< Oihanakahuna 22 >

1 OLELO mai la hoi o Iehova ia Mose, i mai la,
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
2 E olelo aku ia Aarona, a i kana mau keiki, e hookaawale lakou ia lakou iho mai na mea hoano o na mamo a Iseraela, i ole ai lakou e hoino mai i ko'u inoa hoano i na mea a lakou i hoano mai ai no'u; owau no Iehova.
အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။
3 E olelo aku ia lakou, O ka mea o ka oukou mau keiki a pau iwaena o ko oukou mau hanauna, e hele i na mea hoano a na mamo a Iseraela i hoolaa aku ai ia Iehova, me kona haumia maluna ona, e okiia'ku oia mai ko'u alo aku: owau no Iehova.
ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
4 O kela kanaka, keia kanaka he keiki a Aarona, he lepero, a he hilo kahe kona; aole ia e ai i na mea hoano a hiki i kona maemae ana. A o ke kanaka hoopa aku i ka mea haumia no ka mea make, a o ke kanaka ua hele aku kona anoano mai ona aku;
နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-
5 A o ke kanaka hoopa aku i ka mea kolo e haumia ai, a i ke kanaka paha e haumia ai, o kela haumia keia haumia kona;
ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊-
6 O ke kanaka i pa aku i kekahi o ia mau mea, e haumia no ia a hiki i ke ahiahi, aole ia e ai i na mea hoano, ke holoi ole oia i kona io i ka wai.
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။
7 A napoo ka la, e maemae no ia, a mahope iho e ai no oia i na mea hoano; no ka mea, o kana ai no ia.
နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။
8 O ka mea make wale, a o ka mea i nahaeia, aole oia e ai ia, e hoohauraia'i ia ia iho: owau no Iehova.
အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။
9 E malama hoi lakou i ka'u oihana, o hooili lakou i ka hewa maluna ona, a make, ke hoohaumia Iakou ia mea: na'u ua Iehova lakou e hoano nei.
ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။
10 Aole e ai ka malihini i ka mea hoano; o ko ke kahuna mea e noho malihini mai, a o ke kauwa hoolimalima, aole no e ai i ka mea hoano.
၁၀တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည် မစားရ။ သူငှါးလည်း မစားရ။
11 Aka ina e kuai ke kahuna i ke kanaka me kana kala, e ai no oia ia, a me ka mea i hanau maloko o kona hale; o lakou ke ai i kana ai.
၁၁ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။
12 Ina e mare ke kaikamahine a ke kahuna i ka malihini, aole oia e ai i ka alana o na mea hoano.
၁၂ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။
13 Aka ina he wahinekanemake ke kaikamahine a ke kahuna, a ua hemo paha me ke keiki ole, a ua hoi mai i ka hale o kona makuakane, e like me kona wa kamalii, e ai no oia i ka ai a kona makuakane; aka aole ka malihini e ai ia mea.
၁၃သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။
14 A ina e ai ke kanaka i ka mea hoano, me ka ike ole, alaila e hui aku oia i ka hapa lima me ia, a e haawi aku i ke kahuna me ka mea hoano.
၁၄လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
15 Aole lakou e hoohaumia i ka na mamo a Iseraela mau mea hoano a lakou i hoolaa ai ia Iehova:
၁၅ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
16 Aole hoi e waiho aku maluna o lakou i ka hewa o ka lawehala ana, i ka lakou ai ana i na mea hoano; no ka mea, na'u na Iehova lakou e hoano nei.
၁၆ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
17 Olelo mai la hoi o Iehova ia Mose, penei,
၁၇တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊-
18 E olelo aku oe ia Aarona, a i kana mau keiki, a i na mamo a pau a Iseraela, a e i aku ia lakou, O kela kanaka keia kanaka o ka ohana o Iseraela, a o na malihini iloko o ka Iseraela, nana e kaumaha i kona mohai no kona hoohiki ana a pau, a no kana mau alana na kona makemake, ka mea a lakou e kaumaha'i ia Iehova, imohaikuni:
၁၈ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-
19 Na ko oukou makemake iho, i ke kane kina ole o na bipi, o na hipa, a o na kao.
၁၉စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။
20 O ka mea kina, aole oukou e kaumaha ia; no ka mea, aole ia e maliuia no oukou.
၂၀အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
21 A o ke kanaka nana e kaumaha i ka alana o na mahaihoomalu ia Iehova, e hooko ai i kana i hoohiki ai, a ina he mohai na kona makemake, o na bipi, a o na hipa paha, e hemolele ia e maliuia'i: aole aku kina iloko ona.
၂၁သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
22 O ka makapaa, o ka oopa, a he puu kona, he puupuu, he kakio, aole oukou e kaumaha ia mau mea ia Iehova, aole hoi e hoolilo ia mau mea i mohai e kaumahaia ma ke ahi maluna o ke kuahu ia Iehova.
၂၂မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။
23 O ka bipikane, a o ka hipakeiki, he oi aku ko ka lala ona, he hemahema paha, e hiki no ke kaumaha oe ia i mohai na kou makemake no; aka no ka hoohiki ana aole e maliuia'ku ia.
၂၃သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
24 O ka mea i pepeia, a i paopaoia, a uhaeia, a i poaia, aole oukou e kaumaha ia mea ia Iehova, aole oukou e hana ma ko oukou aina.
၂၄ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။
25 Aole hoi noloko mai a ko ka malihini lima, e kaumaha ai oukou i ka berena a ko oukou Akua, no keia mau mea; no ka mea, iloko o lakou ko lakou popopo, he mau kina iloko o lakou; aole e maliuia no oukou.
၂၅ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
26 Olelo mai la hoi o Iehova ia Mose, i mai la,
၂၆တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
27 Aia hanau ka bipikane, a he hipa paha, a he kao paha, alaila e noho ia malalo iho o ka makua, i na la ehiku; a mai ka walu o ka la, a mahope aku e maliuia'i ia i mohai puhi no Iehova.
၂၇သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့်၏။
28 Ina he bipiwahine, a he hipawahine paha, aole oukou e pepehi pu ia mea me kana keiki i ka la hookahi.
၂၈နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။-
29 Aia kaumaha aku oukou i ka mohai aloha ia Iehova, e kaumaha oukou ia ua ko oukou makemake no.
၂၉ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။ တနေ့ခြင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
30 Ia la hookahi no, e aiia ia, aole e hookoe oukou i kauwahi ona a ao ae: owau no Iehova.
၃၀သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
31 Nolaila e malama oukou i ka'u mau kauoha, a e hana ma ia mau mea: owau no Iehova.
၃၁သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။
32 Aole hoi oukou e hoino i ko'u inoa hoano; e hoanoia no wau iwaena o na mamo a Iseraela; owau no Iehova nana oukou e hoano nei,
၃၂ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
33 Nana hoi oukoa i lawe mai mai ka aina o Aigupita mai i Akua au no oukou: owau no Iehova.
၃၃

< Oihanakahuna 22 >