< Kinohi 7 >

1 I MAI ia o Iehova ia Noa, E komo ae oe me kau ohana a pau iloko o ka halelana; no ka mea, o oe no o keia hanauna ka'u i ike ai, he pono imua o'u.
ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။
2 O na holoholona maemae a pau, e lawe pahiku aku oe ia lakou me oe, i ke Kane a me kana wahine; a o na holoholona maemae ole, e papalua he kane me kana wahine,
မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊
3 E pahikuia no hoi na manu o ka lewa, ke kane, ka wahine, e hoola i kumuhoolaha maluna o ka honua a pau.
မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။
4 No ka mea, ehiku la e koe, alaila e hooua iho ai au maluna o ka honua he kanaha la a me na po; a e luku ana au i na mea ola a pau a'u i hana'i, mai ke alo o ka honua aku.
အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
5 Hana iho la o Noa i na mea a pau a Iehova i kauoha mai ai ia ia.
မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
6 Eono haneri na makahiki o Noa i ka wa i hiki mai ai ke kaiakahinalii maluna o ka honua.
မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။
7 Komo aku la e Noa me na keikikane ana, a me kana wahine, a me na wahine a kana mau keikikane iloko o ka halelana, no ke kaiakahinalii.
ရေလွှမ်းမိုးခြင်းဘေးကြောင့်၊ နောဧသည် မိမိ သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်၍
8 O na holoholona maemae a me na holoholona maemae ole, a o na manu, a me na mea kolo a pau maluna o ka honua.
ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊
9 Komo papalua aku la lakou iloko io Noa la, ke kane, ka wahine, me ka ke Akua i kauoha mai ai ia Noa.
အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။
10 A hala ae la na la ehiku, hiki mai ke kaiakahinalii maluna o ka honua.
၁၀ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏။
11 I ka makahiki eono haneri o ko Noa ola ana, i ka lua o ka malama, a ma ka la umikumamahiku o ua malama la, ia la no, huahuai mai la na panawai a pau o ka hohonu nui, a hamarna ae la na puka wai o ka lani.
၁၁နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်၊
12 Hookahi kanaha la a me na po o ka ua ana maluna o ka honua.
၁၂အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။
13 Ia la hookahi no, komo ae la o Noa, a o Sema, a o Hama, a o Iapeta, na keikikane a Noa, a me ka wahine a Noa, a me na wahine ekolu a kana mau keikikane me lakou, iloko o ka halelana.
၁၃ထိုနေ့ရက်တွင်၊ နောဧနှင် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ၏။
14 O lakou me na holoholona hihiu a pau ma ko lakou ano iho, a me na holoholona laka a pau ma ko lakou ano iho, a me kela mea kolo keia mea kolo, e kolo ana maluna o ka honua ma kona ano iho, a me na manu a pau ma ko lakou ano iho, o na mea eheu a pau, o kela ano keia ano.
၁၄သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး၊
15 Komo papalua ae la lakou io Noa la iloko o ka halelana, o na mea io a pau e ha ana i ka hanu ola.
၁၅အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။
16 He kane he wahine o na mea io a pau ka poe i komo aku iloko, mo ka ke Akua i kauoha mai ai ia ia: a papani ae la o Iehova i ka puka mahope ona.
၁၆ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
17 Hookahi kanaha la o ke kaiakahinalii maluna o ka honua; mahuahua ae la ka wai, a hoolana ae la i ka halelana, a ua kaikaiia ae la ia maluna o ka honua.
၁၇ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။
18 Lanakila ae la ka wai a mahuahua loa ae la maluna o ka honua; a holo aku la ka halelana maluna o ka wai.
၁၈တဖန်ရေသည်အားကြီး၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။
19 Lanakila loa ae la ka wai maluna o ka honua; a uhiia ae la na kuahiwi kiekie a pau loa malalo o ka lani.
၁၉နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။
20 He umikumamalima na kubita o ke kiekie o ka wai maluna; a uhiia ae la na kuahiwi.
၂၀ရေမြုပ်သောတောင်တို့ အထက်၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
21 A make iho la na mea ola a pau i holo maluna o ka honua, o na manu, o na holoholona laka, o na holoholona hihiu, a o na mea kolo a pau e kolo ana maluna o ka honua, a me na kanaka a pau;
၂၁မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
22 O ka poe a pau nona ka hanu ola iloko o na puka ihu, o na mea a pau ma ka aina maloo, make iho la lakou.
၂၂အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။
23 A pau loa iho la na mea ola maluna o ka honua i ka make, o na kanaka, me na holoholona, a me na mea kolo, a me na manu o ka lewa; a ua hoopauia lakou mai ka honua aku: o Noa wale no ka i koe, a me ka poe me ia iloko o ka halelana.
၂၃မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှ စ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာကျန်ကြွင်းကြလေ၏။
24 A lanakila ae la ka wai maluna o ka honua, hookahi haneri na la a me kanalima.
၂၄ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ၏။

< Kinohi 7 >

The Great Flood
The Great Flood