< Ezekiela 7 >
1 HIKI mai la hoi ka olelo a Iehova ia'u, i mai la,
၁နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
2 O oe hoi, e ke heiki a ke kanaka, ke i mai nei Iehova ka Haku, penei; He hopena o ka aina o ka Iseraela, ua hiki mai ka hopena maluna o na kihi eha o ka aina.
၂အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ၏။
3 Ua hiki mai ka hopena maluna ou auo, a e hoouna au i ko'u huhu maluna ou, a e hoahewa au ia oe e like me kou hele ana, a e uku aku au ia oe no kou mau mea hoopailua a pau.
၃သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကို ငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့် အလျောက်ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။
4 Aole e aloha ko'u maka ia oe, aole au e ahonui ia oe; aka, e hooili au i ka uku no kou mau aoao maluna on, a mawaena aku no ou kou mau mea inaina; a e ike no oukou owau no Iehova.
၄ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည်။
5 Ke i mai nei Iehova ka Haku penei, He poino, he poino wale no, eia hoi, ua hiki mai ia.
၅အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးတခု နောက်တခု ရောက်လာ၏။
6 He hopena ua hiki mai, na hiki mai ka hopena; ke kiai nei no ia ia oe; eia hoi ua hiki mai ia.
၆ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေး ရောက်လာ၏။ သင့်ကို စောင့်လျက်ရောက်လာ၏။
7 Ua hiki mai ke kakahiaka maluna ou, e ka mea e noho ana ma ka aina; ua hiki mai ka manawa, kokoke mai ka la e popilikia ai, aole ka hooho ana o na mauna.
၇အိုပြည်တော်သား၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ။
8 Ano, e ninini koke aku au i ko'u ukiuki maluna ou, a e hooko i ko'u huhu maluna ou; a e hoopai au ia oe e like me kou mau aoao, a e uku aku au ia oe no kou mau mea inainaia a pau.
၈ငါသည် မကြာမမြင့်မှီသင်၏ အပေါ်သို့ ငါ၏ ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင် မည်။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့၏အကျိုး အပြစ်ကိုဆပ်ပေးမည်။
9 Aole e aloha ko'u maka, aole hoi au e ahonui; e uku au ia oe e like me kou mau aoao, a me kou mau mea inainaia iwaenakonu ou, a e ike no oukou, owau no Iehova ka mea i hahau.
၉နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။
10 Aia hoi ka la, aia hoi ua hiki mai ia; ua puka ae ke kakahiaka, ua mohala ke kookoo-alii, ua opuu ae ka haaheo.
၁၀နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့် ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
11 Ua ku mai iluna ka lalauwale i kookoo hewa; aole kauwahi o lakou, aole o ko lakou lehulehu, aole hoi o ka lakou waiwai, aole hoi he kanikau no lakou.
၁၁ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။
12 Ua hiki mai ka manawa, ke kokoke mai nei ka la; mai hauoli ka mea kuai lilo mai, aole hoi e u ka mea kuai lilo aku, no ka mea, e kau ana ka inaina maluna o kona lehulehu a pau.
၁၂အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ၏။
13 No ka mea, aole e hoi aku ka mea kuai lilo aku, ina e ola ana lakou; no ka mea, o ka hihio, no kona lehulehu okoa no ia, aole e hoi mai; aole hoi e hooikaika kekahi ia ia iho ma ka hewa o kona ola ana.
၁၃ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသော မြေသို့ပြန်၍ မလာရ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ။
14 E pupuhi oukou i ka pu, e hoomakaukau ai i na mea a pau; aole nae he mea hele i ke kaua; no ka mea, maluna o kolaila lehulehu okoa kuu inaina.
၁၄စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။
15 O ka pahikaua ka iwaho, a o ka mai ahulau a me ka wi ka iloko: o ka mea ma ke kula, e make no ia i ka pahikaua; a o ka mea maloko o ke kulanakauhale, e pau ia i ka aiia e ka wi a me ka mai ahulau.
၁၅ပြင်၌ ကားထားရှိ၏။ အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်။
16 A o ko lakou poe pakele, e pakele lakou, a maluna o na mauna no lakou, me he mau manu-ku la ma na awawa e u ana kela mea keia mea no kona hewa iho.
၁၆သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။
17 E nawaliwali na lima a pau, a e palupalu na kuli a pau me he wai la.
၁၇ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။
18 E kaei lakou i ke kapa ino, a e uhi mai ka makau ia lakou: a e kau ka hilahila maluna o na wahi maka a pau, a me ka ohule ma ko lakou mau poo a pau.
၁၈သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက်၊ တယောက်မျှမကြွင်း၊ မျက်နှာရှက်ကြောက် လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။
19 E hoolei lakou i ka lakou kala i na alanui, a e laweia'e ka lakou gula; aole e hiki i ka lakou kala, a me ka lakou gula i ka hoopakele ia lakou i ka la o ka inaina o Iehova; aole e hooluolu i ko lakou mau uhane, aole hoi e hoopiha i ko lakou mau naau, no ka mea. o ka mea e hina ai ia e hewa ai lakou.
၁၉သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
20 A o ka nani o kona mea i nani ai, ua hoonoho oia ia i ka hanohano: aka, hana ae la lakou i na kii o ko lakou mau mea e inainaia, a me ko lakou mau mea e hoowahawahaia ilaila; nolaila, i hoonoho aku au ia mea i mamao aku o lakou.
၂၀သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။
21 A e haawi aku au ia mea iloko o na lima o na malihini i waiwai pio, a i ka poe hewa o ka honua i waiwai kaili; a e hoohaumia lakou ia mea.
၂၁တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
22 A e haliu aku au i ko'u wahi maka mai o lakau aku, a e hoohaumia lakou i ko'u wahi nalo; no ka mea, e komo no na powa iloko ona, a e hoohaumia ia ia.
၂၂ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။
23 E hana i kaula hao; no ka mea, ua paapu ka aina i na hewa koko, a ua piha ke kulanakauhale i ka lalauwale.
၂၃သံကြိုးကိုလုပ်လော့။ အကြောင်းမူကား၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။
24 Nolaila e lawe mai au i ka poe hewa nui o na lahuikanaka, a lilo ko lakou nei mau hale ia lakou la, a e hooki au i ka hanohano o ka poe ikaika, a e hoohaumiaia ko lakou mau wahi hoano.
၂၄ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။
25 E hele mai ana ka luku ana; a e imi lakou i ka malu, aole ia.
၂၅ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။
26 E kau mai kekahi hewa maluna o kekahi hewa, a o kekahi lono maluna o kekahi lono; alaila e imi lakou i ka hihio o ke kaula, aka, e pau o ke kanawai mai ke kahuna aku, a me ka oleloao, mai na lunakahiko aku.
၂၆ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
27 E u no hoi ke alii, a e hoaahuia ke alii opiopio me ka neoneo ana, a e hoopilikiaia na lima o ko ka aina; a e hana aku au ia lakou mamuli o ko lakou mau aoao, a mamuli o ka lakou hana ana e hoopai aku ai au ia lakou; a e ike lakou owau no Iehova.
၂၇ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။