< Oihanakahuna 6 >
1 OLELO mai la hoi o Iehova ia Mose i mai la,
၁တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 Ina e lawehala kekahi uhane a e hana hewa ia Iehova, a e hoopunipuni i kona hoalauna i ka mea i haawiia ia ia e malama, a i ka hoolimalima paha, a i ka mea kaili wale ia paha, a na hoopunipuni oia i kona hoalauna;
၂တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
3 A ina i loaa ia ia kekahi mea haule, a hoopunipuni oia no ia mea, a hoohiki wahahee hoi; i kahi o neia mau mea a pau a ke kanaka i hana'i, a hewa ilaila:
၃ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4 Penei hoi ia, no ka mea ua lawehala ia, a ua hewa, e hoihoi aku no ia i ka mea ana e kaili wale ai, a i ka mea i loaa ia ia ma ka wahahee, a i ka mea i haawiia ia ia e malama, a i ka mea haute paha i loaa ia ia;
၄ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
5 A i kela mea keia mea ana i hoohiki wahahee ai, e hoihoi okoa aku no oia ia i kona kino, a e hui i ka hapa lima hou me ia, a e haawi aku i ka mea nana ia, i ka la o kona mohaihala.
၅မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
6 A e lawe mai oia i kona mohaihala ia Iehova, he hipakane kina ole noloko mai o ka ohana, me kau mea i manao ai, i mohaihala, i ke kahuna.
၆ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
7 A e hana ke kahuna i kalahala nona, ma ke alo o Iehova, a e kalaia no ia, no ka mea ana i hana'i, i ka mea i hewa'i.
၇ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
8 Olelo mai la o Iehova ia Mose, i mai la,
၈တဖန်မောရှေအား ထာဝရဘုရားက၊
9 E kauoha ia Aarona a me kana mau keiki, e i aku, Eia ke kanawai o ka mohaikuni; he mohaikuni no ia no ka aa ana o ke ahi ma ke kuahu a pau ka po, a kakahiaka, e aa ana hoi ke ahi kuahu ilaila.
၉သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
10 E komo hoi ke kahuna i kona kapa olona, a komo no kona lole wawae olona i kona io, a e hao ia i ka lehu i pau i ke ahi me ka mohai, maluna o ke kuahu, a e waiho iho ma ka aoao o ke kuahu.
၁၀ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
11 A e hemo ia ia koua mau kapa, a e komo hou i kekahi mau kapa okoa, a e lawe aku i ka lehu mawaho o kahi hoomoana'i a kahi maemae.
၁၁တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
12 A o ke ahi maluna o ke kuahu e aa mau no ia malaila, aole e kinaiia ia; a e puhi ke kahuna i ka wahie maluna, i kela kakahiaka i keia kakahiaka, a e kau pono i ka mohaikuni maluna ona; a e kuni hoi oia maluna iho i ka momona o na mohaihoomalu.
၁၂ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။
13 E aa mau no ke ahi ma ke kuahu, aole loa e pio.
၁၃ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
14 Eia hoi ke kanawai o ka mohaiai; e mohai aku no na keiki a Aarona ia ma ke alo o Iehova imua o ke kuahu.
၁၄ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
15 A e lalau oia a piha kona lima i ka palaoa o ka mohaiai a i kona aila, a i kona libano a pau e kau ana maluna o ka mohaiai, a e kuni aku hoi ia he mea ala ono, o kona mea hoomanao ia Iehova.
၁၅ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
16 A o ke koena o ia mea, na Aarona ia a me kana mau keiki e ai: me ka berena hu ole e aiia'i ia ma kahi hoano; ma ka pa o ka halelewa o ke anaina e ai ai lakou ia mea.
၁၆ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။
17 Aole ia e moa me ka hu: ua haawi aku wau ia he kuleana no lakou noloko o kuu mau mahaipuhi; he mea hoano loa, e like me ka mohailawehala a me ka mohaihala.
၁၇ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
18 E ai na kane o ka Aarona mau keiki a pau ia mea: he kanawai mau ia i ko oukou hanauna, no na mohaipuhi ia Iehova; o ka mea e hoopa ia mau mea, e hoano ia.
၁၈အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
19 Olelo mai la hoi o Iehova ia Mose, i mai la;
၁၉တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
20 Eia ka mohai a Aarona a me kana mau keiki, a lakou e mohai aku ai ia Iehova i ka la i poniia'i oia, o ka hapaumi o ka epa palaoa wali, e mohai mau ai, o ka hapalua ona i ke kakahiaka, a o ka hapalua ona i ke ahiahi.
၂၀အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။
21 Ma ke pa e hanaia'i ia me ka aila; a moa, e lawe mai oe ia, a o na apana moa, o ka mohaiai kau e mohai ai i mea ala ono ia Iehova.
၂၁ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
22 A o ke kahuna no na keiki mai ana i poniia no kona wahi, oia ka mea nana ia e mohai aku: ke kanawai mau ia no Iehova, e pau loa ia i ke ahi.
၂၂အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။
23 O na mohaiai a pau no ke kahuna e pau no ia i ke ahi; aole e aiia.
၂၃ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏
24 A ua olelo mai la o Iehova ia Mose, i mai la,
၂၄တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
25 E olelo aku oe ia Aarona a me kana mau keiki, penei, Eia ke kanawai o ka mohailawehala; ma kahi i pepehiia'i ka mohaikuni, malaila e pepehiia'i ka mohailawehala, ma ke alo o Iehova; he mea hoano loa ia.
၂၅သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
26 O ke kahuna nana ia i mohai aku, oia ke ai ia mea; ma kahi hoano no ia e aiia'i, maloko o ka pa o ka halelewa o ke anaina.
၂၆အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။
27 O ka mea nana e hoopa aku i ka io ona, e hoano no ia: a ina e pipiia ke koko ona ma ke kapakomo, e holoi ae oe i ka mem i pipiia'i ia, ma kahi hoano.
၂၇ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
28 Aka o ka ipu lepo i hoolapalapaia'i ia, e wawahiia ia; a ina he ipu keleawe i hoolapalapaia'i ia, alaila e anaiia ia a e holoiia me ka wai.
၂၈ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။
29 E ai na kane a pau iwaena o na kahuna ia mea; he mea hoano loa no ia.
၂၉ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။
30 A o ka mohailawehala, i laweia kona koko iloko o ka halelewa o ke anaina, e hoolaulea ma kahi hoano, aole ia e aiia, e hoopauia ia i ke ahi.
၃၀အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီးရှို့ရမည်။