< Iosua 23 >
1 MAHOPE loa mai o ka hoomaha ana o Iehova i ka Iseraela, mai ko lakou mau enemi a pau, i puni ia lakou, ua elemakule loa o Iosua, ua nui no hoi kona mau la.
၁ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
2 Houluulu ae la o Iosua i ka Iseraela a pau, i ko lakou mau lunakahiko a me ko lakou mau alii, a me ko lakou mau lunakanawai, a me ka poe luna o lakou, a olelo aku la oia ia lakou, Ua elemakule au, a ua nui no hoi ko'u mau la.
၂ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
3 A o oukou hoi, ua ike oukou i na mea a pau i hana mai ai o Iehova, ko oukou Akua i keia mau lahuikanaka a pau imua o oukou; no ka mea, o Iehova, ko oukou Akua ua kaua aku oia no oukou.
၃သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
4 Aia hoi, ua hailona au no oukou i ko na lahuikanaka i koe, a me na lahuikanaka a pau a'u i anai aku ai mai Ioredane a hiki i ka moana nui, ma ke komohana o ka la, i mea hooili no ko oukou ohana.
၄ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
5 Na Iehova, na ko oukou Akua, e kipaku ia lakou, mai ko oukou alo aku, a e hoonalowale ia lakou imua o oukou; a e hooili mai i ko lakou aina no oukou, e like me ka olelo a Iehova, ko oukou Akua i olelo mai ai ia oukou.
၅သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
6 E hooikaika oukou e malama a e hana i na mea a pau i kakauia iloko o ka buke o ko kanawai o Mose. Mai huli oukou mai ia mea aku ma ka lima akau, aole hoi ma ka lima hema.
၆သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
7 Mai hele pu oukou me keia mau lahuikanaka, i ka poe i koe, mawaena o oukou; mai hoohiki hoi i ka inoa o ko lakou mau akua, aole hoi e hoohiki ma o lakou la: mai malama ia lakou, aole hoi e kulou oukou ia lakou:
၇သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
8 Aka, e hoopili aku oukou ia Iehova, i ko oukou Akua, e like me ka oukou hana ana a hiki i keia la.
၈ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
9 No ka mea, ua kipaku o Iehova mai ko oukou alo aku, i na lahuikanaka nui, a ikaika: a o oukou hoi, aole kanaka i ku imua o ko oukou alo a hiki wale mai i keia la.
၉အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
10 Hookahi kanaka o oukou e alualu aku i ke tausani hookahi; no ka mea, o Iehova, ko oukou Akua, oia no ka mea nana e kaua aku no oukou, e like me kana elele mua ana mai ia oukou.
၁၀သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
11 E malama pono oukou ia oukou iho, e aloha aku ai ia Iehova i ko oukou Akua.
၁၁သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
12 No ka mea, ina e hoi hope iki oukou, a e hoopili i na lahuikanaka i koe e noho ana mawaena o oukou, a e mare pu me lakou, a hele iloko io lakou la, a hoi lakou iloko io oukou nei;
၁၂သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
13 E ike pono oukou, aole e kipaku hou aku o Iehova, ko oukou Akua i keia mau lahuikanaka, mai ko oukou alo aku; aka, e lilo lakou i mau pahele no oukou, a he mea upiki, a he mea hahau ma ko oukou mau aoao, a i mea ooi ma ko oukou mau maka, a make wale oukou, mai keia aina maikai aku a Iehova ko oukou Akua i haawi mai ai no oukou.
၁၃သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
14 Aia hoi, i keia la, e hele ana au ma ka aoao o ko ka honua a pau; a ua ike hoi oukou ma ko oukou naau a pau, a me ko oukou uhane a pau, aole i haule ka mea hookahi o na olelo maikai a pau a Iehova ko oukou Akua i olelo mai ai ia oukou, aka, ua ko io ia oukou na mea a pau, aole i haule ka mea hookahi.
၁၄ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
15 A e like me ka hiki ana mai ia oukou na mea maikai a pau a Iehova ko oukou Akua i olelo mai ai ia oukou; pela no e hoouka mai ai o Iehova i na mea ino a pau maluna o oukou, a hiki i kona hoopau ana mai ia oukou, mai keia aina maikai aku, a Iehova ko oukou Akua i haawi mai ai no oukou.
၁၅သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
16 Aia haihai oukou i ka berita a Iehova ko oukou Akua, i ka mea ana i kauoha mai ai ia oukou, a e hele oukou, a e malama aku i na 'kua e, a e kulou hoi ia lakou; alaila e a mai no ka huhu o Iehova ia oukou, a e make koke auanei, mai ka aina maikai aku, ana i haawi mai ai no oukou.
၁၆သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။