< Ezekiela 43 >
1 MAHOPE iho, lawe mai oia ia'u i ka ipuka, i ka ipuka e nana ana i ka hikina:
၁ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား၏။
2 Aia hoi, hele mai la ka nani o ke Akua o ka Iseraela mai ka aoao hikina mai; a o kona leo, ua like ia me ka halulu ana o na wai he nui; a alohilohi ae la ka honua i kona nani.
၂ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း၏။
3 Ua like hoi ia i ka nana aku me ka hihio a'u i ike ai, ka hihio a'u i ike ai i kuu hele ana mai no ka luku ana i ke kulanakauhale; a ua like na hihio, me ka hihio a'u i ike ai ma ka muliwai Kebara, a haule iho la au ilalo ke alo.
၃ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
4 Komo ae la ka nani o Iehova iloko o ka hale ma ka aoao o ka ipuka e nana ana i ka hikina.
၄ထာဝရဘုရား၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။
5 Kaikai ae la ka uhane ia'u, a lawe ae hoi ia'u iloko o ka pahale maloko; aia hoi, ua hoopiha ka nani o Iehova i ka hale.
၅ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။
6 A lohe aku la au ia ia, e olelo mai ana ia'u mailoko mai o ka hale; a ku mai la he kanaka me au.
၆အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား၊
7 A olelo mai la oia ia'u, E ke keiki a ke kanaka, o kahi o kuu noho moi, a me kahi o na poli o kuu mau wawae, kahi e noho ai au iwaenakonu o na mamo a Iseraela a mau loa; a o ko'u inoa hoano, aole loa ka ohana a Iseraela e hoohaumia hou mai, aole o lakou, aole hoi o ko lakou mau alii, ma ko lakou moe kolohe ana, aole hoi ma na kupapau o ka lakou mau alii ma ko lakou mau wahi kiekie.
၇အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
8 I ko lakou kau ana i ko lakou paepae me kuu paepae, a i ko lakou mau laau ku me kuu mau laau ku, a he pa iwaena o'u a me lakou, ua hoohaumia lakou i ko'u inoa hoano, me ko lakou mau mea inainaia a lakou i hana'i: nolaila, ua hoopau aku au ia lakou i ko'u huhu.
၈သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ၎င်း၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ၎င်း တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော် မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။
9 Ano hoi, he pono ke hookaawale ae lakou i ko lakou moe kolohe ana, a me na kupapau o ko lakou mau alii, a mamao aku mai o'u aku nei, a e noho au iwaenakonu o lakou a mau loa aku.
၉ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။
10 O oe, e ke keiki a ke kanaka, e hoike i ka hale i ka ohana a Iseraela, i hilahila lakou i ko lakou lawelawe ana; a e ana lakou i ke ano.
၁၀အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့ တိုင်းကြ စေလော့။
11 A ina e hilahila lakou i ka mea a pau a lakou i hana'i, e hoike ia lakou i ke kino o ka hale, a me kona ano, a me kona mau wahi e puka ai, a me kona mau wahi e komo ai, a me kona mau ano a pau, a me kona mau oihana a pau, a o kona ano a pau, a me kona mau kanawai a pau; a e kakau iho oe ia imua o ko lakou mau maka, i malama lakou i kona ano a pau, a me kona mau oihana a pau, a e hana hoi malaila.
၁၁သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံများ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့။
12 Eia ke kanawai o ka hale; ma ka piko o ka mauna, e hoano loa kona palena a puni. Ea, oia ke kanawai o ka hale.
၁၂တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏ ကရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏ တရားပေတည်း။
13 Eia na ana o ke kuahu, mamuli o na kubita; o ke kubita he kubita ia a me ka peahi lima; o kona kumu, hookahi kubita ia, a o kona laula he kubita ia, a o kona kae ma kona lehelehe a puni hookahi peahi lima no ia; oia hoi kahi kiekie o ke kuahu.
၁၃ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14 A mai ke kumu ma ka honua ae a hiki i ke anuu puni lalo, elua kubita, a o ka laula hookahi kubita; a mai ke anuu iki a hiki i ke anuu nui eha kubita, a o ka laula hookahi kubita.
၁၄အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
15 Oia kuahu o ke Akua eha kubita, a mai ke kuahu iluna ae eha pepeiaohao.
၁၅ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
16 A he umikumamalua kabita ka loa o ke kuahu, a he umikumamalua ka laula, he ahalike ma kona mau huina ha.
၁၆ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
17 A o ke anuu puni he umikumamaha ka loa, a he umikumamaha ka laula, i kona mau huinaha; a o ke kae a puni he hapalua o ke kubita, a kona lalo he kubita a puni, a e nana kona mau anuu pii ma ka hikina.
၁၇အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
18 Olelo mai la hoi oia ia'u, E ke keiki a ke kanaka, Ke i mai nei Iehova ka Haku, Eia na oihana o ke kuahu, i ka la e hana'i lakou ia mea, e kaumaha ai i na mohaikuni maluna iho, a e pipi hoi i ke koko maluna iho ona.
၁၈တဖန်အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရား ဟူမူကား၊
19 A e haawi aku oe i na kahuna, o na Levi, no na hua a Zadoka, na mea i hookokoke mai ia'u, wahi a Iehova ka Haku, e lawelawe no'u, i bipi opiopio i mohailawehala.
၁၉အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။
20 A e lawe oe i ke kauwahi o kona koko, a e kau aku ma kona mau pepeiaohao eha, a ma na kihi eha o ke anuu puni, a ma kona kae a puni; pela no oe e hoomaemae ai a e huikala ai ia mea.
၂၀နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
21 E lawe hoi oe i ka bipi mohailawehala, a e puhi oia ia mea i ke ahi ma kahi i hoomaopopoia o ka hale, mawaho ae o kahi hoano.
၂၁အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။
22 A i ka lua o ka la, e kaumaha aku oe i ke keiki a na kao kina ole, i mohailawehala; a e hoomaemae lakou i ke kuahu me lakou i hoomaemae ai ia me ka bipi.
၂၂ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည်။
23 A pau ia oe ka hoomaemae ana, e kaumaha oe i ka bipi opiopio kina ole, a me ka hipakane kina ole no ka ohana.
၂၃ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။
24 A e kaumaha oe ia mau mea ma ke alo o Iehova, a e hoolei na kahuna i ka paakai maluna o ia mau mea, a e kaumaha ia mau mea i mohaikuni no Iehova.
၂၄ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။
25 I na la ehiku e hoomakaukau no oe i ke kao i kela la i keia la i mohailawehala; a e hoomakaukau hoi lakou i ka bipi opiopio, a me ka hipakane no loko o ka ohana, he kina ole.
၂၅ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည်။
26 I na la ehiku e huikala lakou i ke kuahu a e hoomaemae ia mea; a e hoolaa ia lakou iho.
၂၆ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
27 A pau ae ia mau la, e hiki no keia, ma ka walu o ka la a malaila aku, e kaumaha no ke kahuna i ka oukou mau mohaikuni maluna o ke kuahu, a me ka oukou mau mohaihoomalu; a e maliu aku au ia oukou, wahi a Iehova ka Haku.
၂၇ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။