< Iosua 15 >
1 EIA ke kuleana o ka ohana a Iuda e like me ko lakou poe ohua, a hiki i ka mokuna o Edoma: o ka waoakua o Zina ma ka hema, oia ka welau o ko lakou aoao hema.
၁ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊
2 A o ko lakou mokuna hema, aia mai kahakai o ka moanakai, mai ke kaikuono hoi e oi ana i ka hema.
၂တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
3 A moe ae la ma ka aoao hema i Maaleakerabima, a hele ae la i Zina, a pii ae iluna ma ka hema i Kadesabanea, a hiki ae la i Hezerona, a pii hou iluna i Adara a puni i Karekaa:
၃တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊
4 A malaila ae a i Azemona, a hele aku i ka muliwai o Aigupita; a o na welau o ia aina aia ma ke kai. Oia ko lakou aoao hema.
၄အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
5 A o ka aoao hikina, o ka moanakai no ia a hiki i ka nuku o Ioredane; a o ka mokuna ma ka aoao akau, aia mai ke kaikuono o ke kai ma ka nuku o Ioredane.
၅အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက်၍၊
6 A ua pii iluna ka mokuna i Betehogala, a hele ia ma ka akau ae o Betearaba, a pii ae la ia aoao i ka pohaku o Bohana ke keiki a Renbena.
၆ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့ ၎င်း ရောက်လေ၏။
7 Pii ae la ka mokuna ia Debira, mai ke awawa o Akora mai, ma ka akau imua o Gilegala, ma kahi e pii ai i Adumima, ma ka aoao hema o ka muliwai; a moe ae la ka mokuna i ka wai o Enesemesa, a o kona welau aia ma Enerogela.
၇အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာ သို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
8 Pii ae la hoi ka mokuna ma ke awawa o ke keiki a Hinoma, ma ka aoao hema o ka poe Iebusi, oia o Ierusalema; a ua pii ka mokuna i ka piko o ka mauna, aia imua o ke awawa o Hinoma ma ke komohana, ma ka welau o ke awawa o ka poe Repaima ma ka akau.
၈ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
9 Ua hoailonaia ka mokuna mai ka piko o ka mauna a hiki i ka punawai Nepetoa, a malaila aku a hiki i na kulanakauhale o ka mauna o Eperona; a ua hoailonaia ka mokuna ma Baala, oia o Kiriarima.
၉ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
10 Ua huli ka mokuna mai Baala ma ke komohana a i ka mauna o Seira, a moe ae la ia ma ka aoao o ka mauna Iearima, oia o Kesalona, ma ka aoao akau, a iho ilalo i Betesemesa, a moe ae i Timena.
၁၀ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊
11 Ua moe ae la ka mokuna ma ka aoao o Ekerona ma ka akau; a ua hoailonaia ka mokuna ma Sikerona, a moe ae la i ka mauna o Baala, a malaila ae i Iabenela; a o kona welau aia ma ke kai.
၁၁ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။
12 A o kona aoao komohana aia ma ke kai nui, a me kona kahakai. Oia ka mokuna o ka poe mamo a Iuda a puni e like me ko lakou poe ohua.
၁၂အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13 A ia Kaleba ke keiki a Iepune haawi oia i hooilina iwaena o ka poe mamo a Iuda, e like me ke kauoha a Iehova ia Iosua, ia Kiriatareba, oia ka makua o Anaka, o Heberona no ia.
၁၃ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။
14 Ua kipaku aku o Kaleba i na keikikane ekolu a Anaka, ia Sesai a me Ahimana, a me Talemai, ka poe i hanau na Anaka.
၁၄ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
15 Pii aku la ia mailaila aku a i Debira, a o ka inoa o Debira mamua o Kiriatesepera.
၁၅ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16 Olelo aku la o Kaleba, O ka mea nana e pepehi ia Kiriatesepera, a hoopio iho ia wahi, na'u no e haawi ia Akesa i ka'u kaikamahine i wahine nana.
၁၆ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17 Na Oteniela, ke keiki a Kenaze, ke kaikaina o Kaleba i hoopio aku ia wahi; a haawi aku la oia ia Akesa i kana kaikamahine i wahine nana.
၁၇ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18 A i kona hele ana io na la, koi ae la oia ia ia e noi aku i kona makuakane i aina. A iho iho la ia mai luna mai o kona hoki. Ninau ae la o Kaleba ia ia, Heaha kau?
၁၈ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊
19 I mai la kela, E haawi mai ia'u i mea e pomaikai ai. No ka mea, ua haawi mai oe ia'u i ka aina ma ke kukulu hema; e haawi mai no hoi oe i na kumuwai. A haawi mai la o Kaleba i na kumuwai luna, a me na kumuwai lalo.
၁၉သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။
20 Eia ka hooilina o ka ohana a Iuda mamuli o ko lakou poe ohua.
၂၀ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
21 O na kulanakauhale ma ka welau o ka ohana a Iuda e pili ana i ka mokuna o Edoma ma ka hema, o Kabezeela, a me Edera, a me Iagura,
၂၁ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊
22 O Kina, a me Dimona a me Adada,
၂၂ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
23 O Kedesa a me Hazora a me Itanana,
၂၃ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
24 O Zipa, a me Telema a me Bealota,
၂၄ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
25 O Hazora a me Hadata, a me Keriota a me Hezerona oia o Hazora,
၂၅ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့၊
26 O Amama a me Sema a me Molada,
၂၆အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
27 O Hazoragada a me Hesemona, a me Betepaleta,
၂၇ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
28 A me Hazarasuala a me Beeraseba a me Biziotia,
၂၈ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊
29 O Baala a me Iima, a me Azema,
၂၉ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
30 Eletolada a me Kisila, a me Horema,
၃၀ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
31 O Zikelaga, a me Mademana, a me Sanesana,
၃၁ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
32 O Lebaota a me Silihima, a me Aina a me Rimona; o na kulanakauhale a pau he iwakalua lakou a me kumamaiwa, a me ko lakou mau kauhale.
၃၂လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန် မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း။
33 A ma ke awawa, o Asetaola a me Zorea, a me Asena,
၃၃ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊
34 O Zanoa a me Eneganima, a me Tapua a me Enama,
၃၄ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
35 O Iaremuta a me Adulama, a me Soko a me Azeka,
၃၅ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊
36 O Saraima a me Aditaima a me Gidera, a me Gederotaima; na kulanakauhale he umikumamaha, a me ko lakou mau kauhale.
၃၆ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရော သိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
37 O Zenana, a me Hadasa, a me Migedalagada,
၃၇ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
38 O Dileana, a me Mizepa, a me Ioketeela,
၃၈ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
39 O Lakisa, a me Bozekata, a me Egelona,
၃၉လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
40 O Kabona a me Lahemama, a me Ketilisa,
၄၀ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
41 O Gederota, a me Betedagona, a me Naama, a me Makeda; he umikumamaono kulanakauhale, a me ko lakou mau kauhale.
၄၁ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
42 O Libena, a me Etera, a me Asana,
၄၂ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
43 Iipeta, a me Asena, a me Neziba,
၄၃ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
44 O Keila, a me Akiziba, a me Maresa, eiwa kulanakauhale, a me ko lakou mau kauhale.
၄၄ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
45 Ekerona a me kona mau kulanakauhale a me na kauhale.
၄၅ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
46 Mai Ekerona aku a hiki i ke kai, o na mea a pau e pili ana ia Asedoda, a me kona mau kauhale.
၄၆ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊
47 O Asedoda a me kona mau kulanakauhale, a me kona mau kauhale; o Gaza a me kona mau kulanakauhale, a me kona mau kauhale, a hiki i ka muliwai o Aigupita, a me ke kai nui, a me kona mokuna.
၄၇အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊
48 A ma ka mauna, o Samira, a me Iatira, a me Soko,
၄၈တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စော ခေါမြို့၊
49 O Dana, a me Kiriatasaua, oia o Debira,
၄၉ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္န မြို့၊
50 O Anaba, a me Asetemo, a me Anima,
၅၀အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
51 O Gosena, a me Holona, a me Gilo; he umikumamakahi kulanakauhale, a me ko lakou mau kauhale.
၅၁ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။
52 O Araba, a me Duma, a me Eseana,
၅၂အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
53 O Ianuma, a me Betetapua, a me Apeka,
၅၃ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
54 O Humeta, a me Kiriatareba, oia o Heberona, a me Ziora: eiwa kulanakauhale, a me ko lakou mau kauhale.
၅၄ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
55 O Maoua, a me Karemela, a me Zipa, a me Iuta,
၅၅မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
56 O Iezereela, a me Iokedeama, a me Zanoa,
၅၆ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
57 O Kaina, o Gibea, a me Timena; he umi kulanakauhale, a me ko lakou mau kauhale.
၅၇ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
58 O Halehula, o Betezura, a me Gedora,
၅၈ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59 O Maarata, me Betanota, a me Eletekona; eono kulanakauhale, a me ko lakou mau kauhale.
၅၉မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။
60 O Kiriatabaala, o Kiriataierima no ia, a me Raba: elua kulanakauhale, a me ko lakou mau kauhale.
၆၀ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
61 Ma ka waonahele, o Betearaba, a me Midina a me Sekaka,
၆၁တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊
62 O Nibesana, a me ke kulanakauhale o Paakai, a me Enegedi: eono kulanakauhale, a me ko lakou mau kauhale.
၆၂နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။
63 A o ka poe Iebusi, ka poe i noho ma Ierusalema, aole i hiki i ka Iuda ke kipaku aku ia lakou; aka, ua noho pu no ka poe Iebusi me ka Iuda ma Ierusalema a hiki i keia la.
၆၃ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။