< Kanawailua 9 >

1 E HOOLOHE, e ka Iseraela; e hele ana oe i keia la ma kela kapa o Ioredane, e komo a hoolilo nou i na lahuikanaka, he oi aku ka nui a me ka ikaika o lakou i kou, a i na kulanakauhale nui, ua paa i ka pa pohaku, a hala i ka lani.
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-
2 He poe kanaka nunui a loihi, na keiki a ka poe Anakima, a oukou i ike ai, a ua lohe hoi oe, Owai la auanei e hiki ke ku imua o na keiki a Anaka?
လူ​တို့​သည်​အ​ရပ်​မြင့်​၍​ခွန်​အား​ဗ​လ​ကောင်း ၏။ သူ​တို့​သည်​အ​လွန်​ထွား​ကြိုင်း​သ​ဖြင့် မည် သူ​မျှ​သူ​တို့​ကို​မ​ယှဉ်​ပြိုင်​နိုင်​ကြောင်း​သင် တို့​ကြား​ဖူး​ခဲ့​ကြ​ပြီ။-
3 E ike pono oe i keia la, o Iehova kou Akua, ka mea e hele ana imua ou, he ahi ia e hoopau ana, nana lakou e luku aku, a nana lakou e hoohaahaa iho imua o kou maka: a e hookuke aku oe ia lakou, a e luku koke aku ia lakou, e like me ka Iehova i olelo mai ai ia oe.
သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''
4 Mai i iho oe iloko o kou naau mahope o ka Iehova kou Akua kipaku ana aku ia lakou mai kou alo aku, i ka i ana ae, No ko'u pono i lawe mai nei o Iehova ia'u e hoonoho ma keia aina; aka, no ka hewa o keia mau lahuikanaka i kipaku aku ai o Iehova ia lakou mai kou alo aku.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ရှေ့​က​သူ​တို့​ကို​နှင်​ထုတ်​ပြီး​သော အ​ခါ သင်​တို့​နှင့်​ထိုက်​တန်​သော​ကြောင့် ထို​ပြည် သို့​သင်​တို့​ကို​ပို့​ဆောင်​၍​အ​ပိုင်​ပေး​တော်​မူ သည်​ဟု​မ​ဆို​ကြ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​မှု ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​ကို နှင်​ထုတ်​မည်​ဖြစ်​၏။-
5 Aole no kou pono, a me ka pololei o kou naau, kou hele ana e noho ma ko lakou aina; aka, no ka hewa o kela mau luhuikanaka, e kipaku aku ai o Iehova kou Akua ia lakou mai kou alo aku, a e hooko hoi ia i ka olelo a Iehova i hoohiki ai i kou mau kupuna, ia Aberahama, ia Isaaka, a me Iakoba.
သင်​တို့​၏​ကောင်း​မှု​ကု​သိုလ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပြည်​ကို​သင်​တို့​အား​ပေး​တော် မူ​သည်​မ​ဟုတ်။ ထို​သူ​တို့​ဆိုး​ယုတ်​သော​ကြောင့် လည်း​ကောင်း၊ သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ထား ခဲ့​သော​က​တိ​တော်​ကို​တည်​စေ​ရန် အ​လို​တော် ရှိ​သော​ကြောင့်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား သည်​ထို​သူ​တို့​ကို​နှင်​ထုတ်​တော်​မူ​မည်။-
6 E ike hoi oe, aole o Iehova kou Akua e haawi mai i keia aina maikai i lilo ia nou, no kou pono; no ka mea, he poe kanaka a-i oolea oukou,
သင်​တို့​နှင့်​ထိုက်​တန်​သ​ဖြင့်​ထို​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သော​ပြည်​ကို သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခြင်း​မ​ဟုတ်​ကြောင်း​သိ မှတ်​ကြ​လော့။ သင်​တို့​သည်​ခေါင်း​မာ​သော လူ​မျိုး​ဖြစ်​၏။''
7 E hoomanao oe, mai hoopoina i kou hoonaukiuki ana ia Iehova kou Akua ma ka waonahele: ma ka la i puka mai ai oukou mai ka aina o Aigupita mai, a hiki oukou ma keia wahi, ua kipi oukou ia Iehova.
``သင်​တို့​သည်​တော​ကန္တာ​ရ​၌​ရှိ​စဉ်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက် တော်​ထွက်​စေ​ခဲ့​ကြောင်း​အ​မြဲ​သ​တိ​ရ​ကြ လော့။ သင်​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​သော နေ့​မှ​စ​၍ ဤ​အရပ်​သို့​ရောက်​သည့်​နေ့​တိုင်​အောင် ကိုယ်​တော်​ကို​ပုန်​ကန်​ခဲ့​ကြ​၏။-
8 Ma Horeba hoi i hoonaukiuki aku ai oukou ia Iehova, a huhu mai la o Iehova ia oukou e luku aku ia oukou.
သိနာ​တောင်​မှာ​ပင်​ကိုယ်​တော်​ကို သင်​တို့​အား သေ​ကြေ​ပျက်​စီး​စေ​လောက်​အောင်​အ​မျက် တော်​ထွက်​စေ​ခဲ့​ကြ​၏။-
9 Ia'u i pii ae i ka mauna e loaa na papapohaku, na papa o ke kanawai a Iehova i hana'i no oukou, hookahi kanaha ao, a hookahi kanaha po, a'u i noho ai ma ka mauna; aole au i ai i ka ai, aole hoi i inu i ka wai:
ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ် ကို​ရေး​ထား​သော​ကျောက်​ပြား​များ​ကို​လက်​ခံ ခြင်း​ငှာ ငါ​သည်​တောင်​ပေါ်​သို့​တက်​သွား​၏။ အ​ရက်​လေး​ဆယ်​ပတ်​လုံး​ငါ​သည်​မ​စား သောက်​ဘဲ​တောင်​ပေါ်​တွင်​နေ​၏။-
10 A haawi mai o Iehova ia'u i na papapohaku elua, i kakauia e ka lima o ke Akua; a maluna o ia mau mea na huaolelo a pau a Iehova i olelo mai ai ia oukou ma ka mauna, mailoko mai o ke ahi i ka la o ka houluulu ana.
၁၀ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-
11 A pau na la he kanaha, a me na po he kanaha, haawi mai la o Iehova ia'u i na papapohaku elua, oia na papa o ke kanawai.
၁၁ရက်​ပေါင်း​လေး​ဆယ်​ပြည့်​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​ကို​ငါ့ အား​ပေး​တော်​မူ​၏။''
12 A olelo mai o Iehova ia'u, E ku ae oe, e iho koke oe mai keia wahi aku; no ka mea, ua hana hewa kou poe kanaka au i lawe mai nei mai ka aina o Aigupita mai: ua kapae koke ae lakou mai ke ala aku a'u i kauoha aku ai ia lakou; ua hana lakou i kii i hooheeheeia no lakou.
၁၂``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`အီ​ဂျစ် ပြည်​မှ​သင်​ထုတ်​ဆောင်​ခဲ့​သော​သင်​၏​လူ​တို့ သည် စက်​ဆုတ်​ဖွယ်​သော​အ​မှု​ကို​ပြု​ကြ​ပြီ ဖြစ်​သော​ကြောင့် တောင်​ပေါ်​မှ​ချက်​ချင်း​ဆင်း သွား​လော့။ သူ​တို့​သည်​ငါ​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ပစ်​ပယ်​၍ သူ​တို့​ကိုး​ကွယ်​ရန်​ရုပ်တု​ကို သွန်း​လုပ်​ကြ​ပြီ' ဟု​မိန့်​တော်​မူ​၏။''
13 Olelo mai hoi o Iehova ia'u, i mai la, Ua ike au i keia poe kanaka, aia hoi, he poe kanaka a-i oolea keia.
၁၃``တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`သူ​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။-
14 E waiho mai oe ia'u, i luku aku ai au ia lakou, a i hokai aku ai i ko lakou inoa malalo ae o ka lani: a e hoolilo aku au ia oe i lahuikanaka ikaika loa, a nui loa hoi i ko lakou.
၁၄မည်​သူ​မျှ​သူ​တို့​ကို​သ​တိ​မ​ရ​စေ​ရန် သူ တို့​ကို​ငါ​ဖျက်​ဆီး​သုတ်​သင်​ပစ်​မည်​ဖြစ်​၍ ငါ့​ကို​မ​ဆီး​တား​နှင့်။ ထို့​နောက်​ငါ​သည်​သင့် အား​ထို​သူ​တို့​ထက်​များ​ပြား​၍ အင်​အား​ကြီး သော​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​စေ​မည်' ဟု​မိန့်​တော် မူ​၏။''
15 A huli ae au, a iho ilalo mai ka mauna mai, ua wela ka mauna i ke ahi; a ma kuu mau lima elua na papa elua o ke kanawai.
၁၅``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-
16 A nana iho la au, aia hoi, ua hana hewa oukou ia Iehova i ko oukou Akua, ua hana oukou i bipikeiki i hooheeheeia no oukou; ua kapae koke oukou mai ke ala aku a Iehova i kauoha mai ai ia oukou.
၁၆သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သော​ပညတ်​တော်​ကို​နား​မ​ထောင် ဘဲ သင်​တို့​ကိုး​ကွယ်​ရန်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။-
17 A lawe ae la au i na papa elua a hoolei aku la mai ko'u mau lima aku, a nahaha iho la imua o ko oukou maka.
၁၇ထို့​ကြောင့်​ငါ​သည်​သင်​တို့​ရှေ့​တွင်​ကျောက်​ပြား များ​ကို​ပစ်​ချ​သ​ဖြင့် ကျောက်​ပြား​များ​ကျိုး ပဲ့​ကြေ​မွ​ကုန်​၏။-
18 A haule iho la au imua o Iehova, e like mamua, hookahi kanaha ao, hookahi kanaha po; aole au i ai i ka berena, aole hoi i inu i ka wai, no ko oukou hewa a pau a oukou i hana hewa ai imua o Iehova, e hoonaukiuki aku ai ia ia.
၁၈သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​၍ အ​မျက်​တော်​ထွက်​စေ​သော​ကြောင့် ငါ​သည်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​ပျပ်​ဝပ်​လျက် နေ​ခဲ့​၏။-
19 No ka mea, makau iho la au i ka huhu a me ka inaina nui a Iehova i huhu mai ai ia oukou e luku ia oukou: aka, hoolohe mai no o Iehova ia'u i kela manawa.
၁၉ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​မည့်​အ​မျက်​တော်​ကို​ငါ​ကြောက်​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​၏ တောင်း​ပန်​လျှောက်​ထား​ခြင်း​ကို​တစ်​ဖန် နား​ညောင်း​တော်​မူ​၏။-
20 A huhu nui mai no hoi o Iehova ia Aarona e pepehi ia ia: a pule aku au no Aarona hoi i kela manawa.
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​အာရုန်​ကို​လည်း​အ​မျက် တော်​ထွက်​သ​ဖြင့် အ​ဆုံး​စီ​ရင်​ရန်​အ​ကြံ​တော် ရှိ​၏။ ထို့​ကြောင့်​ငါ​သည် အာ​ရုန်​အ​တွက်​ကို လည်း​တောင်း​ပန်​လျှောက်​ထား​၏။-
21 Lawe aku la au i ko oukou hala, i ka bipikeiki a oukou i hana'i, a puhi aku la i ke ahi, a kui iho la, a pepe liilii a aiai e like me ka lepo; a hoolei aku i kona lepo iloko o ke kahawai, e kahe ana mai ka mauna mai.
၂၁ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''
22 A ma Tabera, a ma Masa, a ma Kiberohataava, hoonaukiuki aku la oukou ia Iehova.
၂၂``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-
23 A ia Iehova hoi i hoouna aku ai ia oukou mai Kadesabanea aku, i ka i ana aku, E pii oukou a noho ma ka aina a'u i haawi ai no oukou; alaila kipi mai la oukou i ke kauoha a Iehova ko oukou Akua, aole oukou i hooia aku ia ia, aole hoi oukou i hoolohe i kona leo.
၂၃ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သွား​ရောက်​သိမ်း​ယူ​ရန် သင်​တို့​အား​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​သော​အ​ခါ သင်​တို့ သည်​ပုန်​ကန်​ကြ​၏။ ကိုယ်​တော်​ကို​မ​ယုံ၊ အ​မိန့်​တော်​ကို​နာ​မ​ခံ​ကြ။-
24 He poe kipi oukou ia Iehova mai ka manawa mai o kuu ike ana ia oukou.
၂၄သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''
25 A haule iho la au imua o Iehova, hookahi kanaha ao, hookahi kanaha po, e like me kuu haule ana mamua; no ka mea, ua i mai o Iehova e luku aku ia oukou.
၂၅``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​သုတ်​သင်​ဖျက် ဆီး​မည်​ဖြစ်​သော​ကြောင့် ငါ​သည်​ရက်​ပေါင်း​လေး ဆယ်​ပတ်​လုံး ကိုယ်​တော်​၏​ရှေ့​မှောက်​တွင်​ပျပ်​ဝပ် လျက်​နေ​ခဲ့​၏။-
26 No ia mea, pule aku la au ia Iehova, i aku la, E Iehova, e ka Haku e, mai luku mai oe i kou poe kanaka, a me kou hooilina au i hoola'i ma kou mana, i ka mea hoi au i lawe mai nei mai Aigupita mai me ka lima ikaika.
၂၆ငါ​က`အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​မ​ဟာ တန်​ခိုး​တော်​နှင့်​လက်​ရုံး​တော်​အား​ဖြင့် အီ​ဂျစ် ပြည်​မှ​ကယ်​တင်​ထုတ်​ဆောင်​ခဲ့​သော​ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို သုတ်​သင်​ဖျက်​ဆီး​တော် မ​မူ​ပါ​နှင့်။-
27 E hoomanao oe i kau mau kauwa, ia Aberahama, ia Isaaka, a me Iakoba: mai manao oe i ka paakiki o keia poe kanaka, aole hoi i ko lakou hewa a me ko lakou hala;
၂၇ကိုယ်​တော်​၏​အ​စေ​ခံ​များ​ဖြစ်​သော​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော် မူ​၍ ဤ​လူ​မျိုး​တော်​၏​ခေါင်း​မာ​မှု၊ မိုက်​မဲ​မှု၊ အ​ပြစ်​ကူး​လွန်​မှု​တို့​ကို​သည်း​ခံ​တော်​မူ​ပါ။-
28 O olelo mai auanei ko ka aina nolaila i lawe mai ai oe ia makou, No ka hiki ole ia Iehova ke lawe aku ia lakou ma ka aina ana i olelo mai ai ia lakou, a no kona inaina ia lakou, i lawe mai oia ia lakou e luku ia lakou ma ka waonahele.
၂၈သို့​မ​ဟုတ်​လျှင်​အီ​ဂျစ်​အ​မျိုး​သား​တို့​က ကိုယ် တော်​သည်​သူ​တို့​အား​ကတိ​ထား​တော်​မူ​သော ပြည်​သို့​ပို့​ဆောင်​နိုင်​စွမ်း​မ​ရှိ​ဟု​ဆို​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ကို​မုန်း​သော​ကြောင့် သတ်​ပစ်​ရန်​တော ကန္တာ​ရ​သို့​ထုတ်​ဆောင်​ခဲ့​သည်​ဟု​လည်း​ဆို ကြ​ပါ​လိမ့်​မည်။-
29 O kou poe kanaka no nae lakou, a me kou hooilina au i lawe mai nei me kou mana ikaika, a me kou lima kakauha.
၂၉စင်​စစ်​အား​ဖြင့်​သူ​တို့​သည်​ကိုယ်​တော်​၏​လူ မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​၍ အီ​ဂျစ်​ပြည်​မှ ကိုယ်​တော်​၏​မ​ဟာ​တန်​ခိုး​တော်​နှင့်​လက်​ရုံး တော်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ​ခဲ့​သူ​များ ပင်​ဖြစ်​ကြ​ပါ​သည်' ဟု​တောင်း​ပန်​လျှောက် ထား​ခဲ့​၏။''

< Kanawailua 9 >