< Kanawailua 21 >

1 I NA ma ka aina a Iehova kou Akua i haawi mai ai ia oe, a lilo ia nou, i loaa ka mea i pepehiia e waiho ana ma ke kula, aole i ikeia ka mea nana i pepehi:
သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
2 Alaila e hele mai kou poe lunakahiko a me kou poe lunakanawai, a e ana aku lakou a hiki i na kulanakauhale e puni ana i ka mea i pepehiia.
သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
3 A o ke kulanakauhale kokoke i ka mea i pepehiia, o na lunakahiko o ia kulanakauhale e lawe lakou i ka bipiwahine hou i hoohana ole ia, aole hoi i kauo iloko o ka auamo;
အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
4 A o na lunakahiko o ia kulanakauhale e alakai aku i ka bipiwahine hou ma ke kahawai e kahe mau ana, ma kahi mahi ole ia, aole hoi i luluia, a malaila lakou e oki ai i ke poo o ua bipiwahine la ma ke kahawai:
လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
5 A o na kahuna, na mamo a Levi e hookokoke mai; no ka mea, ua wae mai o Iehova kou Akua ia lakou e lawelawe nana, a e hoomaikai aku ma ka inoa o Iehova, aia no ia lakou ka olelo no na hakaka a me na hahau ana a pau.
သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
6 A o na lunakahiko a pau o ke kulanakauhale e kokoke ana i ka mea i pepehiia, e holoi i ko lakou lima maluna o ka bipiwahine i okiia o kona poo ma ke kahawai:
အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
7 A e olelo mai lakou, e i mai, Aole ko makou lima i hookahe i keia koko, aole hoi i ike ko makou maka.
ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
8 E Iehova, e kala mai i kou poe kanaka, i ka Iseraela au i hoola ai, a mai hoopai i ke koko hala ole maluna o kou poe kanaka o ka Iseraela: a e kalaia ke koko no lakou.
အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
9 A pela e huikala aku ai oe i ke koko hala ole mai ou aku la, no ka mea, ua hana oe i ka pono imua o Iehova.
ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
10 Aia hele aku oe e kaua aku i kou poe enemi, a e hoolilo mai o Iehova kou Akua ia lakou iloko o kou lima, a e lawe pio aku oe ia lakou,
၁၀သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
11 A ike aku oe i wahine maikai iwaena o ka poe pio, a makemake oe e lawe ia ia i wahine nau;
၁၁ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
12 Alaila e lawe oe ia ia ma kou hale; a e ako iho oia i kona poo, a e oki hoi i kona maiuu;
၁၂သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
13 A e waiho aku ia i ka aahu pio mai ona aku la, a e noho ia ma kou hale, a e uwe iho ia i kona makuakane, a me kona makuwahine i hookahi malama; a mahope aku e komo aku oe iloko io na la e lilo i kane nana, a e lilo ia i wahine nau.
၁၃ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
14 A ina aole oe e makemake ia ia, e kuu aku oe ia ia e hele i kona wahi e makemake ai; mai kuai aku oe ia ia no ke kala, aole hoi oe e hoolilo ia ia i waiwai nau, no ka mea, ua hoohaahaa oe ia ia.
၁၄နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
15 Ina elua wahine a kekahi kanaka, ua alohaia kekahi, na aloha ole ia kekahi, a o ka mea alohaia, a me ka mea aloha ole ia i hanau keiki nana: a ina na ka wahine aloha ole ia ka makahiapo;
၁၅လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
16 Alaila, i ka manawa e hooili ai oia i kona waiwai i kana mau keikikane, aole ia e haawi i ka ka hanau mua na ke keiki a ka mea alohaia mamua o ke keiki a ka mea aloha ole ia, oia ka hiapo maoli:
၁၆ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
17 Aka, e hoolilo ia i ke keikikane a ka mea aloha ole ia i hiapo, a e haawi papalua ia ia o kona loaa a pau; no ka mea, oia ka mua o kona ikaika, a nona ka pono o ka hanau mua.
၁၇မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
18 A o ke kanaka ia ia ke keiki hewa, paakiki, aole e hoolohe i ka leo o kona makuakane, a me ka leo o kona makuwahine, a ia laua i ao aku ai ia ia, aole ia i maliu mai ia laua;
၁၈အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
19 Alaila e lalau aku kona makuakane a me kona makuwahine ia ia, a e lawe aku ia ia i na lunakahiko o kona kulanakauhale, a i ka ipuka o kona wahi:
၁၉မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
20 A e olelo aku i na lunakahiko o kona kulanakauhale, Ua hewa, a ua paakiki keia keiki a maua, aole ia i hoolohe i ko maua leo, ua pakela ai, a ua ona.
၂၀အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
21 A o na kanaka a pau o kona kulanakauhale e hailuku ia ia i ka pohaku e make ia; a e lawe aku oe i ka hewa mai ou aku la; a e hoolohe ka Iseraela a pau a e makau hoi.
၂၁မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
22 Ina e hana hewa kekahi kanaka e pono ai ke make, a e pepehiia oia, a e kau aku oe ia ia maluna o ka laau;
၂၂သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
23 Aole e waiho i kona kino a ao ka po maluna o ka laau, aka, e kanu no ia ia ia la, (no ka mea, ua hoinoia e ke Akua ka mea i kaulia, ) i haumia ole ai kou aina a Iehova kou Akua i haawi lilo mai ai i wahi e noho ai nou.
၂၃အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။

< Kanawailua 21 >