< Pukaana 40 >
1 OLELO mai la hoi o Iehova ia Mose, i mai la,
၁ထာဝရဘုရားကမောရှေအား၊
2 I ka la mua o ka malama mua, e kukulu oe i ka halelewa o ka halelole o ke anaina kanaka:
၂``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။-
3 A e waiho oe maloko olaila i ka pahu kanawai, a e uhi i ka pahu i ka paku.
၃တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
4 A e lawe oe i ka papaaina iloko, a e hoonohonoho i na ohana maluna iho; a e lawe mai hoi i ka ipukukui manamana, a e hoa hoi i kona mau ipu aila.
၄တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။-
5 A e kau oe i ke kuahu gula no ka mea ala imua o ka pahu kanawai, a e kau aku i ka pale o ka puka o ka halelewa.
၅နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
6 A e hoonoho oe i ke kuahu no ka mohaikuni imua o ka puka o ka halelewa o ka halelole o ke anaina kanaka.
၆ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။-
7 A e kau oe i ka ipuanau mawaena o ka halelole o ke anaina kanaka, a me ke kuahu, a e ninini hoi i ka wai maloko.
၇အင်တုံကိုထာဝရဘုရားစံတော်မူရာတဲ တော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင်ထား၍၊ အင်တုံ ၌ရေဖြည့်လော့။-
8 A e kukulu oe i ka paku kahua a pau, a e kau aku i ka pale ma ka puka o ke kahua.
၈တဲတော်ပတ်လည်တွင်ဝင်းကာ၍၊ ဝင်း တံခါးဝ၌ ကန့်လန့်ကာကိုတပ်ဆင်လော့။
9 E lawe no hoi oe i ka aila poni, a e poni iho i ka halelewa, a me na mea a pau maloko, a e hoolaa ia mea, a me kona oihana a pau, a e lilo ia i mea laa.
၉``တဲတော်နှင့်တဲတော်အတွင်း၌ရှိသမျှ သောအရာတို့ကို ဘိသိက်ဆီသွန်းလောင်း ၍၊ ထာဝရဘုရားထံဆက်ကပ်လော့။-
10 A e poni no hoi oe i ke kuahu no ka mohaikuni, a me kana oihana a pau, a e hoolaa i ke kuahu, a e lilo ia i kuahu laa loa.
၁၀ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။-
11 A e poni oe i ka ipuauau a me kona kumu, a e hoolaa ia mea.
၁၁ထိုနည်းအတိုင်းအင်တုံနှင့်အောက်ခံခုံများ ကိုဆက်ကပ်လော့။
12 A e lawe mai oe ia Aarona a me kana mau keikikane i ka puka o ka halelewa o ke anaina kanaka, a e holoi ia lakou i ka wai.
၁၂``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
13 A e hookomo no oe maluna o Aarona i na kahiko laa, a e poni ia ia, a e hoolaa ia ia, i lawelawe oia na'u ma ka oihana kahuna.
၁၃အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။-
14 A e lawe mai no hoi oe i kana mau keikikane, a e hookomo maluna o lakou i na palule:
၁၄သူ၏သားများကိုလည်းခေါ်၍အင်္ကျီဝတ် ပေးလော့။-
15 A e poni oe ia lakou, e like me kou poni ana i ko lakou makuakane, i lawelawe lakou na'u ma ka oihana kahuna; no ka mea, he oiaio, e lilo ko lakou poni ana, i mea e kahuna mau loa ai, i ko lakou mau hanauna aku.
၁၅ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
16 Pela o Mose i hana'i: e like me na mea a pau a Iehova i kauoha mai ai ia ia, pela no ia i hana'i.
၁၆မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-
17 A i ka malama mua o ka makahiki alua, i ka la mua o ka malama, ua kukuluia ka halelewa.
၁၇သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။-
18 A kukulu o Mose i ka halelewa, a hoopaa iho la i kona mau kumu, a kukulu hoi i kona mau papa, a hookomo ae la i kona mau auka e paa ai, a kukulu no hoi i kona mau pou.
၁၈မောရှေသည်တဲတော်၏အောက်ခံခုံများကို နေရာချထား၏။ ထိုနောက်ဘောင်ခွေများကို ထောင်၍ ကန့်လန့်ကျင်များကိုလျှိုလျက်တိုင် များကိုထူ၏။-
19 A haalii ae la oia i ka halelole maluna o ka halelewa, a kau aku la i ka uhi o ka halelole maluna aku; e like me ka Iehova i kauoha mai ai ia Mose.
၁၉ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။-
20 A lawe oia, a waiho aku la i ke kanawai iloko o ka pahu, a hoonoho i ka noho aloha maluna ma ka pahu.
၂၀ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
21 A lawe ae la oia i ka pahu iloko o ka halelewa, a kau aku la maluna i ka paku e uhi ai, a uhi ae la i ka pahu kanawai; e like me ka Iehova i kauoha mai ai ia Mose.
၂၁ထိုနောက်သူသည်သေတ္တာတော်ကိုတဲတော် အတွင်း၌သွင်း၍ ကန့်လန့်ကာကိုကာသ ဖြင့်၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သေတ္တာကိုကာထားလေ၏။-
22 A waiho aku la oia i ka papaaina iloko o ka halelole o ke anaina kanaka, ma ka aoao akau o ka halelewa, mawaho o ka paku.
၂၂သူသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းစားပွဲကိုထာဝရဘုရားစံတော် မူရာတဲတော်အတွင်း မြောက်ဘက်၊ ကန့်လန့် ကာအပြင်ဘက်တွင်နေရာချထား၍၊-
23 A hoonohonoho oia i ka berena maluna olaila, imua o Iehova; e like me ka Iehova i kauoha mai ai ia Mose.
၂၃ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
24 A kau aku la oia i ka ipukukui manamana maloko o ka halelewa o ke anaina e ka pono ana i ka papaaina, ma ka aoao hema o ka halelewa.
၂၄သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။-
25 A hoa iho la oia i na kukui imua o Iehova; e like me ka Iehova i kauoha mai ai ia Mose.
၂၅ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
26 A waiho aku la oia i ke kuahu gula maloko o ka halelole o ke anaina kanaka, imua o ka paku.
၂၆ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။-
27 A puhi iho la oia i ka mea ala maikai maluna olaila; e like me ka Iehova i kanoha mai ai ia Mose.
၂၇ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။-
28 A kau aku la oia i ka pale o ka puka o ka halelewa.
၂၈သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်-
29 A waiho aku la oia i ke kuahu o ka mohaikuni ma ka puka o ka halelewa o ka halelole o ke anaina kanaka, a kaumaha aku la maluna olaila i ka mohaikuni, a me ka mohaiai; e like me ka Iehova i kauoha mai ai ia Mose.
၂၉ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။-
30 A kau aku la oia i ka ipuanau mawaena o ka halelole o ke anaina kanaka, a me ke kuahu, a ninini iho la i ka wai iloko, i mea e holoi ai.
၃၀သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-
31 A holoi no Mose, a me Aarona, a me kana mau keikikane i ko lakou mau lima, a me ko lakou mau wawae malaila.
၃၁ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။-
32 A ia lakou i komo ai iloko o ka halelole o ke anaina kanaka, a ia lakou i hookokoke ai i ke kuahu, holoi no lakou; me ka Iehova i kauoha mai ai ia Mose.
၃၂
33 A kukula no hoi oia i ka paku kahuna a puni ka halelewa a me ke kuahu, a kau aku la i ka pale o ka puka o ke kahua; pela o Mose i hoopau ai i ka hana.
၃၃ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။
34 Alaila, uhi mai la ke ao i ka halelole o ke anaina kanaka, e hoopiha mai la ka nani o Iehova i ka halelewa.
၃၄ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
35 Aole hiki ia Mose ke komo iloko o ka halelole o ke anaina kanaka, no ka mea, kau mau no ke ao maluna olaila, a hoopiha hoi ka nani o Iehova i ka halelewa.
၃၅ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။-
36 A i ka pii ana o ke ao mai ka halelewa aku, alaila, hele aku la na mamo a Iseraela i ko lakou hele ana a pau.
၃၆ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။-
37 A i ole e pii aku ke ao, alaila, aole lakou i hele, a hiki i ka la i pii aku ai ia.
၃၇တဲတော်ကိုမိုးတိမ်တိုက်လွှမ်းလျက်နေသည့် ကာလပတ်လုံး သူတို့သည်ခရီးမထွက် ကြချေ။-
38 No ka mea, aia no maluna o ka halelewa, ua ao la o Iehova i ke ao, a he ahi hoi maluna olaila i ka po, imua o na maka o ko ka hale a pau o ka Iseraela, i ko lakou hele ana a pau.
၃၈ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။