< II Oihanaalii 30 >
1 HOOUNA aku la o Hezekia a i ka Iseraela a pau, a me ka Iuda, a kakau no hoi oia i na palapala na ka Eperaima, a me Manase, e hele mai i ka hale o Iehova ma Ierusalema, e hana i ka ahaaina moliaola na Iehova ke Akua o ka Iseraela.
၁တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။
2 Ua kukakuka pu ke alii a me na alii iho ona, a me ka ahakanaka a pau ma Ierusalema, e hana i ka ahaaina moliaola i ka malama elua.
၂ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။
3 No ka mea, aole i hiki ke hanaia ia manawa, no ka mea, aole i huikala pono na kahuna ia lakou iho, aole hoi i akoakoa mai na kanaka ma Ierusalema.
၃ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။
4 A ua pololei ia mea i na maka o ke alii, a i na maka o ka ahakanaka a pau.
၄ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
5 A kau lakou i ke kanawai, e kukala aku ma Iseraela a pau loa, mai Beereseba a hiki i Dana, e hele mai lakou e hana i ka ahaaina moliaola no Iehova, ke Akua o ka Iseraela ma Ierusalema; no ka mea, ua loihi ka ia ana wa i hana ole ai lakou e like me ka mea i kakauia'i.
၅အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါ ပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရ ရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။
6 Alaila, hele aku la ka poe kukini me na palapala a ke alii, a me kona poe alii ma Iseraela a pau a me Iuda, e olelo ana e like me ke kauoha a ke alii, E na mamo a Iseraela, e huli mai ia Iehova ke Akua o Aberahama, a me Isaaka, a me Iseraela, a e huli mai no kela i ke koena, i ka poe o oukou i pakele, mai ka lima mai, o na'lii o Asuria.
၆ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။
7 Mai noho oukou e like me ko oukou poe makua, a me ko oukou poe hoahanau, ka poe i lawehala ia Iehova ke Akua o ko lakou poe kupuna, a haawi oia ia lakou e lukuia mai, e like me ka mea a oukou e ike nei.
၇ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
8 Ano, hooolea oukou i ko oukou a-i e like me ko oukou poe kupuna; e hoolilo ia oukou iho no Iehova, a e komo oukou iloko o kona wahi hoano ana i hoano mau loa ai; a e hookauwa na Iehova ko oukou Akua, i huli ae ka wela o kona huhu mai o oukou aku.
၈သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
9 No ka mea, i ko oukou huli ana ia Iehova, e loaa ke alohaia mai i ko oukou poe hoahanau, a me ka oukou poe kamalii imua o ka poe i lawe pio aku ia lakou, a e hoi hou lakou i keia aina; no ka mea, ua ahonui, a ua lokomaikai o Iehova ko oukou Akua, aole e haliu kona maka mai oukou aku, ke huli oukou ia ia.
၉သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ၌ပါသတည်း။
10 Pela i kaahele ai ka poe kukini mai kekahi kulanakauhale, i kekahi kulanakauhale ma ka aina o Eperaima, a me Manase a hiki i Zebuluna; aka, ua akaaka henehene na kanaka ia lakou me ka hoomaewaewa mai ia lakou.
၁၀စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
11 Aka, o kekahi poe no Asera, a me Manase, a no Zebuluna, hoohaahaa lakou ia lakou iho, a hele mai i Ierusalema.
၁၁သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
12 A maluna o ka Iuda ka lima o Iehova e haawi ia lakou i ka naau hookahi, e hana i ke kauoha a ke alii, a me na alii iho, e like me ke kanawai o Iehova.
၁၂ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ၏။
13 A akoakoa mai la ma Ierusalema na kanaka he nui loa e hana i ka ahaaina berena hu ole, i ka malama elua, he ahakanaka nui loa.
၁၃ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ၏။
14 Alaila, ku ae la lakou iluna a lawe aku lakou i na kuahu ma Ierusalema, a lawe aku no hoi lakou i na ipuahi, a hoolei ia mau mea iloko o ke kahawai o Kederona.
၁၄သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။
15 A pepehi lakou i ka mohai moliaola i ka la umikumamaha o ka malama elua; a o na kahuna a me na Levi, ua hilahila lakou, a huikala lakou ia lakou iho, a lawe lakou i na mohaikuni iloko o ka hale o Iehova.
၁၅ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
16 Ku ae la lakou iluna ma ko lakou wahi e like me ka lakou oihana i kauohaia'i e Mose, ke kanaka o ke Akua; a o na kahuna, kapipi iho la lakou i ke koko i loaa ia lakou ma ka lima o na Levi.
၁၆ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
17 No ka mea, ua nui ka poe iwaena o ka ahakanaka i huikala ole ia lakou iho; nolaila, aia na Levi maluna o ka pepehi ana i ka mohai moliaola no ka poe maemae ole, i mea e huikala ai ia lakou no Iehova.
၁၇မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
18 No ka mea, he lehulehu ka poe kanaka no Eperaima, a me Manase, a me Isekara, a me Zebuluna, aole i huikala lakou ia lakou iho, aka, ai no nae lakou i ka ahaaina moliaola, aole e like me ka mea i kakauia. Aka, pule o Hezekia no lakou, i aku la, E kala mai oe, e Iehova ka maikai,
၁၈များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
19 I kela mea keia mea i hoomakaukau i kona naau e imi i ke Akua ia Iehova, ke Akua o kona poe kupuna, aole nae i maemae e like me ka huikala ana o ka luakini.
၁၉သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊
20 Hoolohe mai o Iehova ia Hezekia, a hoola mai oia i na kanaka.
၂၀ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။
21 A o ka poe mamo a Iseraela a pau ma Ierusalema, hana lakou i ka ahaaina berena hu ole i na la ehiku, me ka olioli nui: a hoolea aku na kahuna a me na mamo a Levi ia Iehova i kela la i keia la, me na mea kani ikaika ia Iehova.
၂၁ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။
22 Olelo oluolu aku o Hezekia i na Levi a pau, ka poe i ao aku ma ka ike pono ia Iehova: a ai lakou i ka ahaaina i na la ehiku, a mohai aku lakou i na mohai aloha, a hai aku lakou i ko lakou hewa ia Iehova ke Akua o ko lakou poe kupuna.
၂၂ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။
23 A kukakuka pu ka poe ahakanaka a pau e hana i na la ehiku hou aku: a hana no lakou i na la ehiku hou aku me ka olioli.
၂၃စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။
24 No ka mea, ua haawi o Hezekia ke alii o ka Iuda na ka ahakanaka i hookahi tausani bipi a me na hipa ehiku tausani; a haawi na alii na ka ahakanaka i hookahi tausani bipi, a me na hipa he umi tausani: a o na kahuna he nui loa, huikala lakou ia lakou iho.
၂၄ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
25 Hauoli no ka ahakanaka a pau o ka Iuda, o na kahuna, a me na Levi, a o ka ahakanaka a pau i hele mai, no ka Iseraela, a me na malihini i hele mai ka aina o Iseraela mai, a me ka poe i noho ma Iuda.
၂၅ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။
26 Ua nui ka hauoli ana ma Ierusalema: no ka mea, mai ka wa ia Solomona o ke keiki a Davida ke alii o ka Iseraela mai, aohe mea like ma Ierusalema.
၂၆ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။
27 Ku ae la iluna na kahuna, a me na Levi, a hoomaikai aku i na kanaka: a ua loheia ko lakou leo, a ua hiki ka lakou pule i kona wahi hoano i ka lani.
၂၇ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။