia e like me ka ka anela a ka Haku i kauoha mai ai ia ia, a lawe mai la ia i kana wahine;
၂၄သို့ဖြစ်၍ယောသပ်သည်အိပ်ပျော်ရာမှနိုးသော အခါ ထာဝရဘုရား၏ကောင်းကင်တမန်အမိန့် ရှိခဲ့သည့်အတိုင်း မာရိအားမိမိဇနီးအဖြစ် သိမ်းပိုက်လေ၏။-
25 Aole nae i moe aku ia ia, a hiki i ka wa i hanau ai oia i kana makahiapo kane, a kapa aku la ia i kona inoa o IESU.
၂၅သို့ရာတွင်သားယောက်ျားဖွားမြင်သည်တိုင်အောင် မာရိနှင့်ပေါင်းသင်းနေထိုင်မှုကိုမပြုဘဲနေ၏။ ထိုသားကိုယေရှုဟုနာမည်မှည့်လေ၏။