< Kinohi 39 >
1 U A laweia'ku la o Iosepa ilalo i Aigupita; kuaiia'ku la oia no Potipara, he luna na Parao, he luna o ka poe koa, a he kanaka no Aigupita, mai na lima aku o ka Isemaela, nana ia i lawe aku ilalo.
၁ဣရှမေလ လူတို့သည် ယောသပ် ကို ဆောင်သွား ၍ အဲဂုတ္တု ပြည်သို့ ရောက် သောအခါ ၊ အဲဂုတ္တု အမျိုးသား ဖါရော ဘုရင်၏အမတ် ဖြစ်သော ကိုယ်ရံတော် မှူး ပေါတိဖါ ထံ မှာ ရောင်းကြ၏။
2 Me Iosepa no o Iehova, he kanaka ia i hoopomaikaiia, aia no ia ma ka hale o kona haku, he Aigupita.
၂ထာဝရဘုရား သည် ယောသပ် ဘက် ၌ ရှိ တော်မူသဖြင့် သူ သည် အကြံ ထမြောက်တတ်၏။ အဲဂုတ္တု အမျိုးသားမိမိ သခင် ၏အိမ် ၌ နေ ရလေ၏။
3 Ike ae la kona haku, aia no o Iehova me Iosepa, a na Iehova no i pono ai ka hana a pau a kona lima.
၃သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။
4 A loaa ia Iosepa ka lokomaikaiia imua ona, a hookauwa aku ia nana, a hoolilo aku la oia ia ia i luna no kona ohua, a no kona waiwai a pau, a waiho aku la ia i kana mea a pau i kona lima.
၄ထိုကြောင့် ယောသပ် သည် သခင် ရှေ့ ၌ မျက်နှာ ရ၍ ခစား လျက် နေရ၏။ သခင်သည်လည်း မိမိ အိမ်တွင် အိမ် အုပ် အရာနှင့် ခန့် ထား၍ ဥစ္စာရှိသမျှ ကို အပ် လေ၏။
5 Eia hoi kekahi, mai ka wa mai o kona hoolilo ana ia ia i luna no kona ohua, a maluna o kona mea a pau, hoopomaikai mai ke Akua i ko ka hale o ua kanaka Aigupita nei no Iosepa; a na Iehova no ka pomaikai o na mea a pau ona, ma ka hale, a ma ke kula.
၅ထိုသို့ အိမ် နှင့် ဥစ္စာရှိသမျှ ကို အုပ်စိုး စေသည် ကာလ မှစ၍ ထာဝရဘုရား သည် ယောသပ် အတွက် ထိုအဲဂုတ္တု သား၏အိမ် ကို ကောင်းကြီး ပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းကြီး မင်္ဂလာသည် အတွင်း ၊ ပြင် ၊ ဥစ္စာရှိရှိသမျှ အပေါ် မှာလည်း သက်ရောက် လေ၏။
6 A waiho iho la oia i kona mea a pau i na lima o Iosepa, aole ia i ike aku i kekahi mea nona, o ka ai ana i ai ai wale no. Ua maikai ke kino o Iosepa, he maikai no hoi ka maka.
၆သခင် သည် မိမိ ၌ ရှိသမျှ ကို ယောသပ် လက် သို့ အပ် ၍ ၊ မိမိ စား သော အစာ မှတပါး အခြား သော ဥစ္စာ ရှိမှန်းကိုမျှ မ သိ မမှတ်ဘဲနေ၏။ ယောသပ် သည် ပုံပြင် ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ သောသူဖြစ် ၏။
7 A mahope iho o keia mau mea, ike mai la na maka o ka wahine a kona haku ia Iosepa, i mai la ia, E moe kaua.
၇ထိုနောက်မှ သခင် ၏မယား သည် ယောသပ် ကို တပ် သောစိတ်ရှိ၍ ငါ နှင့်အတူ အိပ် ပါဟုဆို ၏။
8 Hoole aku la ia, i aku la i ka wahine a kona haku, Aia hoi, aole ike kuu haku i na mea ia'u ma keia hale, ua waiho mai nei ko'u haku i kana mea a pau i kuu lima:
၈ယောသပ်ကလည်း၊ ကျွန်တော် သခင် သည် အိမ် တော်၌ ရှိသမျှ သော ဥစ္စာတို့ကို ကျွန်တော် လက် သို့ အပ် ပါပြီ။ ကျွန်တော်၌ အဘယ် ဥစ္စာရှိမှန်းကိုမျှ မ သိ မမှတ်ပါ။
9 Aohe mea nui e ae oloko o keia hale, owau wale no; aole keia i paa aku i kekahi mea ia'u, o oe wale no, no ka mea, o kana wahine no oe. Pehea la wau e hana'i i keia hewa nui, a hana ino aku i ke Akua?
၉ဤ အိမ် တွင် လည်း ကျွန်တော် ထက် သာ၍ကြီး သောသူမ ရှိပါ။ ကိုယ် မယား ဖြစ်သော သခင်မ မှတပါး အဘယ် အရာကိုမျှ ကျွန်တော် အား မ မြစ်တား ပါ။ သို့ဖြစ်လျှင် အပြစ် ကြီး သောဤ အမှုကို ကျွန်တော်ပြု ၍ ဘုရားသခင် ကို အဘယ်သို့ ပြစ်မှား နိုင်သနည်းဟု သခင် ၏မယား ကို ငြင်း ၍ ပြန်ဆို ၏။
10 Koi mai la oia ia Iosepa i keia la a i keia la, aole loa ia i hoolohe iki aku ia ia, e moe me ia, a e noho me ia.
၁၀ထိုသို့ သခင်မသည် နေ့ တိုင်းသွေးဆောင်သော်လည်း ၊ ယောသပ် သည် သူ ၏စကား ကို နား မ ထောင်၊ သူ နှင့်အတူ အိပ် ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။
11 Ia manawa iho, komo ae la o Iosepa iloko o ka hale, e hana i kana hana, aohe kanaka o ka hale iloko.
၁၁တနေ့သ၌ ယောသပ် သည် အမှု ဆောင် ခြင်းငှါ အိမ် ထဲသို့ ဝင် ၍ အိမ် သားယောက်ျား တယောက် မျှ မ ရှိ သောအခါ၊
12 Apo mai la kela ia ia ma ke kapa ona, i mai la, E moe kaua. Haalele iho la ia i kona kapa ma ka lima ona, holo aku la a hiki iwaho.
၁၂သခင်မက ငါ နှင့်အတူ အိပ် ပါဟုဆို လျက် ၊ ယောသပ် အဝတ် ကို ကိုင် ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက် ပြေး လေ၏။
13 A ike aku la ua wahine la, ua haalele ia i kona kapa ma kona lima, a ua holo aku la iwaho,
၁၃ထိုသို့ သခင်မ လက် ၌ မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက်ပြေး သည်ကို သခင်မ သိမြင် သောအခါ၊
14 Kahea aku la ua wahine la i na kanaka o kona hale, olelo aku la ia lakou, i aku la, E nana oukou, ua lawe mai nei kela i ke kanaka no ka poe Hebera io kakou nei, e hoomaewaewa mai ia kakou. Hele mai la oia io'u nei e moe me au, a kahea aku la au me ka leo nui;
၁၄အိမ်သား ယောက်ျား တို့ကို ခေါ် ၍ ၊ သင် တို့ကြည့် ကြ။ ငါ တို့၌ မ ရိုမသေပြုစေခြင်းငှါ ဤဟေဗြဲ လူ ကို သခင်သွင်း ထားပြီတကား။ သူသည် ငါ နှင့်အတူ အိပ် ခြင်းငှါ ဝင်လာ ၍ ငါသည် ကျယ် သောအသံ နှင့် အော်ဟစ် ရ၏။
15 A lohe mai la kela i kuu hookiekie ana i kuu leo iluna, a i kuu hea ana aku, haalele iho nei oia i ke kapa ona ia'u, holo aku la a hiki iwaho.
၁၅ကျယ်ကျယ်အော်ဟစ် သံ ကို ကြား လျှင် ၊ သူသည် မိမိ အဝတ် ကိုစွန့် ၍ ပြင် သို့ ထွက် ပြေး သည်ဟုဆို ပြီးလျှင်၊
16 Malama iho la ua wahine la i kona kapa, a hoi mai la kona haku i ka hale.
၁၆သခင် ရောက် သည်တိုင်အောင် ထိုအဝတ် ကို မိမိ ၌ ထား လေ၏။
17 Olelo aku la ua wahine la ia ia i keia mau olelo, i aku la, O ko kauwa Hebera, au i lawe mai ai io kakou nei, ua komo mai ia io'u nei e hoomaewaewa mai ia'u.
၁၇သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်း ထား သော ဟေဗြဲ ကျွန် သည် ကျွန်ုပ် ကို မ ရိုမသေပြုခြင်းငှါ ဝင် လာပါ၏။
18 A hookiekie au i kuu leo iluna a kahea aku au, alaila, haalele iho la ia i ke kapa ona ia'u, a holo aku la iwaho.
၁၈ကျွန်ုပ် သည် ကျယ် သောအသံ နှင့် အော်ဟစ် သောအခါ ၊ သူသည် မိမိ အဝတ် ကို စွန့် ၍ ပြင် သို့ ထွက်ပြေး ပါသည်ဟူသော စကား ဖြင့် ကြားပြော လေ၏။
19 A lohe ae la kona haku i ka olelo a kana wahine i olelo mai ni ia ia, i ka i ana mai, E like me keia mau olelo i hana mai ai kau kauwa ia'u; nui iho la ka huhu ona.
၁၉ကိုယ်တော် ၏ကျွန် သည် ကျွန်ုပ် ၌ ဤ သို့ပြု ခဲ့ပြီဟု မယား ပြောသောစကား ကို သခင် ကြား လျှင် ၊ ယောသပ် ကို အမျက်ထွက် ၍၊
20 Lalau mai la ka haku o Iosepa ia in, hahao aku la ia ia iloko o ka halepaahao, i kahi i paa ai ka poe paa o ke alii, a paa no ia maluila ma ka halepaahao.
၂၀ခေါ် ပြီးမှ ၊ ရှင်ဘုရင် ချုပ် ထားသောသူတို့ နေရာ ထောင် ထဲ မှာ လှောင် ထားသဖြင့် ၊ ယောသပ်သည် ထောင် ထဲ မှာ နေ ရ၏။
21 Me Iosepa no o Iehova, aloha nui mai la ia ia, a haawi mai la ia ia i ka pono imua o na maka o ka mea nana i malama ka halepaahao.
၂၁သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။
22 Waiho ae la ka mea nana i malama ka halepaahao i ka poe paa a pau oloko o ka halepaahao i ka lima o Iosepa, a o na mea a pau i hanaia malaila, nana no ia i hana.
၂၂သို့ဖြစ်၍ ထောင် မှူး သည် ထောင်၌ ချုပ် ထားသော သူအပေါင်း တို့ကို ယောသပ် လက် သို့ အပ်၍၊ ထောင် ထဲ တွင် ပြု သမျှ သောအမှုကို ယောသပ်စီရင် ရ၏။
23 Aole hoi i nana aku ka luna o ka halepaahao i kekahi mea malalo iho o kona lima, no ka mea, aia no o Iehova me ia, a hoopomaikai mai la o Iehova i ka hana a pau ana i hana'i.
၂၃ထိုနောက်ထောင် မှူး သည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မ ကြည့် မရှုရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ယောသပ် ဘက် မှာရှိ၍ သူ ပြု လေရာရာ ၌ အောင် စေတော်မူသတည်း။