< Ioba 24 >

1 NO ka mea, aole i hoonaloia na manawa mai ka Mea mana aku, No ke aha la aole ka poe ike ia ia e noonoo i kona mau la?
အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
2 Hoonee aku lakou i na palena aina, A lawe wale aku lakou i ka poe hipa, a hanai aku ia lakou.
အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။
3 Alakai aku lakou i ka hokikane o ka poe makua ole; A lawe lakou i ka bipi a ka wahinekanemake i uku panai.
မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။
4 Ua kipaku lakou i ka poe nele mai ke ala aku; Pee pu aku la na ilihune o ka honua.
ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။
5 Aia hoi, me na hoki hihiu ma ka waonahele, hele aku lakou i ka lakou hana; E imi ana i ka mea pio; O ka waonahele oia ka ai na lakou, a na ka lakou poe keiki.
သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။
6 Ma ka mahinaai, oki kela mea keia mea i kana ai; A hoiliili lakou ma ka pawaina o ka mea hewa,
လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
7 Waiho lakou i ka poe olohelohe i moe lakou me ka kapa ole, Aohe mea uhi iloko o ke anu.
ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။
8 Ua pulu lakou i ka ua nui o oa mauna, A no ka hale ole, ua pili lakou i ka pohaku.
တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
9 Kaili lakou i ka mea makua ole mai ka u aku, A lawe lakou i ka aahu o ka ilihune i uku panei
အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
10 Hoohele lakou i ka mea olohelohe me ke kapa ole, A lawe aku lakou i ka poa palaoa mai ka pololi;
၁၀အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။
11 Kaomi lakou i ka aila mawaena o ko lakou meu papohaku, Hahi lakou i na wahi kaomi waina, a makewai lakou.
၁၁သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။
12 Kunukunu na kanaka mai ke kulanakauhale aku, A o ka naau i houia ke kahea aku; Aole ke Akua i manao mai i ka mea lapuwale,
၁၂လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
13 O lakou ka poe e kipi ana i ka malamalama, Aole lakou i ike i kona mau kuamoo, Aole lakou i nobo ma kona mau alanui.
၁၃အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။
14 I ka malamalama ala mai ka pepehi kanaka, A pepehi aku i ka poe ilihune a me ka poe nele, A i ka po ua like ia me ka aihue.
၁၄လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။
15 Ke kali ae la ka make o ka mea moe kolohe i ke ahiahi poeleele, I iho la, Aole e ike mai ka make ia'u; A kau i ka pale ma ka make.
၁၅သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။
16 I ka pouli wawahi lakou i na hale, I ke ao hoopaa lakou ia lakou iho iloko: Aole lakou i ike i ka malamalama.
၁၆လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။
17 No ka mea, o kakahiaka, ua like pu ia no lakou me ka malu make; Ina ikeia, ua kau mai na mea weliweli o ka malu make.
၁၇နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
18 Ua like lakou me ka mea mama maluna o ka wai; Ua hoinoia ko lakou kuleana ma ka honua; Aole lakou e huli ae ma ke ala o na pawaina,
၁၈ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
19 Na ka maloo a me ka wela e hoopau aku i na wai o ka hau; Pela no ka po i ka poe hana hewa. (Sheol h7585)
၁၉မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ (Sheol h7585)
20 E hoopoina ka opu ia ia; E ai wale ka ilo ia ia; Aole loa e hoomanaoia oia; A e haki ka mea hewa me he laau la.
၂၀သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
21 Hookaumaha oia i ka mea pa hanau ole, Aole ia i hana maikai aku i ka wahinekanemake,
၂၁မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။
22 Lawe aku no ia i ka poe alii ma kona ikaika; A ka mai oia, aohe malu ke ola o kekahi.
၂၂အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
23 Ina e haawiia none e maluhia, a e hilinai; Aka, o kona mau make aia maluna o ko lakou mau aoao.
၂၃သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
24 Ua hookiekieia lakou i ka wa pokole, Aka, oa ole lakou, a ua hoonalowaleia lakou; E like me na mea a pau, ua hoiia lakou, Ua okiia lakou e like me na piko huhui palaoa.
၂၄ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။
25 Ina i ole pela ano, Owai la ka mea e hoike mai, he hoopunipuni ka'u, A e hoolilo i ka'u olelo i mea ole?
၂၅သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

< Ioba 24 >