< Ezekiela 6 >
1 HIKI mai la hoi ka olelo a Iehova ia'u, i mai la,
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
2 E ke keiki a ke kanaka, e haliu i kou wahi maka i na mauna o ka Iseraela, a e wanana ku e ia lakou.
၂အချင်းလူသား၊ သင်သည် ဣသရေလတောင် တို့ကို မျက်နှာပြု၍၊ သူတို့တဘက်၌ ပရောဖက်ပြုလော့။
3 A e olelo aku, E na mauna o ka Iseraela, e hoolohe i ka olelo a Iehova ka Haku, ke i mai nei Iehova ka Haku i na mauna a me na puu, i na muliwai, a me na awawa, penei; Eia hoi, owau, owau hoi ke lawe ae nei i ka pahikaua maluna o oukou, a e hookai au i ko oukou mau wahi kiekie.
၃အိုဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
4 A e neoneo ko oukou mau kuahu, a e wawahiia ko oukou mau kii, a e hoolei ilalo au i ko oukou poe kanaka lukuia imua o ko oukou mau akuakii.
၄သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
5 A e hoomoe iho au i na kupapau o na mamo a Iseraela ma ke alo o ko lakou mau akuakii, a e hooleilei au i ko oukou mau iwi a puni ko oukou mau kuahu.
၅ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။
6 Ma ko oukou mau wahi e noho ai a pau, e hooneoneoia ko oukou mau kulanakauhale, a neoneo hoi ko oukou mau wahi kiekie; i hoohioloia'i ko oukou mau kuahu a neoneo, a e wawahiia hoi ko oukou mau akuakii a oki loa, a e kuaia hoi ko oukou mau kii, a e haalele loa ia ka oukou mau hana.
၆သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင် တို့သည်သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တု ဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။
7 A e haule ka poe e pepehiia iwaenakonu o oukou, a e ike no oukou owau no Iehova.
၇သင်တို့အလယ်၌သူရဲတို့သည် လဲ၍သေကြလိမ့် မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
8 Aka, e hookoe au i ke koena, no oukou kekahi poe e pakele i ka pahikaua iwaena o na lahuikanaka, i ka wa e hoopuehuia'i oukou ma na aina.
၈သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည်။
9 A o ko oukou poe i pakele, e hoomanao lakou ia'u iwaena o na lahuikanaka, kahi e lawepioiaku ai lakou, no ka mea, e hanapepe au i ko lakou naau moe kolohe, a me ko lakou mau maka i hele moe kolohe mamuli o ko lakou mau akuakii; a e hoowahawaha lakou ia lakou iho no na hewa a lakou i hana'i i ko lakou mau mea ioaina a pau.
၉ငါ့ကိုစွန့်ပစ်၍မှားယွင်းတတ်သော နှလုံးကို၎င်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိတို့ကို၎င်း ငါပယ်ဖျက်သောအခါ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။
10 A e ike lakou, owau no Iehova, aole hoi he mea ole ka'u olelo ana, e hana au no lakou i keia mea e poino ai.
၁၀ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။
11 Ke i mai nei Iehova ka Haku penei; E pai me kou lima, a e hahi me kou wawae, a e olelo aku, Auwe na mea inaina a pau o ka ohana a Iseraela! no ka mea, e haule lakou i ka pahikaua a me ka wi, a me ka mai ahulau.
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့်၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူ ကား၊ သူတို့သည်ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေး တို့ဖြင့်လဲ၍ သေကြလိမ့်မည်။
12 O ka mea ma kahi loihi aku e make ia i ka mai ahulau; a o ka mea kokoke mai, e haule ia i ka pahikaua; a o ka mea i koe mai a hoopuniia, e make ia i ka wi: pela e hooko ai au i ko'u ukiuki maluna o lakou.
၁၂ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်း ဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။
13 A e ike no oukou, owau no Iehova i ka wa e waiho ai ko lakou poe i pepehiia iwaena o ko lakou mau akuakii a puni ka lakou mau kuahu, maluna o na puu kiekie a pau, a ma na piko a pau o na mauna, a malalo iho o kela laau uliuli keia laau uliuli, a malalo ae o na laau oka paapu a pau, kahi i haawi ai lakou i ka lakou mea ala ono i ko lakou mau akuakii a pau.
၁၃ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင်သူရဲတို့သည်လဲ၍ သေလျက်ရှိကြသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
14 Pela e kau aku ai au i ko'u lima maluna o lakou, a e hooneoneo ai au i ka aina, oia, e oi aku kona neoneo ana mamua o ko ka waonahele mawaena oauei a me Dibelata, ma ko lakou wahi i noho ai a pau; a e ike lakou owau no Iehova.
၁၄သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့နေလေရာ ရာပြည်ကိုသာ၍ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ၏။