< Kinohi 43 >
1 A OKI loa iho la ka aina i ka wi.
၁ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းကပ် သည်ပို၍ဆိုးရွားလာလေ၏။-
2 A pau i ka aiia e lakou ka ai a lakou i lawe mai ai, mai Aigupita mai, olelo mai la ko lakou makuakane ia lakou, O hele hou oukou, e kuai i wahi ai iki na kakou.
၂ယာကုပ်၏မိသားစုတို့သည်အီဂျစ်ပြည်မှဝယ် ယူခဲ့သောစပါးကို စားသုံး၍ကုန်သောအခါ ယာကုပ်ကသားတို့အား``အီဂျစ်ပြည်သို့ပြန် သွား၍ရိက္ခာဝယ်ကြဦး'' ဟုစေခိုင်းလေ၏။
3 A olelo aku la o Iuda ia ia, i aku la, Ua olelo ikaika mai ua kanaka la ia makou, ua i mai, Aole oukou e ike i kuu maka, ke hele ole mai ko oukou kaikaina me oukou.
၃ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
4 A i hoouna oe i ko makou kaikaina me makou, alaila, hele aku makou ilalo, e kuai i ai nau.
၄အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။-
5 Aka, i hoouna ole oe ia ia, aole makou e hele aku ilalo, no ka mea, ua olelo mai ua kanaka la ia makou, Aole oukou e ike i kuu maka, ke hele ole mai ko oukou kaikaina me oukou.
၅အဖကကျွန်တော်တို့နှင့်အတူညီကိုသွားခွင့် မပေးလျှင် သင်တို့၏ညီမပါခဲ့လျှင်ငါ၏ရှေ့ မှောက်သို့မဝင်ရဟုဘုရင်ခံကအမိန့်ရှိသဖြင့် ကျွန်တော်တို့မသွားဝံ့ပါ'' ဟုပြောလေ၏။
6 Olelo mai la o Iseraela, No ke aha la onkou i hana ino mai ai ia'u, i ka hai aku i ua kanaka la i ko oukou kaikaina?
၆ထိုအခါယာကုပ်က``သင်တို့တွင်ညီတစ်ယောက် ရှိသေးသည်ဟု ထိုသူအားအဘယ်ကြောင့်ပြော ရသနည်း။ ငါ့ကိုဤမျှစိတ်ဆင်းရဲအောင်အဘယ် ကြောင့်ပြုလုပ်ရသနည်း'' ဟုဆို၏။
7 Olelo aku la lakou, I ninau ikaika mai no ua kanaka la ia makou, i ko makou hoahanau, i mai la, Ke ola la no anei ko oukou makuakane? He kaikaina e anei, ko oukou? A hai aku la makou ia ia ma ke ano o keia mau olelo. Ua ike pono anei makou, e i mai ana ia, E lawe mai ilalo nei i ko oukou kaikaina?
၇သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။
8 Olelo aku la o Iuda ia Iseraela i kona makuakane, E kuu mai oe i ke keiki me au, alaila ku ae makou e hele aku; i ola kakou; aole e make o makou, a o oe, a me ka kakou poe kamalii.
၈ယုဒကအဖအား``သူငယ်ကိုကျွန်တော်နှင့် အတူထည့်လိုက်ပါ။ ယခုပင်ခရီးစထွက် ကြပါမည်။ သို့မှသာကျွန်တော်တို့အားလုံး အစာမငတ်ဘဲအသက်ချမ်းသာရာရ ကြပါမည်။-
9 Owau no ka panai nona; ma ko'u lima, e imi mai oe ia ia; i hoihoi ole mai au ia ia iou la, a e hoonoho ia ia mamua ou, no'u mau loa aku no ka hewa.
၉ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
10 Ina aole makou i hookaulua, ina ua hoi hou mai makou, mai ka lua o ka hele ana.
၁၀ကျွန်တော်တို့သည်ဤမျှလောက်မနှောင့်နှေး မဆိုင်းတွခဲ့လျှင် အီဂျစ်ပြည်သို့အသွား အပြန်ခရီးနှစ်ခေါက်ရနိုင်ပါပြီ'' ဟုဆို လေ၏။
11 Olelo aku la ko lakou makuakane o Iseraela ia lakou, Ina pela mai, e hana i keia; e ahu i ko ka aina hua maikai iloko o ka oukou mau eke, a e lawe aku ilalo i makana na ua kanaka la; i wahi bama iki, a i wahi meli iki, a i mea ala kahi, a me ka mura, a i hua pisetakia, a i alemona.
၁၁ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
12 A e papalua i na kala ma ko oukou lima; a o ke kala i hoihoiia mai, maloko o ka waha o ka oukou mau eke, e halihali hou aku oukou ia mea, i ko oukou mau lima; malia paha, aole i ikeia.
၁၂သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
13 E lawe aku hoi oukou i ko oukou kaikaina, a e ku nui iluna, e hele hou aku i ua kanaka la.
၁၃သင်တို့ညီကိုခေါ်ဆောင်လျက်ထိုသူထံသို့ သွားကြလော့။-
14 A na ke Akua mana loa e haawi mai ke aloha no oukou mamua o ua kanaka la, i kuu mai ia i kela hoahanau o oukou, a ia Beniamina hoi A i nele au i kuu mau keiki, ua nele au.
၁၄ထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။
15 Lawe ae la na kanaka i ua makana la, a lawe papalua no hoi lakou i ke kala ma ko lakou lima, a ia Beniamina hoi; ku ae la lakou, a hele aku la ilalo i Aigupita, a ku aku la imua o Iosepa.
၁၅သို့ဖြစ်၍ညီအစ်ကိုတို့သည်လက်ဆောင်များ နှင့်ငွေနှစ်ဆကိုယူ၍ အီဂျစ်ပြည်သို့ထွက်ခွာ သွားကြလေသည်။ သူတို့နှင့်အတူဗင်္ယာမိန် လည်းလိုက်ပါသွားလေ၏။ ထိုပြည်သို့ရောက် သောအခါသူတို့သည်ယောသပ်ထံသို့ဝင် ၍ခစားကြ၏။-
16 A ike mai la o Iosepa ia Beniamina me lakou, olelo ae la ia i ka luna o kona hale, E alakai oe i keia poe kanaka i ka hale, e kalua i holoholona, a e hoomakaukau hoi; no ka mea, e ai pu keia poe kanaka me au i ke awakea.
၁၆ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
17 Hana mai la ke kanaka e like me ka Iosepa olelo ana ae; a alakai aku la ia i ua poe kanaka la, iloko o ka hale o Iosepa.
၁၇အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
18 Makau iho la ua poe kanaka la, no ka mea, ua alakaiia'ku la lakou iloko o ka hale o Iosepa, a olelo ae la lakou, No ka moni i hoihoiia'i iloko o ka kakou mau eke i ka manawa mamua, nolaila kakou i alakaiia mai ai iloko nei, i hoolawehala mai oia ia kakou a lele mai iluna o kakou, a e hana paa hoi ia kakou, i poe kauwa, a me ko kakou mau hoki.
၁၈ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။-
19 Hookokoke aku la lakou i ka luna o ko Iosepa hale, a kamailio pu lakou me ia ma ka puka o ka hale;
၁၉သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
20 I aku la lakou, E kuu haku e, i ko makou hele ana mai mamua, ua hele mai makou e kuai i ai.
၂၀``အရှင်၊ ကျွန်တော်တို့သည်ဤပြည်သို့ရိက္ခာ ဝယ်ရန် ယခင်ကတစ်ခေါက်ရောက်ခဲ့ပါသည်။-
21 A hiki aku la makou i kahi oioina, wehe ae la makou i ka makou mau eke, aia hoi ka moni a pau a makou iloko o ka waha o na eke a makou. A ua halihali hou mai makou ia mea ma ko makou mau lima.
၂၁အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
22 A ua halihali mai no hoi makou ilalo nei i na moni e ae ma ko makou mau lima e kuai i ai; aole ike makou i ka mea nana i waiho ka moni a makou iloko o ka makou mau eke.
၂၂ရိက္ခာထပ်၍ဝယ်ရန်ငွေပိုလည်းယူခဲ့ပါသည်။ ကျွန်တော်တို့၏စပါးအိတ်များတွင်မည်သူ ကငွေကိုပြန်ထည့်ထားသည်ကိုမသိရပါ'' ဟုပြောပြလေ၏။
23 Olelo mai la kela, Aloha oukou, mai makau; na ko oukou Akua, ke Akua o ko oukou makuakane, nana i haawi ka waiwai na oukou iloko o ka oukou mau eke: ua hiki mai ka oukou moni ia'u. Alakai mai la oia ia Simeona io lakou la.
၂၃အိမ်တော်ဝန်က``သင်တို့မစိုးရိမ်ကြနှင့်။ မ ကြောက်ကြနှင့်။ သင်တို့ဘုရား၊ သင်တို့အဖ ၏ဘုရားသည်စပါးအိတ်များထဲ၌သင်တို့ အတွက် ထိုငွေကိုထည့်ခြင်းဖြစ်ရမည်။ သင် တို့ထံမှစပါးဖိုးငွေကိုကျွန်ုပ်လက်ခံရရှိ ပြီးဖြစ်သည်'' ဟုဆိုလေ၏။ ထိုနောက်သူသည် ရှိမောင်ကိုသူတို့ထံသို့ခေါ်ထုတ်ခဲ့လေသည်။
24 Alakai ae la ua kanaka la i ka poe kanaka iloko o ko Iosepa hale, a haawi mai la ia lakou i ka wai, holoi iho la lakou i ko lakou mau wawae, a haawi mai la hoi ia i ai na na hoki o lakou.
၂၄အိမ်တော်ဝန်သည်သူတို့ကိုအိမ်ထဲသို့ဝင်စေ ၏။ သူတို့၏ခြေများကိုဆေးကြောရန်ရေကို ပေး၍သူတို့၏မြည်းများကိုအစာကျွေး ၏။-
25 Hoomakaukau iho la lakou i ka makana i ka hele ana mai o Iosepa i ke awakea; no ka mea, ua lohe lakou, e ai ana lakou i ka ai ilaila.
၂၅မွန်းတည့်အချိန်၌ယောသပ်သည်သူတို့နှင့် အတူစားသောက်မည်ဟုကြားသိရသဖြင့် သူတို့သည်မိမိတို့၏လက်ဆောင်များကို အသင့်ပြင်ထားကြ၏။-
26 A hoi mai la o Iosepa i kona hale, halihali mai la lakou iloko o ka hale i ka makana nana, na ko lakou lima i paa ai, a kulou iho la lakou imua ona ilalo i ka honua.
၂၆ယောသပ်အိမ်သို့ပြန်လာသောအခါသူတို့ သည် မိမိတို့နှင့်ပါလာသောလက်ဆောင်များ ကိုအိမ်ထဲသို့ယူဆောင်လာပြီးလျှင် ယောသပ် အားဆက်သ၍သူ၏ရှေ့တွင်ပျပ်ဝပ်ကြ လေသည်။-
27 Ninau mai la ia ia lakou i ko lakou noho ana, i aku la, Pehea ko oukou makuakane, o ka elemakule a oukou i olelo mai ai? Ke ola la no ia, ea?
၂၇ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
28 Olelo aku la lakou, E noho pomaikai ana no kau kauwa, ka makuakane o makou, ke ola la no ia. A kulou iho la lakou a moe ilalo.
၂၈သူတို့က``အရှင့်ကျွန်၊ ကျွန်တော်တို့၏အဖသည် ကျန်းမာ၍အသက်ရှင်လျက်ရှိပါ၏'' ဟုဖြေ ကြ၏။ ထိုနောက်သူတို့သည်ယောသပ်အား ဦးညွှတ်ရှိခိုးကြ၏။
29 Alawa ae la kona maka iluna, ike mai la i kona kaikaina ia Beniamina, ke keiki a kona makuwahine ponoi, a i mai la ia, O ko oukou kaikaina anei keia, a oukou i olelo mai ai ia'u? A olelo ae la hoi ia, E aloha mai ke Akua ia oe, e kuu keiki.
၂၉ယောသပ်သည်မိမိအမိ၏သားမိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ``ဤသူငယ်သည် သင်တို့၏ညီအငယ်ဆုံးဆိုသူဖြစ်ပါသ လော။ လူကလေးသင့်အားဘုရားကောင်းချီး ပေးပါစေသော'' ဟုဆိုလေ၏။-
30 Wikiwiki ae la o Iosepa; no ka mea, ua mokumokuahua kona manawa i kona kaikaina, imi ae la ia i kahi e uwe ai; komo ae la ia i kona keena maluna, a uwe iho la ilaila.
၃၀ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
31 Holoi ae la ia i kona maka, hele aku la iwaho, a uumi iho la ia i kona aloha, a olelo aku la, E ho mai i ka ai.
၃၁ထိုနောက်သူသည်မျက်နှာသစ်ပြီးလျှင်အပြင် သို့ထွက်လာ၍ မိမိ၏စိတ်ကိုထိန်းလျက်စား သောက်ပွဲကိုပြင်ရန်အမိန့်ပေးလေသည်။-
32 Kau mai la lakou nana ma ke kaawale, a na lakou ma ke kaawale, a na ko Aigupita i ai pu me ia ma ke kaawale; no ka mea, aole e hiki i ko Aigupita, ke ai pu me na Hebera, he mea haumia ia i ko Aigupita.
၃၂ယောသပ်အဖို့စားပွဲတစ်ပွဲ၊ သူ၏အစ်ကိုတို့ အဖို့စားပွဲတစ်ပွဲ၊ အီဂျစ်အမျိုးသားတို့ အဖို့စားပွဲတစ်ပွဲတည်ခင်းကြ၏။ အီဂျစ် အမျိုးသားတို့သည်ဟေဗြဲအမျိုးသားတို့ နှင့်အတူစားသောက်လျှင် ဂုဏ်သိမ်သည်ဟု ယူဆကြသောကြောင့်ဟေဗြဲအမျိုးသား တို့နှင့်အတူတူမစားကြ။-
33 Noho iho la lakou imua ona, o ka hiapo e like me kona hanau mua ana, a o ka muli loa e like me kona hanau muli ana mai. Kahaha iho la ko lakou naau kekahi i kekahi.
၃၃ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
34 Lalau ae la ia i ka ai a haawi aku la ia lakou, mai kona alo aku, ua palimaia ka Beniamina i ka lakou. Inu pu lakou a olioli me ia.
၃၄ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။