< I Samuela 27 >

1 A I iho la o Davida iloko o kona naau, e make auanei au i ka lima o Saula i kekahi la: e aho e holo koke au ma ka aina o ko Pilisetia; alaila aole manao o Saula e imi hou mai ia'u ma na wahi a pau o ka Iseraela: pela e pakele ai au i kona lima.
တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
2 Ku ae la o Davida, a hele aku la me na kanaka eono haneri me ia io Akisa la, ke keiki a Maoka, ke alii o Gata.
မိမိ၌ ပါသော လူခြောက်ရာနှင့်တကွ ထ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ၏။
3 A noho iho la o Davida me Akisa ma Gata, oia a me kona poe kanaka, o kela kanaka keia kanaka me kona ohua, o Davida me kana mau wahine, o Ahinoama no Iezereela, a o Abigaila no Karemela, ka wahine a Nabala.
ဒါဝိဒ်နှင့် သူ၏လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယားနှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း။
4 A haiia mai la ia Saula, ua holo o Davida ma Gata: aole ia i imi hou aku ia ia.
ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန်မလိုက်မရှာဘဲ နေ၏။
5 Olelo aku la o Davida ia Akisa, Ina paha i alohaia mai au i kou maka, e haawi mai oe ia'u i wahi ma kekahi kulanakauhale ma ke kula i noho ai au malaila: no ke aha la o noho ai au me oe ma ke kulanakauhale alii?
ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ။ ကိုယ်တော် ကျွန်သည် မြို့တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော်၊
6 A haawi aku la o Akisa ia Zikelaga nona ia la: no ia mea, lilo aku la o Zikelaga no na'lii o ka Iuda a hiki i keia la.
ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။
7 A o na la o ko Davida noho ana ma ka aina o ko Pilisetia, hookahi ia makahiki a me na malama keu eha.
ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း။
8 Hele aku la o Davida me kona poe kanaka, a kaua aku la i ko Gesura, a me ko Gerezi, a me ka Amaleka: no ka mea, he poe kamaaina kahiko lakou o ka aina, kahi e hele aku ai i Sura, a hiki loa i ka aina o Aigupita.
တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။
9 A luku aku la o Davida i ka aina, aole i koe kekahi kanaka, aole hoi kekahi wahine e ola ana, a lawe ae la ia i na hipa, a me na bipi, a me na hoki, a me na kamelo, me ka lole, a hoi aku la a hiki io Akisa la.
ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။
10 I mai la o Akisa, Mahea kahi a oukou i hao ai i keia la? I aku la o Davida, ma ka aoao hema o ka Iuda, a ma ka aoao hema o ka Ierahemeeli, a ma ka aoao hema o ko Keni.
၁၀အာခိတ်မင်းက၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား၍ တိုက်သနည်းဟု မေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည်တောင်ဘက်၊ ကေနိပြည်တောင်ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက်၏။
11 Aole i hoopakele o Davida i kekahi kanaka, aole hoi i kekahi wahine e ola ana e hele ma Gata e olelo, o hai aku lakou no makou, i ka i ana'e, Pela o Davida i hana'i, a pela hoi kana e hana aku ai i na manawa a pau o kona noho ana ma ka aina o na Pilisetia.
၁၁ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး။ ဒါဝိဒ်သည် ဖိလိတ္တြိပည်၌နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။
12 Manao aku la o Akisa i ka Davida, ua oiaio, i iho la, Ua hoolilo oia ia ia iho i mea hoowahawaha loa ia e kona poe kanaka, e ka Iseraela, a e lilo ia i kauwa na'u i ka manawa mau loa.
၁၂အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို၏။

< I Samuela 27 >