< II Oihanaalii 22 >

1 HOOALII iho la ko Ierusalema ia Ahazia i kana keiki pokii, mahope ona; no ka mea, o ka poe koa, ka poe i hele pu me ko Arabia i kahi hoomoana'i, ua pepehi lakou i kana poe keiki mua a pau. Pela i noho alii ai o Ahazia ke keiki a Iehorama a ke alii o ka Iuda.
အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-
2 Hookahi kanaha makahiki a me kumamalua ko Ahazia i kona lilo ana i alii, a noho alii iho la ia i hookahi makahiki ma Ierusalema: a o ka inoa o kona makuwahine o Atalia ko kaikamahine a Omeri.
အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-
3 A hele no hoi oia ma na aoao o ko ka hale o Ahaba; no ka mea, o kona makuwahine, ua oleloao mai la oia ia ia e hana hewa.
မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။-
4 A hana ino iho la oia imua o Iehova, e like me ko ka hale o Ahaba; no ka mea, o lakou ka i oleloao mai ia ia mahope o ka make ana o kona makuakane, a malaila oia i make ai.
ခမည်း​တော်​ကွယ်​လွန်​ပြီး​နောက် မိ​မိ​၏​အ​တိုင် ပင်​ခံ​အ​မတ်​များ​မှာ အာ​ဟပ်​၏​အိမ်​ထောင်​စု သား​များ​ဖြစ်​သည့်​အ​လျောက် အာ​ခ​ဇိ​သည် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ​ဆုံး​ရှုံး​ပျက် စီး​ရ​လေ​၏။-
5 Hele no hoi ia mamoli o ka lakou oleloao, a hele pu oia me Iehorama, ke keiki a Ahaba ke alii o ka Iseraela e kaua aku ia Hazaela i ke alii o Saria, i Ramota-Gileada; a hoeha mai la ko Suria ia Iehorama.
သူ​သည်​ထို​သူ​တို့​၏​အ​ကြံ​ပေး​ချက်​ကို လိုက်​လျှောက်​ကာ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ နှင့်​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ချိန်​၌ ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​၏။ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​တိုက်​ပွဲ​တွင်​ယော​ရံ​သည်​ဒဏ်​ရာ များ​ရ​ရှိ​သ​ဖြင့်၊-
6 A hoi mai ia i Iezereela e lapaauia no na eha ona i hoehaia mai ai ma Rama i kona kaua pu ana me Uazaela, ke alii o Suria: a iho aku la o Azaria ke keiki a Iehorama ke alii o ka Iuda e ike ia Iehorama, ke keiki a Ahaba ma Iezereela, no ka mea, ua mai ia.
ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန်​လေ​၏။ ထို​အ​ခါ​အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု ရန်​ထို​မြို့​သို့​သွား​၏။
7 No ke Akua mai ka make ana o Ahazia i kona hele ana io Iorama la. A i kona hiki ana'ku, hele pu ra me Iehorama e ku e ia Iehu, ke keiki a Nimesi, ka mea a Iehova i poni ai e luku i ko ka hale o Ahaba.
ထာ​ဝရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သည်​နှင့်​အ​ညီ ယင်း​သို့​သွား​ရောက်​ခြင်း​အား​ဖြင့် အာ​ခ​ဇိ အ​သက်​ဆုံး​ရှုံး​ရ​လေ​သည်။ အာ​ခ​ဇိ​သည် ထို​မြို့​၌​ယော​ရံ​နှင့်​အ​တူ​ရှိ​နေ​စဉ်​အာ​ဟပ် ၏​မင်း​ရိုး​ပျက်​သုဉ်း​မှု​အ​တွက်​ဆောင်​ရွက်​ရန် ထာ​ဝရ​ဘု​ရား​ရွေး​ချယ်​ထား​သူ၊ နိမ်​ရှိ​၏ သား​ယေ​ဟု​နှင့်​တွေ့​ဆုံ​ရ​လေ​သည်။-
8 A i ko Iehu luka ana i ko ka hale o Ahaba, ua loaa ia ia na'lii o Iuda, na keiki a na hoahanau o Ahazia, e hookauwa ana na Ahazia, a pepehi aku la oia ia lakou.
ယေ​ဟု​သည်​အာ​ဟပ်​မင်း​ရိုး​အ​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​စီ​ရင် ချက်​ကို​လိုက်​နာ​ဆောင်​ရွက်​လျက်​နေ​စဉ် အာ​ခ​ဇိ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​သည့် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​နှင့် အာ​ခ​ဇိ​၏​တူ​တော်​တို့​ကို​တွေ့​မြင်​လေ ၏။-
9 A imi iho la oia ia Ahazia, a hopuia oia, (no ka mea, ua hunaia oia ma Samaria, ) a lawe mai lakou ia ia io Iehu la, a pepehi iho la lakou ia ia, a kanu aku no hoi ia ia; no ka mea, olelo ae la lakou, O ke keiki ia a Iehosapata ka mea i imi ia Iehova me kona naau a pau. Aohe mea i koe o ka hale o Ahazia e hiki ai ke malama i ke aupuni.
ယေ​ဟု​သည်​ထို​သူ​အား​လုံး​ကို​သတ်​ပြီး နောက် လူ​အ​ချို့​အား​အာ​ခ​ဇိ​ကို​လိုက်​လံ ရှာ​ဖွေ​စေ​၏။ ထို​သူ​တို့​သည်​ရှ​မာ​ရိ​မြို့​တွင် ပုန်း​အောင်း​နေ​သော​အာ​ခ​ဇိ​ကို​တွေ့​၍ ယေ​ဟု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​သူ့​အား ကွပ်​မျက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့ သည်​ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​အ​စွမ်း ကုန်​ဆောင်​ရွက်​ခဲ့​သူ ယော​ရှ​ဖတ်​မင်း​ကို​ရို​သေ လေး​စား​သော​အား​ဖြင့် သူ​၏​မြေး​အာ​ခ​ဇိ ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​လိုက်​ကြ​၏။ အာ​ခ​ဇိ အိမ်​ထောင်​စု​မှ​တိုင်း​ပြည်​ကို​အုပ်​စိုး​နိုင်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့ ချေ။
10 A ike o Atalia ka makuwahine o Ahazia, ua make kana keiki, ku ae la ia iluna, a luku aku i ka poe keiki alii a pau no ka hale o Iuda.
၁၀အာ​ခ​ဇိ​၏​မယ်​တော်​အာ​သ​လိ​သည်​သား တော်​လုပ်​ကြံ​ခံ​ရ​ကြောင်း​ကို​ကြား​သည်​နှင့် တစ်​ပြိုင်​နက် ယု​ဒ​ပြည်​ရှိ​မင်း​မျိုး​မင်း​နွယ် ရှိ​သ​မျှ​ကို​သုတ်​သင်​လေ​၏။-
11 Aka, o Iehosabeata ke kaikamahine a ke alii, lawe ae la oia ia Ioasa i ke keiki a Ahazia, aihue iho la ia ia maiwaena aku o ka poe keiki alii e pepehiia ana, a huna ia ia, a me ka mea nana ia i hanai iloko o kahi keena moe; pela i huna iho ai o Iehosabeata ke kaikamahine a ke alii a Iehorama ka wahine a Iehoiada ke kahuna, i ua mea la mai ke alo o Atalia, i ole ia e pepehi mai ia ia, no ka mea, o ke kaikuwahine ia no Ahazia.
၁၁အာ​ခ​ဇိ​တွင်​ယော​ရှေ​ဘ​ဆို​သူ​အ​ဖေ​တူ အ​မေ​ကွဲ​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် ယော​ယ​ဒ​နာ​မည်​ရှိ​ယဇ်​ပု​ရော​ဟိတ်​နှင့် အိမ်​ထောင်​ကျ​၏။ ယော​ရှ​ဘ​သည်​အ​သတ် ခံ​ရ​မည့်​မင်း​ညီ​မင်း​သား​များ​အ​နက် အာ​ခ​ဇိ​၏​သား​ယော​ရှ​အား​လျှို့​ဝှက်​စွာ ကယ်​ဆယ်​ပြီး​လျှင် နို့​ထိန်း​တစ်​ယောက်​နှင့် အ​တူ​ဗိ​မာန်​တော်​ရှိ​အိပ်​ခန်း​၌​ဝှက်​ထား လေ​သည်။ သူ​သည်​ယင်း​သို့​ဝှက်​ထား​ခြင်း အား​ဖြင့် သူ​ငယ်​အား​အာ​သ​လိ​၏​ဋ္ဌား ဘေး​မှ​လွတ်​မြောက်​စေ​၏။-
12 Aia no ia i hunaia'i me ka poe iloko o ka hale o ke Akua i na makahiki eono; a noho alii iho la o Atalia maluna o ka aina.
၁၂အာ​သ​လိ​နန်း​စံ​နေ​စဉ်​ယော​ရှ​သည် ခြောက်​နှစ်​တိုင်​တိုင် ဗိ​မာန်​တော်​တွင်​ပုန်း အောင်း​လျက်​နေ​၏။

< II Oihanaalii 22 >