< Ezekiela 11 >
1 A KAIKAI iho la ka uhane ia'u, a lawe ia'u i ka pukapa hikina o ko Iehova hale e nana ana ma ka hikina; aia hoi, ma ke pani o ka pukapa he iwakaluakumamalima kanaka, a iwaena o lakou ike aku la au ia Iaazania ke keiki a Azura, a me Pelatia ke keiki a Benaia, na'lii o na kanaka.
၁ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။
2 Alaila olelo mai la oia ia'u, E ke keiki a ke kanaka, eia na kanaka i kukakuka i ka mea ino, a haawi hoi i ka oleloao hewa iloko o keia kulanakauhale:
၂ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။
3 Na mea olelo, Aole kokoke mai, e kukulu kakou i na hale: eia ka ipuhao nui, a o kakou ka io.
၃သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြ ကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ၏။
4 Nolaila o wanana ku e ia lakou, e wanana, e ke keiki a ke kanaka.
၄သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
5 A haule mai la ka Uhane o Iehova, a olelo mai la ia'u, E olelo oe, Ke i mai nei o Iehova penei; Ua olelo oukou pela, e ka ohana a Iseraela: no ka mea, ua ike au i na mea a pau i komo iloko o ko oukou naau.
၅ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။
6 Ua hoonui oukou i ko oukou poe i hoomakeia iloko o keia kulanakauhale, a ua hoopiha oukou i kona mau alanui me na mea i make i ka pepohiia.
၆သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။
7 Nolaila ke i mai nei o Iehova ka Haku, O ko oukou poe i make i ka pepehiia a oukou i hoomoe iho ai iwaenakonu ona, o lakou ka io, a o keia ka ipuhao nui; aka, e lawe ae au ia oukou iwaho, mai waenakonu ae ona.
၇ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။
8 O ka pahikaua ka oukou i makau ai; a o ka pahikaua ka'u e hooili ai maluna o oukou, wahi a Iehova ka Haku.
၈သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9 A e lawe ae au ia oukou mai waenakonu ae ona, a e haawi ia oukou i na lima o na malihini, a e hana au ma ka hoopai ana iwaena o oukou.
၉ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
10 A e haulo oukou i ka pahikaua; e hoopai au ia oukou ma ka palena o ka Iseraela; a e ike no oukou owau no Iehova.
၁၀သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
11 Aole e lilo keia i ipuhao nui no oukou, aole hoi oukou ka io iwaenakonu ona; aka, ma ka palena o ka Iseraela e hoopai aku ai au ia oukou.
၁၁ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
12 A e ike oukou owau no Iehova; e ka poe hele ole ma ko'u mau kanawai, aole hana i ka'u mau oihana, aka, ua hana oukou mamuli o na oihana a na lahuikanaka e hoopuni ana ia oukou.
၁၂အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။
13 Eia kekahi, i kuu wanana ana, make iho la o Pelatia ke keiki a Benaia. Alaila moe iho au ilalo ke alo, a kahea aku la me ka leo nui, i aku la, Auwe, e Iehova ka Haku e! e hoopau io anei oe i ke koena o ka Iseraela?
၁၃ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။
14 Hiki hou mai la ka olelo a Iehova ia'u, i mai la,
၁၄တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
15 E ke keiki a ke kanaka, o kou poe hoahanau, o kou poe hoahanau, o na kanaka hanauna on, a me ka ohana okoa o ka Iseraela, o lakou ka poe a ko Ierusalema i kauoha aku ai, E hoomamao loa aku oukou ia Iehova; no ka mea, ua haawiia mai keia aina no makou i waiwai ili.
၁၅အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
16 Nolaila e olelo oe, Ke i mai nei Iehova ka Haku penei; I kipaku hoi au ia lakou i kahi loihi aku mawaena o na lahuikanaka, a i hoopuehu hoi au ia lakou iwaena o na aina, e lilo no nae au i wahi keenakapu iki no lakou, i na aina e hiki ai lakou.
၁၆ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
17 Nolaila e olelo aku oe, Ke i mai nei o Iehova ka Haku, E houluulu au ia oukou mai waena mai o na kanaka, a e hoakoakoa ia oukou mai loko mai o na aina i puehuia'i oukou, a e haawi aku au i ka aina o ka Iseraela ia oukou.
၁၇အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
18 A e hele mai no lakou ilaila, a e lawe aku lakou i na mea i hoowahawahaia a pau ona, a me na mea i inainaia a pau ona mai laila aku.
၁၈သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။
19 A e haawi aku au ia lakou i ka naau hookahi, e haawi hoi au i uhane hou iloko o oukou, a e lawe aku au i ka naau pohaku mailoko aku o ka lakou io, a e haawi aku au i ka naau io ia lakou;
၁၉ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊
20 I hele lakou ma ko'u mau kanawai, a e malama hoi i ka'u mau oihana, a e hana hoi ia mau mea; a e lilo lakou i kanaka no'u, a owau hoi i Akua no lakou.
၂၀သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
21 Aka, o ka poe i hele ko lakou naau mamuli o ka naau o ko lakou mau mea i hoowahawahaia, a me ko lakou mau mea inainaia, e uku aku au i ko lakou aoao maluna o ko lakou poo iho, wahi a Iehova ka Haku.
၂၁သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
22 Alaila hapai ae la na keruba i ko lakou mau eheu, a me na huila ma ko lakou mau aoao; aia maluna o lakou ka nani o ke Akua o ka Iseraela.
၂၂ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
23 A pii ae la ka nani o Iehova mai waenakonu aku o ke kulanakauhale, a kau ma ka mauna ma ka aoao hikina o ke kulanakauhale.
၂၃ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။
24 A mahope iho kaikai ae la ka uhane, a lawe ia'u iloko o ka hihio ma ka Uhane o ke Akua i Kaledea i ka poe pio. A pii ae la ka hihio a'u i ike aku ai mai o'u aku la.
၂၄ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
25 Alaila olelo aku au i ka poe pio i na mea a pau a Iehova i hoike mai ai ia'u.
၂၅ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။