< Kinohi 47 >

1 HELE ae la o Iosepa, hai aku la ia Parao, i aku la, Ua hiki mai nei ko'u makuakane a me ko'u poe hanauna, a me ka lakou hipa, a me ka lakou holoholona, a me ka lakou mea a pau, mai ka aina mai o Kanaana, aia hoi lakou ma ka aina, i Gosena.
ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား၍၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟု လျှောက်သဖြင့်၊
2 Lawe ae la ia i elima o kona poe hanauna, hoonoho iho la ia lakou imua o Parao.
အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ၏။
3 Olelo mai la o Parao i na hoahanau o Iosepa, Heaha ka oukou oihana? I mai la lakou ia Parao, He poe kahuhipa kau poe kauwa nei, o makou a me ko makou poe makua.
ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော် ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
4 I hou mai la lakou ia Parao, Ua hele mai nei makou e noho ma keia aina, no ka mea, aole ai na ka poe holoholona a kau poe kauwa, no ka nui o ka wi ma ka aina o Kanaana. No ia mea, ke noi aku nei makou ia oe, e noho makou ma ka aina i Gosena.
ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွား ကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက်ကြ၏။
5 A olelo mai la o Parao ia Iosepa, i mai la, Ua hiki mai iou la kou makuakane a me na hoahanau ou.
ဖါရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
6 O ka aina o Aigupita, eia no ia imua ou: i ka aina maikai nui, e hoonoho ai oe i kou makuakane a me na hoahanau ou: e noho iho lakou i ka aina o Gosena. A ina i ike oe i na kanaka akamai o lakou, e hoonoho oe ia lakou i mau kahu no ka'u poe holoholona,
အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ၏။ သင်၏ အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
7 Alakai mai la o Iosepa ia Iakoba i kona makuakane, a hoonoho mai la ia ia imua o Parao. Hoomaikai aku la o Iakoba ia Parao.
ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖါရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး၏။
8 Ninau mai la o Parao ia Iakoba, Ehia la na makahiki o kou ola ana?
ဖါရောမင်းက၊ သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင်၊
9 I aku la o Iakoba ia Parao, O na la o ko'u mau makahiki i noho malihini ai, hookahi ia haneri makahiki a me kanakolu. He hapa a he ino hoi na la o ko'u mau makahiki e ola nei; aole nae i loaa ia'u na la a me na makahiki o ko'u poe kupuna i ko lakou noho malihini ana.
ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း၍ဆိုးပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
10 Hoomaikai aku la o Iakoba ia Parao, a hele aku la mai ke alo aku o Parao.
၁၀ဖါရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွားလေ၏။
11 Hoonoho iho la o Iosepa i kona makuakane a me kona poe hoahanau, a haawi aku la oia ia lakou i wahi e noho ai ma ka aina o Aigupita, i kahi aina maikai, i ka aina o Ramese, e like me ke kanoha ana mai a Parao.
၁၁ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။
12 Malama aku la o Iosepa i kona makuakane, a me kona poe hoahanau, a me ka ohana a kona makuakane a pau i ka ai, e like me na waha o ka ohana.
၁၂အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
13 Aole ai ma ka aina a pau, no ka mea, ua hanahana loa ka wi. Oki loa iho la ka aina o Aigupita a me ka aina o Kanaana i ka wi.
၁၃အလွန်အစာခေါင်းပါး၍ တပြည်လုံးစားစရာ မရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။
14 Hooiliili iho la o Iosepa i ke kala a pau loa ma ka aina o Aigupita, a ma ka aina o Kanaana, no ka ai a lakou i kuai ai; a lawe mai la o Iosepa i ke kala iloko o ka hale o Parao.
၁၄ပြည်သားဝယ်သော စပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍ နန်းတော်သို့ သွင်းထားလေ၏။
15 Pau iho la ko kala ma ka aina o Aigupita, a ma ka aina o Kanaana, a hele mai la ko Aigupita a pau io Iosepa la, i mai la, Ho mai i ai na makou, no ke aha la makou e make ai imua o kou alo i ka pau ana o ke kala?
၁၅အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စား စရာဘို့ ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်းဟု လျှောက်ကြသော်၊
16 I mai la Iosepa ia lakou, Ina i pau ke kala, ho mai i ka oukou holoholona, a e haawi aku au i ai na oukou no ka oukou holoholona.
၁၆ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည် အတိုင်း၊
17 Lawe mai la lakou i ka lakou holoholona ia Iosepa, a haawi aku la o Iosepa i ai na iakou, no na lio, a no na hipa, a no na bipi, a no na hoki, a malama aku la oia ia lakou i ka ai ia makahiki, no ka lakou holoholona.
၁၇သူတို့သည် တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ် သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး၏။
18 A pau ae la ia makahiki, hele mai la lakou ia ia, i ka lua o na makahiki, i mai la ia ia, Aole makou e huna mai ko makou haku aku, i ka pau ana o ko makou kala, a me ka makou holoholona ia oe i ko makou haku. Aohe mea i koe imua ou, o ko makou kino, a me ko makou aina wale no.
၁၈ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိမ်ဝှက်ပါ။ ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ။
19 No ke aha la makou e make ai imua o kou mau maka, o makou a me ko makou aina! E kuai oe ia makou a me ko makou aina, no ka ai, a lilo makou a me ko makou aina i kauwa na Parao. E haawi mai hoi i hua, i ola makou, sole hoi e make, i ole ai e neoneo ka aina.
၁၉ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း။ အစာကို ပေး၍ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင်၏ ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော်၊
20 Kuai iho la o Iosepa i ka aina a pau i Aigupita no Parao, no ka mea, kuai aku la na kanaka a pau o Aigupita i ko lakou aina, no ka mea, ua hauahana loa ka wi maluna o lakou, a lilo ae la ka aina no Parao.
၂၀ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖါရော မင်းမဘို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကို ရောင်းကြသဖြင့် မြေသည် ဘဏ္ဍာတော် ဖြစ်လေ၏။
21 A lawe ae la ia i kanaka o kekahi kihi, a hoonoho ia lakou ma na kulanakauhale ma kela kihi o ka aina.
၂၁လူတို့ကိုကား၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
22 O ka aina o na kahuna, aole ia i kuai, no ka mea, na Parao mai, ka na kahuna, a ai iho la lakou i ka mea a Parao i haawi mai ai na lakou, no ia mea, aole lakou i kuai i ko lakou aina.
၂၂ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေး သော အစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ။
23 Olelo iho o Iosepa i kanaka, Eia hoi, ua kuai au ia oukou i keia la no Parao, a me ko oukou aina; eia no ka hua na oukou e kanu i ka aina.
၂၃ယောသပ်ကလည်း၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကို ယူ၍ လယ်လုပ်ကြလော့။
24 Eia hoi kekahi, i ka hua ana mai, e haawi oukou i ka hapalima na Parao, a koe no eha mau hapa na oukou, i mea kanu o ka aina, a i mea ai na oukou, a na ko oukou kanaka, a i mea ai hoi na ka oukou kamalii.
၂၄အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို၏။
25 I mai la lakou, Ua hoola mai oe ia makou, ina e loaa ia makou ka lokomaikaiia mai imua o na maka o ko'u haku, a e lilo auanei makou i poe kauwa na Parao.
၂၅သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ။ သနားသော စိတ်နှင့်ကြည့်ရှုတော် မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည် ဟု လျှောက်ကြ၏။
26 Hoopaa iho la o Iosepa ia mea i kanawai, mai ia manawa mai, ma ka aina o Aigupita, na Parao ka hapalima o ka ai; o ka aina o na kahuna wale no ka i koe, aole ia i lilo na Parao.
၂၆ထိုကြောင့် ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား၍၊ ဖါရောမင်းသည် ငါးဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သော ဓမ္မသတ်ကို ယောသပ်စီရင်၍ ထား သတည်း။
27 Noho iho la o Iseraela, ma ka aina o Aigupita, i ka aina o Gosena, a loaa mai la ia lakou ka waiwai ilaila, a hanau mai la lakou, a lilo ae la i poe nui loa.
၂၇ဣသရေလ သားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင် အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွါးများပြားကြ၏။
28 O na makahiki o ka noho ana o Iakoba i ka aina o Aigupita, he umikumamahiku: a o na makahiki a pau o ke ola ana o Iakoba, hookahi haneri makahiki a me kanahakumamahiku.
၂၈ယာကုပ်သည် အဲဂုတ္တုပြည်၌ ဆယ်ခုနစ်နှစ် အသက်ရှင်၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ် နှစ်ရှိသတည်း။
29 A kokoke aku la ka la e make ai o Iseraela, hea aku la ia i kana keiki ia Iosepa, i aku la ia ia, Ina i loaa mai ia'u ke alohaia imua o kou maka, e kau mai oe i kou lima malalo o ko'u uha. a e hana mai oe ia'u ma ka lokomaikai a me ka oiaio; ea, mai kanu oe ia'u ma Aigupita nei.
၂၉ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကို ခေါ်၍ ငါ့ကိုသနားလျှင် သင်၏ လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
30 E moe au me o'u mau makua. E lawe oe ia'u mai Aigupita aku, a e kanu ia'u ma ko lakou ilina. I mai la kela, E hana no wau e like mo kau olelo.
၃၀ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။
31 I aku la keia, E hoohiki mai oe ia'u, a hoohiki iho la kela, a kulou hoomana iho la o Iseraela ma ke poo o kona wahi moe.
၃၁ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကို ပြု၏။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။

< Kinohi 47 >