< Isaia 2 >
1 KA olelo i hoikeia mai ia Isaia, ke keiki a Amosa, no ka Iuda, a me ko Ierusalema.
၁ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊
2 E hiki mai no keia i na la mahope, E kukulu paa ia ka puu o ka hale o Iehova maluna o na mauna, A e hookiekieia maluna o na puu; A e holo no iloko ona na lahuikanaka a pau.
၂နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။
3 A e nui loa na kanaka e hele me ka olelo, E hele mai e pii kakou i ka mauna o Iehova, I ka hale hoi o ke Akua o Iakoba; Nana no e ao mai ia kakou i kona mau aoao, I hele ai kakou ma kona mau alanui. No ka mea, mai Ziona aku e laha aku ai ke kanawai, A o ka olelo a Iehova hoi, mai Ierusalema aku.
၃များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။
4 Nana no e hooponopono mawaena o ko na aina, E ao mai hoi i na lahuikanaka he nui loa. E kui lakou i ko lakou mau pahikaua i oo palau, A me ko lakou mau ihe hoi, i pahi paipai; Aole e hapai ko kekahi aina i ka pahikaua, e ka e i ko kekahi aina, Aole hoi lakou e ao hou i ke kaua.
၄ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။
5 E ko ka hale o Iehova, e hele mai, E hele kakou ma ka malamalama o Iehova.
၅အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
6 He oiaio no, ua haalele oe i kou poe kanaka, I ko ka hale hoi o Iakoba; No ka mea, ua piha lakou i na mea mai ka hikina mai, I ka poe nana ao, e like me ko Pilisetia: A launa no hoi lakou i na keiki a na malihini.
၆အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။
7 Ua piha ko lakou aina i ke kala, a me ke gula, Aole e pau i ka heluia ko lakou waiwai; Ua piha hoi ko lakou aina i na lio, Aole e pau i ka heluia na kaakaua o lakou.
၇သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။
8 Ua piha ko lakou aina i na'kua lapuwale; Kulou no lakou ilalo imua o ka hana a ko lakou mau lima, Imua hoi o ka mea a ko lakou mau manamana lima i hana'i.
၈သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။
9 Nolaila, e kulou no ke kanaka uuku, E hoohaahaaia no hoi ke kanaka nui; Aole nae oe e kala mai ia lakou.
၉ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
10 E komo oe iloko o ka pohaku, e pee hoi iloko o ka lepo, No ka makau ia Iehova, a no ka nani hoi o kona hanohano.
၁၀ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။
11 E kulou auanei na maka kiekie o kanaka, A e hoohaahaaia ko kanaka lana haakei, O Iehova wale no ke hookiekieia i kela la.
၁၁ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။
12 E kau mai no ka la o Iehova o na kaua, Maluna o na mea hanohano a kehakeha a pau, Maluna hoi o kela mea keia mea i hookiekieia, a e hoohaahaaia no oia;
၁၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
13 Maluna o na laau kedera a pau o Lebanona, na mea loloa a kiekie, A maluna hoi o na laau oka a pau o Basana;
၁၃ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊
14 Maluna o na kuahiwi kiekie a pau, A me na puu a pau i hookiekieia:
၁၄မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊
15 Maluna o na halekiai kiekie a pau, A me na pa kaua kiekie a pau:
၁၅မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊
16 Maluna o na moku a pau o Taresisa, A me na mea milimili a pau i mahaloia.
၁၆တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။
17 E kulou no ilalo ko ke kanaka haaheo, E hoohaahaaia hoi ka manao kiekie o ke kanaka; O Iehova wale no ke hookiekieia i kela la.
၁၇ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။
18 A e nalowale loa na akua lapuwale.
၁၈ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။
19 E komo hoi na kanaka iloko o na ana pohaku a me na lua o ka lepo, No ka makau ia Iehova, a no ka nani hoi o kona hanohano. Ia ia e ku ai iluna, e hoonaueue ai i ka honua.
၁၉ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။
20 Ia la la e kiola aku no ke kanaka i kona mau akua kala, A me kona mau akua gula, ana i hana'i i mea hoomana, E lilo i na iole a me na opeapea.
၂၀ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။
21 A hele lakou iloko o na ana pohaku, Iloko hoi o na lua ma ka pali paa, No ka makau ia Iehova, A no ka nani hoi o kona hanohano, Ia ia e ku ai iluna e hoonaueue ai i ka honua.
၂၁ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။
22 Mai hilinai aku oukou i ke kanaka, Nona ka hanu ma kona mau pukaihu, No ka mea, heaha ia, i manaoia'i oia?
၂၂နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။