< II Samuela 20 >
1 I LAILA kekahi kanaka hewa, o Seba kona inoa, ke keiki a Bikeri, he mamo a Beniamina: puhi aku la ia i ka pu, i aku la, Aole a kakou kuleana iloko o Davida, aole hoi he hooilina iloko o ke keiki a Iese: e hoi no kela kanaka keia kanaka a pau i kona halelewa, e ka Iseraela.
၁ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
2 Alaila pii aku la na kanaka a pau o Iseraela mai o Davida aku la, a hahai aku la lakou ia Seba ke keiki a Bikeri: aka, hoopili aku la na kanaka o ka Iuda i ko lakou alii, mai Ioredane a hiki i Ierusalema.
၂ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
3 Hele mai la o Davida i kona hale i Ierusalema: a lawe ae la ke alii i ua mau haiawahine la he umi ana i waiho ai e kiai i ka hale, a hahao ae la ia lakou iloko o ka halepaahao, a hanai aku la ia lakou; aka, aole ia i komo aku iloko io lakou la. Pela lakou i paa ai e noho kane ole ana, a hiki i ko lakou la make.
၃ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။
4 Alaila i aku la ke alii ia Amasa, E houluulu oe no'u i na kanaka o ka Iuda i na la ekolu, a e hoi hou mai maanei.
၄မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။-
5 Alaila hele aku la o Amasa e houluulu i ka Iuda: aka, ua lohi kela a hala ka manawa i haawiia nona.
၅အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။-
6 I aku la o Davida ia Abisai, Ano, e oi aku ke ino a Seba ke keiki a Bikeri e hana mai ai ia kakou mamua o ka Abesaloma: e lawe oe i na kauwa a kou haku, a e alualu aku ia ia, o loaa ia ia na kulanakauhale i paa i ka pa, a hoopakele ia ia iho mai o kakou aku.
၆ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
7 A hele aku la mamuli ona na kanaka o Ioaba, me ka poe Kereti a me ka poe Peleti, a me ka poe kanaka ikaika a pau: puka aku la lakou iwaho o Ierusalema e alualu ia Seba ke keiki a Bikeri.
၇သို့ဖြစ်၍ယွာဘ၏လူများ၊ ကိုယ်ရံတော်တပ် သားများနှင့်အခြားတပ်သားအပေါင်းတို့ သည် အဘိရှဲနှင့်အတူရှေဘကိုလိုက်လံ ရှာဖွေရန်ယေရုရှလင်မြို့မှထွက်ခွာကြ လေသည်။-
8 Aia hiki aku lakou ma ka pohaku nui i Gibeoua, hele aku la o Amasa imua o lakou. A o ka aahu a Ioaba i aahu iho ai, ua kakuaia ia maluna ona, a maluna iho ke kaei; ua paaia ma kona puhaka ka pahikaua maloko o kona wahi: a i kona hele ana aku, haule iho la ia mea.
၈ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။-
9 I aku la o Ioaba ia Amasa, E ola ana oe, e kuu hoahanau? Lalau aku la Ioaba ia Amasa ma ka umiumi me ka lima akau e honi ia ia.
၉ယွာဘသည်အာမသအား``မိတ်ဆွေ၊ ကျန်း မာပါ၏လော'' ဟုဆိုပြီးလျှင်နမ်းရှုပ်ဟန် ပြု၍ညာလက်ဖြင့်အာမသ၏မုတ်ဆိတ် ကိုဆွဲကိုင်ကာ၊-
10 Aole i manao o Amasa i ka pahikaua ma ka lima o Ioaba: hou aku la kela ia ia me ia mea ma ka lima o ka iwiaoao, a poha mai la kona naau ma ka honua, aole ia i hou hou aku ia ia; a make aku la ia. A alualu aku la o Ioaba a me Abisai kona hoahanau ia Seba ke keiki a Bikeri.
၁၀အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-
11 Ku mai la kekahi kanaka o Ioaba ma ona la, i mai la, O ka mea makemake ia Ioaba, a o ka mea no Davida, mamuli ia o Ioaba.
၁၁ယွာဘ၏ငယ်သားတစ်ယောက်သည်အာမသ ၏အလောင်းအနီးတွင်ရပ်လျက်``ယွာဘနှင့် ဒါဝိဒ်၏ဘက်သားမှန်သမျှသည်ယွာဘ နောက်သို့လိုက်ကြလော့'' ဟုအော်ဟစ်၏။-
12 Oni ae la o Amasa maloko o ke koko, iwaena o ke kuamoo. A ike ae la ua kanaka la, ua ku malie iho la na kanaka a pau, lawe aku la oia ia Amasa mawaho o ke kuamoo i ke kula, a hohola iho la i ke kapa maluna ona, i kona ike ana ua ku malie kela kanaka keia kanaka i hele mai ma ona la.
၁၂အာမသ၏အလောင်းသည်လမ်းလယ်တွင် သွေး၌လူးလျက်နေ၏။ လူတိုင်းပင်ထို နေရာသို့ရောက်သောအခါရပ်တန့်လိုက် ကြသည်ကိုယွာဘ၏ငယ်သားမြင်သော အခါ အလောင်းကိုကွင်းပြင်သို့ဆွဲယူ ပြီးလျှင်အဝတ်နှင့်အုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော်အနီးမှဖြတ် သွားသူအပေါင်းတို့သည်ထိုအလောင်း ကိုမြင်ရကြသောကြောင့်ဖြစ်၏။-
13 A laweia'ku ia mawaho o ke kuamoo, alaila hele aku la na kanaka a pau mahope o Ioaba, e alualu ia Seba ke keiki a Bikeri.
၁၃လမ်းပေါ်မှအလောင်းကိုဖယ်ရှားလိုက်သော အခါ လူအပေါင်းတို့သည်ရှေဘအားလိုက် လံဖမ်းဆီးရန်ယွာဘ၏နောက်သို့လိုက်သွား ကြ၏။
14 Hele aku la ia ma na ohana a pau o ka Iseraela, a hiki i Abela a i Betemaka; a i ka poe Beerota a pau: a ua houluuluia e la hoi lakou a hahai aku la mahope ona.
၁၄ရှေဘသည်ဣသရေလအနွယ်ရှိသမျှထံ သို့ လှည့်လည်ပြီးလျှင်အာဗေလဗက်မာခ မြို့သို့ရောက်ရှိလာ၏။ ထိုအခါဗိခရိ သားချင်းစုရှိသမျှတို့သည် သူ့နောက်သို့ လိုက်၍မြို့ထဲသို့ဝင်ကြ၏။-
15 Hiki aku la lakou, a hoopuni ae la ia ia iloko o Abela-betemaka, hooahu aku la lakou i ka puu e ku pono i ke kulanakauhale, e ku ana ia ma ka pa mawaho: kui aku la ko Ioaba poe kanaka a pau i ka pa pohaku e hoohiolo ia mea malalo.
၁၅ယွာဘ၏လူတို့သည်လည်းရောက်ရှိလာကြ လျက်မြို့ထဲတွင် ရှေဘခိုနေကြောင်းကြား၍ မြို့ကိုဝိုင်းရံထားကြလေသည်။ သူတို့သည် မြို့အပြင်တံတိုင်းကိုကပ်၍ မြေကတုတ် များဖို့ကာမြို့ရိုးပြိုကျစေရန်တံတိုင်း အောက်မြေကိုတူးကြ၏။-
16 Alaila, hea mai la kekahi wahine naauao mailoko mai o ke kulanakauhale, E hoolohe mai, e hoolohe mai; ke noi aku nei au ia oukou, e i aku ia Ioaba, E hele mai a kokoke, i olelo aku ai au me oe.
၁၆ထိုမြို့ထဲတွင်အသိအလိမ္မာရှိသူအမျိုး သမီးတစ်ယောက်ရှိ၏။ သူက``သင်တို့နား ထောင်ကြလော့။ နားထောင်ကြလော့။ ငါသည် ယွာဘနှင့်စကားပြောလိုသည်။ သူ့အား ဤနေရာသို့ခေါ်ခဲ့ကြလော့'' ဟုမြို့ရိုး ပေါ်မှဟစ်အော်၏။-
17 A hiki aku la ia a kokoke io na la, i mai la ka wahine, O Ioaba anei oe? I aku la ia, Owau no. Alaila i mai la kela, E hoolohe mai oe i ka olelo a kau kauwawahine. I aku la ia, Ke lohe nei au.
၁၇ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။ ``ဟုတ်ပါသည်'' ဟုယွာဘဆိုလျှင်၊ ``အရှင်ကျွန်မ၏စကားကိုနားထောင် တော်မူပါ'' ဟုအမျိုးသမီးကပြော၏။ ``ယွာဘက`အကျွန်ုပ်နားထောင်နေပါသည်' ဟုဆိုသောအခါ၊
18 Olelo mai la kela, i mai la, I olelo io mai la lakou mamua, i ka i ana, He oiaio no e ninau mai ana lakou ma Abela, a pela e hooki ai.
၁၈အမျိုးသမီးက``အကြောင်းပြီးစေလိုသော် အာဗေလမြို့သို့သွားလော့' ဟုရှေးဆိုရိုး စကားရှိပါ၏။ လူတို့သည်ဤအတိုင်း လည်းပြုခဲ့ကြ၏။-
19 Owau no ke noho malie a me ka malama iloko o ka Iseraela: ke manao nei oe e luku mai i kekahi kulanakauhale a me ka makuwahine iloko o ka Iseraela. No ke aha la oe e hoopau ai i ka aina a Iehova i hooili mai ai?
၁၉ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
20 Olelo aku la o Ioaba, i aku la, Aole loa, aole loa ia'u ia ke hoopau iho, aole loa ke luku aku.
၂၀ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
21 Aole pela ka mea; aka, he wahi kanaka no ka mauna o Eperaima, o Seba ke keiki a Bikeri ka inoa, ua hookiekie ae ia i kona lima e ku e i ke alii ia Davida: e haawi mai ia ia wale no, a e hoi hou aku no wau mai ke kulanakauhale aku. I mai la ka wahine ia Ioaba, Eia hoi, e kiolaia'ku kona poo i ou la mawaho o ka pa.
၂၁ဖျက်ဆီးရန်ငါတို့မှာအကြံအစည်လည်း မရှိပါ။ ဧဖရိမ်တောင်ကုန်းဒေသမှဗိခရိ ၏သားရှေဘဆိုသူသည် ဒါဝိဒ်မင်းအား ပုန်ကန်မှုကိုစတင်ပြုလုပ်ခဲ့ပါ၏။ ထိုသူ တစ်ဦးတည်းကိုငါ့အားပေးအပ်ပါမူငါ သည်ဤမြို့မှထွက်ခွာသွားပါအံ့'' ဟု ပြန်ပြောလေ၏။ အမျိုးသမီးက``ထိုသူ၏ဦးခေါင်းကိုမြို့ရိုး ပေါ်သို့ကျော်၍ပစ်ချလိုက်ပါမည်'' ဟုဆို ပြီးလျှင်၊-
22 Alaila hele aku la ua wahine la i na kanaka a pau ma kona akamai. A oki iho la lakou i ke poo o Seba ke keiki a Bikeri, a kiola aku la iwaho io Ioaba la. Hookani aku la ia i ka pu, a hoi aku la lakou, o kela kanaka keia kanaka i kona halelewa iho. A hoi aku la o Ioaba i Ierusalema a i ke alii.
၂၂မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
23 A o Ioaba, maluna no ia o ka poe kaua a pau no ka Iseraela: a o Benaia ke keiki a Iehoida, maluna no ia o ka poe Kereti a me ka poe Peleti.
၂၃ယွာဘသည်တပ်မတော်ဗိုလ်ချုပ်ဖြစ်၍ ယောယဒ၏သားဗေနာယသည် ဒါဝိဒ်၏ ကိုယ်ရံတော်တပ်သားများကိုအုပ်ချုပ် ရ၏။-
24 A o Adorama, maluna no ia o ke auhau: a o lehosapata ke keiki a Ahiluda ke kakaumooolelo:
၂၄အဒေါနိရံသည်ချွေးတပ်ကိုအုပ်ချုပ်ရ ၍အဟိလုပ်၏သားယောရှဖတ်သည်မော် ကွန်းထိန်းဖြစ်၏။-
25 A o Seva ke kakauolelo: a o Zadoka me Abiatara na kahuna:
၂၅ရှေဝသည်တရားရုံးတော်အတွင်းဝန်ဖြစ် ၍ဇာဒုတ်နှင့်အဗျာသာတို့သည်ယဇ်ပုရော ဟိတ်များဖြစ်ကြ၏။-
26 A o Ira hoi no Iaira, kekahi alii ia no Davida.
၂၆ယာဣရမြို့သားဣရသည်လည်းဒါဝိဒ်၏ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သတည်း။