< Kinohi 4 >

1 A IKE aku la o Adamu i kana wahine ia Eva; hapai ae la oia, a hanau mai la ia I Kaina, i mai la, Ua loaa no ia'u he kanaka no Iehova mai.
ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။
2 Hanau hou iho la oia i kona kaikaina ia Abela. He kahuhipa o Abela, a he mahiai o Kaina.
တဖန် သူ့ ညီ အာဗေလ ကို ဘွားမြင် လေ၏။ အာဗေလ ကား သိုး ထိန်း ဖြစ် ၏။ ကာဣန ကားလယ် လုပ် သောသူဖြစ် ၏။
3 Mahope iho o na la, lawe aku la o Kaina i kekahi hua o ka honua i mohai na Iehova.
အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။
4 Lawe aku la hoi o Abela i kekahi o na hanau mua o kana poe hipa, i na mea momona hoi. A maliu mai la o Iehova ia Abela a me kana mohai:
အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
5 Aka, aole ia i maliu mai ia Kaina a me kana mohai. Huhu loa iho la o Kaina, a kulou iho la kona maka ilalo.
ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။
6 I mai la o Iehova ia Kaina, Heaha kau i huhu ai? No ke aha hoi i kulou iho ai kou maka ilalo!
ထာဝရဘုရား ကလည်း သင် သည် အဘယ်ကြောင့် စိတ်ဆိုး သနည်း။ အဘယ်ကြောင့် မျက်နှာ ပျက် သနည်း။
7 A i hana pono oe, aole anei oe e maliuia'ku? a i ole oe e hana i ka pono, ke waiho la ka mohai hala ma ka puka. A ia oe no ko ia la makemake, a e alii iho oe maluna ona.
သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
8 Kamailio ae la o Kaina me kona kaikaina, me Abela: a ia laua ma ka waena, ku ae la o Kaina me ke ku e i kona kaikaina ia Abela, pepehi iho la ia ia a make.
ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ ၊ လယ် သို့ ရောက်သောအခါ၊ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။
9 Olelo mai la o Iehova ia Kaina, Auhea la o Abela o kou kaikaina! I aku la oia, Aole au i ike: owau anei ke kahu o kuu kaikaina!
ထာဝရဘုရား ကလည်း သင့် ညီ အာဗေလ သည် အဘယ်မှာ ရှိသနည်းဟု ကာဣန ကို မေး တော်မူလျှင် အကျွန်ုပ်မ သိ ပါ။ အကျွန်ုပ် သည် ညီ ကို စောင့် ရသောသူ ဖြစ် ပါသလောဟု လျှောက် ဆို၏။
10 I mai la kela, Heaha kau i hana iho net? ke hea mai nei ka leo o ke koko o kou kaikaina ia'u mai ka lepo mai.
၁၀ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
11 Ma keia hone aku, e hoohewaia'ku ai oe mai ka honua ae, i hamama ae kona waha e ale i ke koko o kou kaikaina, na kou lima aku.
၁၁သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ ၊ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်၊
12 I kou mahi ana i ka honua, aole ia e hua mai ma keia hope i kona momona: a e lilo hoi oe i kanaka aea a me ke kuewa wale maluna o ka honua.
၁၂ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
13 I aku la o Kaina ia Iehova, He nui loa kuu hewa: aole paha ia e hiki ke kalaia.
၁၃ကာဣန ကလည်း အကျွန်ုပ် အပြစ် သည် မဖြေ နိုင်အောင် ကြီး ပါသလော။
14 Aia hoi, ua kipaku aku oe ia'u i keia la mai ke alo aku o ka honua nei; a ua hookaawaleia au mai kou alo aku; a e lilo ana au i kanaka aea me ke kuewa wale maluna o ka honua; a i loaa au i kekahi, e pepehi mai ia ia'u a make.
၁၄အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။
15 I mai la o Iehova ia ia, Nolaila, o ka mea nana e pepehi ia Kaina, e pahiku ka hoopai ana i kona hewa. A kau iho la o Iehova i hoailona maluna o Kaina, o loaa ia i kekahi nana ia e pepehi aku a make.
၁၅ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။
16 Hele aku la o Kaina mai ke alo aku o Iehova, a noho iho la ma ka aina o Noda, ma ka hikina o Edena.
၁၆ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။
17 Ike aku la o Kaina i kana wahine; hapai ae la oia, a hanau mai la ia Enoka: kukulu iho la oia i kulanakauhale, a kapa iho la i ka inoa o ua kulanakauhale la, mamuli o ka inoa o kana keiki, o Enoka.
၁၇ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။
18 Na Enoka hoi i hanau mai o Irada: na Irada hoi o Mehuiaela: na Mehuiaela o Metusaela: na Metusaela o Lameka.
၁၈ဧနောက် သားကား၊ ဣရဒ် ၊ ဣရဒ် သားကား၊ မဟုယေလ ၊ မဟုယေလ သားကား၊ မသုရှလ ၊ မသုရှလ သားကား၊ လာမက် တည်း။
19 Lawe ae la o Lameka i na wahine elua nana: o Ada ka inoa o kekahi, a o Zila ka inoa o kekahi.
၁၉လာမက် သည်၊ အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍၊
20 Na Ada i hanau mai o Iabala: o ka makamua ia o ka poe noho halelewa, a o ka hanai holoholona.
၂၀အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။
21 A o Iubala ka inoa o kona kaikaina: o ka makamua ia o ka poe a pau i hookani i ka lira a me ka ohe.
၂၁ယုဗလ အမည် ရှိသောညီ မူကား၊ စောင်း မျိုး၊ နှဲခရာ မျိုးတို့ကို တီးမှုတ် တတ်သောသူ အပေါင်း တို့၏ အဘ ဆရာဖြစ် လေသတည်း။
22 A o Zila, hanau mai no hoi nana o Tubalakaina, oia ke kumu a na paahana a pau e kui ana i ke keleawe a me Ka hao: a o Naama ke kaikuwahine o Tubalakaina.
၂၂ဇိလ သည်လည်း ၊ သားတုဗလကာဣန ကို ဘွားမြင် လေ၏။ သူသည် ပန်းတဉ်း သမား၊ ပန်းပဲ သမား အပေါင်း တို့၏ဆရာ ဖြစ်လေ၏။ တုဗလကာဣန ၏နှမ ကား၊ နေမ အမည်ရှိ၏။
23 I aku la o Lameka i na wahine ana, ia Ada, laua o Zila, E hoolohe mai olua i ko'u leo; e na wahine a Lameka, e haliu mai i ka'u olelo: no ka mea, ua pepehi iho la au i ke kanaka no ka hoeha ana mai ia'u, i ke kanaka opiopio no ka paopao ana mai ia'u.
၂၃လာမက် ကလည်း အာဒံ နှင့် ဇိလ ၊ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့၊ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ၊ ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။
24 Ina paha e pahiku ka hoopai ana no Kama, he oiaio no, e pakanahiku me kumamahiku hoi ia no Lameka.
၂၄ကာဣန သည် ခုနစ် ဆသောတရား ကိုရလျှင်၊ အကယ်၍ လာမက် သည်၊ အဆခုနှစ် ဆယ် ခုနစ် ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
25 Ike hou iho la o Adamu i kana wahine; a hanau mai la ia he keikikane, a kapa aku la i kona inoa o I Seta: No ka mea, ua haawi mai la ke Akua i ka hua hou na'u, wahi ana, i panihakahaka no Abela i pepehiia e Kaina.
၂၅အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
26 Na Seta hoi i hanau kekahi keikikane; a kapa iho ia i kona inoa o Enosa: ia manawa ka hoomaka ana o na kanaka e kahea aku i ka inoa o Iehova.
၂၆ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊

< Kinohi 4 >