< Ezekiela 13 >

1 HIKI mai la hoi ka olelo a Iehova ia'u, i mai la,
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 E ke keiki a ke kanaka, e wanana ku e oe i na kaula o ka Iseraela, na mea e wanana ana, a e olelo oe i ka poe e wanana ana ae mai loko ae o ko lakou naau iho, E hoolohe oukou i ka olelo a Iehova;
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ရော​ဖက်​များ​ကို​ရှုတ်​ချ လော့။ ဗျာ​ဒိတ်​စ​ကား​များ​ကို မိ​မိ​တို့​ကိုယ်​တိုင် လုပ်​ကြံ​ဟော​ပြော​ကြ​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန် ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
3 Ke i mai nei Iehova ka Haku penei; Auwe ka poe kaula naaupo i hahai mamuli o ko lakou uhane iho, aole hoi mea a lakou i ike ai!
အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​မိုက် တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​ငါ ၏​ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​ကို​မ​ခံ​ရ​ဘဲ မိ​မိ​တို့​ကိုယ်​တိုင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ ကို​လုပ်​ကြံ​ဟော​ပြော​ကြ​၏။-
4 E ka Iseraela, ua like kou poe kaula me na alopeke o ka waonahele.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ပ​ရော ဖက်​များ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော​မြို့​ရှိ ခွေး​အ​များ​နှင့်​တူ​ကြ​၏။-
5 Aole oukou i pii iloko o na wahi i wahiia, aole hoi oukou i hana i ka pa, no ka ohana a Iseraela, e ku aku ai i ke kaua i ka la o Iehova,
ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
6 Ua ike lakou i ka mea lapuwale, a me ka wanana wahahee, e i ana, Wahi a Iehova; aole o Iehova i hoouna ia lakou; a ua hoolana lakou i ka manao o kekahi poe e hookoia'i ua olelo la.
သူ​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သူ​တို့​ကြို​တင်​ဟော​ကြား​ချက် များ​သည်​လည်း​မု​သား​စ​ကား​များ​ဖြစ်​၏။ ထာ​ဝရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ​သော်​လည်း ထို​ဗျာ​ဒိတ်​ကို​ငါ​မ​ပေး ခဲ့။ သို့​ပါ​လျက်​သူ​တို့​သည်​ဟော​ကြား​သည့် အ​တိုင်း​ဖြစ်​ပျက်​လိမ့်​မည်​ဟု​စောင့်​စား​ကြ ပါ​သည်​တ​ကား။-
7 Aole anei oukou i ike i ka hihio lapuwale? aole anei oukou i olelo i ka wanana wahahee? ua olelo no hoi oukou, Ke i mai nei Iehova, aole nae au i olelo.
သူ​တို့​အား​ဤ​သို့​ဆင့်​ဆို​လော့။ သင်​တို့​၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည်​အ​တု​ဖြစ်​၍ သင် တို့​ကြို​တင်​ဟော​ကြား​ချက်​များ​သည်​လည်း မု​သား​စ​ကား​များ​ဖြစ်​၏။ သင်​တို့​က​ထို စ​ကား​များ​သည် ငါ​၏​ဗျာ​ဒိတ်​တော်​ဖြစ် သည်​ဟု​ဆို​သော်​လည်း ငါ​သည်​ထို​ဗျာ​ဒိတ် ကို​သင်​တို့​အား​မ​ပေး​ခဲ့'' ဟု​မိန့်​တော် မူ​၏။
8 Nolaila ke i mai nei Iehova ka Haku penei; No ka oukou olelo ana i ka mea lapuwale, a me ka ike ana i ka mea wahahee, nolaila, eia hoi, ke ku e nei au ia oukou, wahi a Iehova ka Haku.
ထို့​ကြောင့်​သူ​တို့​အား​ထာ​ဝရ​အ​ရှင်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား``သင်​တို့​မြင်​သော အ​ရာ​များ​သည်​မ​ဟုတ်​မ​မှန်။ သင်​တို့​၏​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​သည်​လည်း​လီ​ဆယ်​မှု​များ သာ​ဖြစ်​သ​ဖြင့် ငါ​သည်​သင်​တို့​အား​ဆန့်​ကျင် ဘက်​ပြု​လျက်​ရှိ​၏​ဟု ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
9 A e kau no ko'u lima maluna o ka poe kaula i ike i ka mea lapuwale, a i wanana hoi i ka mea wahahee; aole lakou e noho iloko o ke anaina o ko'u poe kanaka, aole hoi lakou e kakauia ma ka palapala o ka ohana a Iseraela, aole hoi lakou e komo i ka aina o ka Iseraela; a e ike no hoi oukou, owau no Iehova ka Haku.
ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
10 No ka mea, no ko lakou hoowalewale ana i ko'u poe kanaka, i ka i ana'e, He malu, aole ka he malu. A kukulu kekahi i kahi pa, aia hoi, kekahi poe i hamo aku ia me ka puna ikaika ole.
၁၀``ပ​ရော​ဖက်​တို့​သည်`အ​မှု​ခပ်​သိမ်း​အေး​ငြိမ်း ပါ​သည်' ဟု​ဆို​၍​ငါ့​လူ​မျိုး​တော်​အား​လှည့် စား​ခဲ့​ကြ​၏။ အ​မှု​ခပ်​သိမ်း​မှာ​မ​အေး​မ ငြိမ်း​သေး​ပါ​တ​ကား။ ငါ​၏​လူ​မျိုး​တော် သည်​သ​ရွတ်​မ​ကိုင်​သည့်​ကျောက်​မြို့​ရိုး​ကို တည်​ဆောက်​၍​ပ​ရော​ဖက်​တို့​က​လာ​၍​ထုံး သုတ်​ပေး​ကြ​၏။-
11 E olelo aku i ka poe hamo me ka puna ikaika ole, E hina no ia. E hiki iho ka ua e kahe nui ana, a e haule no hoi oukou, e na huahekili nui, a e nahaha ia i ka makani ino.
၁၁ထို​မြို့​ရိုး​သည်​ပြို​ကျ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ထို​မြို့​ရိုး​ကို​ထုံး​သုတ်​သူ​တို့​အား​ဆင့်​ဆို လော့။ ငါ​သည်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​စေ မည်။ မိုး​သီး​များ​သည်​မြို့​ရိုး​ပေါ်​သို့​ကျ လျက်​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​လာ သ​ဖြင့်၊-
12 Aia hoi, a hina ka pa, aole anei e ninauia oukou, Auhea la ka puna hamo a oukou i hamo ai ia?
၁၂ထို​မြို့​ရိုး​သည်​ပြို​ကျ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​တို့​ထုံး​သုတ်​ခဲ့​သည့်​အ​ကျိုး​ကား​အ ဘယ်​မှာ​နည်း​ဟု လူ​တိုင်း​ပင်​မေး​မြန်း​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
13 Nolaila, ke i mai nei Iehova ka Haku penei; E wawahi aku au ia me ka makani ino i ko'u huhu, a e hiki ka ua kahe nui i ko'u inaina, a me na huahekili nui i ko'u ukiuki e hoopau aku ai.
၁၃အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​အ​မျက်​ထွက်​၍​ထို​မြို့​ရိုး ကို​ဖြို​ရန်​လေ​ပြင်း​မုန်​တိုင်း​ကို​တိုက်​စေ​မည်။ ဒေါ​သ​ထွက်​၍​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း စေ​၍​မိုး​သီး​များ​ကို​ကျ​လျက်​ပျက်​စီး စေ​မည်။-
14 Pela e wawahi ai au i ka pa a oukou i hamo ai me ka puna ikaika ole, a e hoohaahaa ilalo a i ka lepo, i ikeia kona kumu, a e hinaia, a e hoopau pu ia oukou iwaenakonu ona: a e ike hoi oukou owau no Iehova ka Haku.
၁၄အုတ်​မြစ်​များ​အ​တိုင်း​သား​ပေါ်​လာ​စေ ရန်​ရည်​ရွယ်​လျက် ငါ​သည်​ပ​ရော​ဖက်​တို့ ထုံး​သုတ်​ထား​သည့်​မြို့​ရိုး​ကို​ဖြို​ချ​ချိုး ဖဲ့​မည်။ မြို့​ရိုး​ပြို​ကျ​သော​အ​ခါ သင်​တို့ သည်​ပိ​၍​သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
15 Pela e hooko ai au i ko'u huhu maluna o ka pa, a maluna o ka poe hamo aku me ka puna ikaika ole; a o olelo aku au ia oukou, Aole o ka pa, aole hoi ka poe i hamo ia ia;
၁၅``မြို့​ရိုး​နှင့်​တ​ကွ​ယင်း​ကို​ထုံး​သုတ်​ပေး ကြ​သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​မြို့​ရိုး​ကား ပြို​ပျက်​လေ​ပြီ။ ယင်း​ကို​ထုံး​သုတ်​ပေး​ကြ သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​စ​စ အ​ရာ​ရာ​အေး​ငြိမ်း​မှု​မ​ရှိ​ဘဲ အေး​ငြိမ်း သော​ရူ​ပါ​ရုံ​ကို​မြင်​ပါ​သည်​ဟု​ဆို​ကြ သော​ပ​ရော​ဖက်​များ​သည် မြို့​ရိုး​များ​နည်း တူ​ပျက်​စီး​ဆုံး​ပါး​ကြ​ပြီ'' ဟု​သင်​တို့ အား​ငါ​ပြော​မည်​ဟူ​၍​ဖြစ်​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သော စ​ကား​ဖြစ်​သ​တည်း။
16 O ka poe kaula o ka Iseraela i wanana no Ierusalema, i ike hoi i hihio no ka malu nona, aole hoi malu, wahi a Iehova ka Haku.
၁၆
17 O oe hoi, e ke keiki a ke kanaka, e hooku e i kou wahi maka i na kaikamahine o ko'u poe kanaka, ka poe i wanana, mai loko ae o ko lakou naau iho; a e wanana ku e oe ia lakou,
၁၇ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​အ​ထဲ​တွင် ဗျာ​ဒိတ်​စ​ကား များ​ကို​လုပ်​ကြံ​ဟော​ပြော​ကြ​သူ​အ​မျိုး သ​မီး​တို့​ကို​ကြည့်​လော့။ သူ​တို့​အား​ရှုတ် ချ​လော့။-
18 A e olelo aku, ke i mai nei Iehova ka Haku, penei; Auwe ka poe wahine i humuhumu i na uluna malalo ae o na kuekue lima a pau, a e hana hoi i na pale moe ma ke poo o kanaka o kela kiekie keia kiekie, e hoohalua ai i na uhane! e imi anei oukou i na uhane o ko'u poe kanaka, a e hoola anei oukou i na uhane hele io oukou la?
၁၈ထို​နောက်​သူ​တို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ရ​မည်​မှာ ``အ​ချင်း​အ​မျိုး​သ​မီး​တို့​သင်​တို့​သည်​အ မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ခြား​လူ တို့​ကို​ထောင်​ချောက်​ကဲ့​သို့​ချုပ်​ကိုင်​နိုင်​သော တန်​ခိုး​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​တိုင်း​အား​သင် တို့​သည်​မှော်​အ​တတ်​စီ​ရင်​ထား​သည့်​လက် ပတ်​များ​နှင့် ခေါင်း​စည်း​ပု​ဝါ​များ​ကို​ချုပ် လုပ်​တပ်​ဆင်​ပေး​ကြ​၏။ သင်​တို့​သည်​မိ​မိ တို့​ကိုယ်​ကျိုး​အ​တွက် ငါ​၏​လူ​စု​တော် အ​ပေါ်​သေ​မှု​ရှင်​မှု​တန်​ခိုး​ကို​ရ​လို ကြ​၏။-
19 E hoohaumia anei oukou ia'u iwaena o ko'u poe kanaka no na pihalima o ka bale, a no na apana berena, e pepehi i na uhane aole e pono ke make, a e kaohi ma ke ola i na uhane aole e pono ke ola, ma ko oukou wahahee ana i ko'u poe kanaka i lohe i ko oukou wahahee ana?
၁၉မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။
20 Nolaila, ke i mai nei Iehova ka Haku, Ke ku e nei au i ko oukou mau uluna, na mea i hoohalua ai oukou i na uhane ilaila e like me na manu la, a e hoohemo ae au ia mau mea mai ko oukou mau lima ae, a e hookuu aku au i ka poe uhane, i ka poe uhane a oukou i hoohalua ai e like me na manu.
၂၀အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငှက်​ကို​ဖမ်း​သ​ကဲ့​သို့၊ လူ​တို့​အား ထောင်​ချောက်​ကဲ့​သို့​ထိန်း​ချုပ်​ရန် သင်​အ​သုံး ပြု​သည့်​လက်​ပတ်​များ​ကို​ငါ​မုန်း​၏။ သင် ၏​လက်​မှ​လက်​ပတ်​များ​ကို​ဆွဲ​ဖြတ်​ကာ ငှက်​များ​ကဲ့​သို့​ထိန်း​ချုပ်​ခံ​ထား​ရ​သူ တို့​အား​သင်​၏​လက်​မှ​ငါ​လွတ်​မြောက် စေ​မည်။-
21 E nahae hoi ia'u ko oukou mau pale, a e hoopakele ae au i ko'u poe kanaka mailoko ae o ko oukou lima; aole e koe lakou iloko o ko oukou lima e heiia'i; a e ike auanei oukou owau no Iehova.
၂၁သင်​၏​ခေါင်း​စည်း​ပု​ဝါ​များ​ကို​ဆွဲ​ဖြတ် ၍ ငါ​၏​လူ​မျိုး​တော်​အား​သင့်​လက်​မှ အ​ပြီး​အ​ပိုင်​လွတ်​မြောက်​စေ​မည်။ ထို အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​သိ​ရှိ​လိမ့်​မည်။
22 No ka mea, me ka wahahee ana ua hookaumaha oukou i ka naau o ka mea pono, i hookaumaha ole ia e au; a ua hooikaika oukou i na lima o ka mea hewa i huli ole ai oia mai kona aoao hewa mai, ma ka olelo hoopomaikai ana ia ia i ke ola.
၂၂``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-
23 Nolaila, e ike ole oukou i ka mea lapuwale, aole hoi e wanana i ka wanana; no ka mea, e hoopakele ae au i ko'u poe kanaka mailoko ae o ko oukou lima; a e ike oukou owau no Iehova.
၂၃သို့​ဖြစ်​၍ သင်​တို့​သည်​သင်​တို့​၏​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​ရ​တော့​မည် မ​ဟုတ်။ မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ သည့်​ဗျာ​ဒိတ်​စ​ကား​များ​ကို​ဟော​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​စေ​ရန်​ငါ ၏​လူ​မျိုး​တော်​အား​သင်​တို့​လက်​မှ ငါ​ကယ်​ဆယ်​မည်'' ဟူ​၍​တည်း။

< Ezekiela 13 >