< Iosua 24 >

1 A LAILA, hoiliili mai la o Iosua i na ohana a pau a Iseraela ma Sekema, a kahea aku la oia i na lunakahiko a Iseraela, a me ko lakou alii, a me ko lakou lunakanawai, a me ka poe luna o lakou; a noho iho la lakou imua o ke alo o ke Akua.
တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
2 Olelo mai la o Iosua i na kanaka a pau, Ke i mai nei o Iehova, ke Akua o Iseraela penei, Ua noho no ko oukou kupuna ma kela kapa o ka muliwai, i ka wa kahiko, o Tera ka makuakane o Aberahama, o ka makuakane hoi o Nahora; a malama no lakou i na'kua e.
ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ် တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ၌ မြစ်ကြီးတဘက်မှာနေ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ၏။
3 A lawe au i ko oukou kupuna ia Aberahama, mai kela kapa ae o ka muliwai, a alakai au ia ia i na aina a pau o Kanaana nei, a hoonui i kona hua, a haawi no au ia Isaaka nana.
သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကို ပေး၏။
4 A haawi au na Isaaka ia Iakoba a me Esau: a haawi au na Esau i ka mauna o Seira, i wahi e noho ai nona; aka, o Iakoba a me kana mau keiki, hele lakou ilalo i Aigupita.
ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။
5 Hoouna aku au ia Mose, a me Aarona, a hoomainoino au ia Aigupita, ma ka mea a'u i hana'i mawaena o lakou; a mahope iho, lawe mai au ia oukou mawaho.
မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူ တို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။
6 A lawe mai no au i ko oukou poe makua, mai Aigupita mai; a hele mai lakou e hiki i ke kai, a hahai mai ka poe Aigupita mahope o ko oukou poe makua, me na halekaa, a me ko lakou poe hololio, a hiki i ke Kaiula.
ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင် လယ်တိုင်အောင် လိုက်ကြ၏။
7 A kahea lakou ia Iehova, alaila, kau oia i ka poeleele mawaena o oukou a me ko Aigupita, hoopopoi mai oia i ke kai, a uhi mai maluna o lakou. Pela no i ike ai ko oukou mau maka i na mea a pau a'u i hana'i i ko Aigupita: a ua noho oukou ma ka waonahele, i na la he nui loa.
ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့ နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြု သောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌ လည်း ကာလကြာမြင့်စွာနေရကြ၏။
8 A ua alakai mai nei au ia oukou i ka aina o ka Amora, ka poe i noho ma kela kapa o Ioredane, a kaua mai lakou ia oukou; aka, haawi no wau ia lakou iloko o ko oukou mau lima, a noho oukou ma ko lakou aina; a luku aku la au ia lakou imua o oukou.
နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက်၌နေ သော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။
9 Alaila ku iluna o Balaka, ke keiki a Zipora, o ke alii o Moaba, a kaua mai oia i ka Iseraela, a hoouna aku la oia, a kahea aku la ia Balaama, i ke keiki a Beora e olelo hoino ia oukou.
မောဘရှင်ဘုရင် ဇိဖေါ်၏သား ဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ၊ ဗောရ၏သား ဗာလမ်ကို ခေါ်သော အခါ၊
10 Aka, aole au i makemake e hoolohe ia Balaama; no ia mea, hoomaikai mai oia ia oukou, a hoopakele au ia oukou, mai kona lima aku.
၁၀ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ ကို ငါကယ်လွှတ်လေ၏။
11 A hele mai oukou, maluna mai o Ioredane, a hiki i Ieriko; a kaua mai ka poe noho ma Ieriko ia oukou, a me ka Amora, a me ka Pereza, a me ko Kanaana: a me ka Heta, a me ka Giregasa, a me ka Heva, a me ka Iebusa; a haawi au ia lakou i ko oukou mau lima.
၁၁တဖန် သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက်၍ သူတို့ ကို သင်တို့လက်၌ ငါအပ်လေ၏။
12 A hoouna au imua o oukou i na nalohopeeha, a kipaku aku la au ia lakou, mai ko oukou alo aku, i na'lii elua o ka Amora; aole na ka oukou pahikaua, aole no hoi na ka oukou kakaka.
၁၂သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
13 A haawi au ia oukou i ka aina nona oukou i hooluhi ole ai, a me na kulanakauhale i kukulu ole ia'i e oukou, a ke noho nei oukou malaila; a ke ai nei oukou i kona malawaina, a me na mala oliva a oukou i kanu ole ai.
၁၃သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
14 Ano la, e makau oukou ia Iehova, a e malama ia ia, me ka manao maikai, a me ka oiaio; a e haalele oukou i na akua a ko oukou mau makua i malama'i, ma kela kapa aku o ka muliwai, a ma Aigupita; a e malama oukou ia Iehova.
၁၄ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူ ခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့။
15 A ina he mea ino i ko oukou manao ke malama ia Iehova, e koho oukou i keia la i ka oukou mea e malama aku ai; i na'kua paha a ko oukou poe kupuna i malama'i ma kela kapa aku o ka muliwai, i na'kua paha o ka Amora, no lakou no ka aina e noho nei oukou: aka, owau, a me ko ka hale o'u, e malama makou ia Iehova.
၁၅သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
16 Alaila, olelo aku la na kanaka, i mai la, Aole loa makou e haalele ia Iehova, a e malama i na akua e;
၁၆လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။
17 No ka mea, o Iehova, ko kakou Akua, oia no ka mea nana i lawe mai ia kakou, a me ko kakou poe makua mai ka aina o Aigupita mai, mailoko mai hoi o ka hale hooluhi; ka mea nana i hana i na mea nui imua o ko kakou mau maka, a malama mai oia ia kakou ma ke alanui a pau a kakou i hele mai ai, a mawaena o na kanaka a pau ma kahi a kakou i hele ai.
၁၇ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ။
18 A na Iehova no i kipaku aku, mai ko kakou alo aku i na kanaka a pau, i ka Amora, i noho i ka aina; ano la e malama kakou ia Iehova, no ka mea, oia no ko kakou Akua.
၁၈ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသော သူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော် မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
19 A olelo mai la o Iosua i na kanaka, Aole hiki ia oukou ke malama ia Iehova, no ka mea, he Akua ihiihi oia, he Akua lili no hoi; aole e kala mai oia i ko oukou hala, a me ko oukou hewa.
၁၉ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။
20 No ka mea, ina e haalele oukou ia Iehova, a e malama i na'kua o, alaila e huli oia a e hoino mai oia ia oukou, a e hoopau oia ia oukou mahope iho o kona lokomaikai ana mai ia oukou.
၂၀သင်တို့သည် ထာဝရဘုရားကို စွန့်၍ တကျွန်း တနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော် မူပြီးမှ တဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆို လျှင်၊
21 Alaila, olelo aku la na kanaka ia Iosua, Aole loa pela, no ka mea, e malama aku no makou ia Iehova.
၂၁လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။
22 Olelo mai la o Iosua i na kanaka, He poe hoike oukou no oukou iho, ua koho oukou ia Iehova no oukou, e malama aku ia ia. Olelo aku la lakou, He poe hoike no makou.
၂၂ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံ ကြပါ၏ဟု လျှောက်ကြသော်၊
23 Ano la, e kipaku oukou i na akua e, mai ko oukou alo aku, a e hoopili oukou me ko oukou naau ia Iehova i ke Akua o ka Iseraela.
၂၃ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ၏။
24 Olelo aku la na kanaka ia Iosua, O Iehova, o ko kakou Akua, o ka makou ia e malama aku ai, a o kona leo ka makou e hoolohe aku ai.
၂၄လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ၊
25 A hana iho la o Iosua i berita me na kanaka i kela la, a waiho oia no lakou i ke kanawai a me ke kapu ma Sekema.
၂၅ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။
26 A kakau iho la o Iosua i keia mau olelo maloko o ka buke o ke kanawai o ke Akua, a lawe no hoi oia i pohaku nui, a kukulu iho la i ua pohaku la malaila, ma ka laau e kokoke ana i ka halelewa o Iehova.
၂၆ထိုစကားကိုလည်း ဘုရားသခင်၏ ဓမ္မကျမ်းစာ ၌ ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော် နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊
27 Olelo aku la o Iosua i na kanaka a pau, Eia hoi keia pohaku, oia ko kakou mea hoike; no ka mea, ua lohe ia mea i na olelo a pau a Iehova, ana i kauoha mai ai ia kakou; a he mea hoike no ia no oukou, o hoole oukou i ke Akua.
၂၇ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရ လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံ ကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆို ပြီးမှ၊
28 A hookuu aku la o Iosua i ka poe kanaka, i kela kanaka i keia kanaka i kona aina.
၂၈အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွား ရသောအခွင့်ကို ပေးလေ၏။
29 Mahope iho o keia mau mea, make iho la o Iosua, ke keiki a Nuna, ke kauwa a Iehova, a o kona mau la a pau, hookahi ia haneri makahiki a me ka umi keu.
၂၉ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ၏။
30 A kanu iho la lakou ia ia ma ke kihi o kona aina, ma Timenasera, ma ka puu o Eperaima, ma ke kukulu akau o ka puu o Gaasa.
၃၀ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
31 A malama no ka Iseraela ia Iehova i na la a pau o Iosua, a i na la a pau o na lunakahiko, i ola mahope iho o Iosua, ka poe i ike i na mea a pau a Iehova i hana mai ai i ka Iseraela.
၃၁ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကို သိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေး သော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရား ကို ဝတ်ပြုကြ၏။
32 A o na iwi o Iosepa a na mamo a Iseraela i lawe mai ai, mai Aigupita mai, kanu iho la lakou ia mea ma Sekema, i kahi ma ke kula a Iakoba i kuai ai me na keiki a Hamora, ka makua o Sekema, i na moni hookahi haneri; a ili mai no ia no na keiki a Iosepa.
၃၂ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ် သော ရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေ အကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။
33 A make o Eleazara ke keiki a Aarona; a kanu iho la lakou ia ia ma ka puu o Pinehasa o kana keiki, i haawiia mai nona ma ka mauna o Eperaima.
၃၃အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည် လည်း အနိစ္စရောက်လေ၏။ သူ၏သား ဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။

< Iosua 24 >