< I Samuela 22 >

1 HELE o Davida mai laila aku, a holo aku la ma ke ana o Adulama: a lohe ae la kona mau hoahanau a me na mea a pau o ka hale o kona makuakane, hele lakou io na la ilaila.
ဒါဝိဒ် သည် ထို အရပ်မှ ပြေး ၍ အဒုလံ ဥမင် သို့ ဘေး လွတ်လျက် ရောက်လေ၏။ သူ့ အစ်ကို များ၊ အဆွေ အမျိုးများအပေါင်း တို့သည် ကြား လျှင် သူ့ ထံသို့ သွား ကြ၏။
2 O na kanaka a pau i popilikia, a me na kanaka aie a pau, a me na kanaka a pau i eha ma ka naau, hoakoakoa ae la lakou io na la: a lilo ia i luna no lakou: eha haneri kanaka paha me ia.
အမှု ရောက်သောသူ ၊ ကြွေးတင် သောသူ ၊ စိတ်ညစ် သောသူ အပေါင်း တို့သည်၊ သူ့ ထံမှာ စုဝေး ကြ၍ လူ လေး ရာ ခန့် ရှိ သဖြင့် ၊ ဒါဝိဒ်သည် သူ တို့ကို အုပ် ရ၏။
3 A hele o Davida mai laila aku a Mizepa ma Moaba: i aku la ia i ke alii o Moaba, Ke noi aku nei au, e ae mai oe i ko'u makuakane a me ko'u makuwahine e hele mai e noho me oe, a ike au i ka mea a ke Akua e hana mai ai no'u.
ထို အရပ်မှ မောဘ ပြည် မိဇပါ မြို့သို့သွား ၍ ၊ မောဘ ရှင်ဘုရင် အား ၊ ဘုရား သခင်သည် ကျွန်တော် ၌ အဘယ်သို့ ပြု တော်မူမည်ကို ကျွန်တော်မသိ ဘဲနေစဉ်တွင်၊ ကျွန်တော် မိဘ သည် ထွက် လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကိုပေး တော်မူပါဟု လျှောက်သဖြင့်၊
4 A lawe mai oia ia laua i ke alii o Moaba, a noho laua me ia i na la a pau a Davida i noho ai maluna o ka puukaua.
မောဘ ရှင်ဘုရင် ထံသို့ သွင်း ၍ ၊ ဒါဝိဒ် သည် ခိုင်ခံ့ သော ဥမင်၌ နေ သည်ကာလ ပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာနေ ကြ၏။
5 Olelo aku la ke kaula a Gada ia Davida, Mai noho oe ma ka puukaua; e hele aku, a hiki oe ma ka aina o ka Iuda. A hele aku la o Davida a hiki ma ka ululaau o Hareta.
တဖန် ပရောဖက် ဂဒ် က၊ ခိုင်ခံ့ သော ဥမင်၌ မ နေ နှင့်။ ထွက်၍ ယုဒ ပြည် သို့ သွား လော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း ဒါဝိဒ် သွား ၍ ဟာရက် တော ၌ နေ၏။
6 A lohe ae la o Saula, ua ikeia o Davida, a me na kanaka me ia, (e noho ana o Saula ma Gibea malalo o ka laau ma kahi kiekie, a ma kona lima kana ihe, a ua hoonohoia kana mau kauwa a puni ona; )
ထိုအခါ ရှောလု သည် ဂိဗာ မြို့၌ ကုန်း ပေါ် တွင် သစ်ပင် အောက် မှာ လှံ ကို ကိုင်လျက်၊ ကျွန် အပေါင်း တို့ သည် ခြံရံ လျက်နေစဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ပေါ် ကြောင်း ကို ရှောလု ကြား ၍၊
7 Olelo aku la o Saula i kana poe kauwa e ku ana a puni ona, E hoolohe ano, e na Beniamina; e haawi anei ke keiki a Iese i na mahinaai, a me na pawaina na oukou a pau, a e hoolilo ia oukou a pau i luna tausani, a i luna haneri;
အို ဗင်္ယာမိန် အမျိုးသား တို့၊ ယေရှဲ ၏သား သည် လယ် များ၊ စပျစ် ဥယျာဉ်များကို သင် တို့ရှိသမျှ ၌ ဝေပေး နိုင်သလော။ သင် တို့ရှိသမျှ ကို လူတထောင် အုပ် ၊ တရာ အုပ် အရာ၌ ခန့်ထား နိုင်သလော။
8 I kipi ai oukou a pau ia'u, aohe mea e hoike mai ia'u, ua hana ka'u keiki me ke keiki a Iese i kuikahi, aole kekahi o oukou e manao mai ia'u, aole hoi e hoike mai ia'u, ua hoala ka'u keiki i ka'u kauwa e ku e ia'u, e hoohalua, e like me ia i keia la?
ထိုသို့ ပြုနိုင်သောကြောင့်သင် တို့အပေါင်း သည် ငါ့ တဘက် ၌ သင်းဖွဲ့ ကြသလော။ ငါ့ သား သည် ယေရှဲ ၏သား နှင့် မိဿဟာယ ဖွဲ့ကြောင်းကို တယောက်မျှမ ပြော။ ငါ့ အတွက် တယောက်မျှ ဝမ်း မ နည်း။ ငါ့ ကျွန် သည် ယနေ့ ပြုသည် အတိုင်း ၊ ငါ့ ကို ချောင်းမြောင်း စေခြင်းငှါ ၊ ငါ့ သား နှိုးဆော် ကြောင်း ကို တယောက်မျှမပြော ဘဲ နေကြသည်တကားဟု အခြံအရံ တို့အား ဆို လေသော်၊
9 Alaila olelo mai o Doega no Edoma, oia ka luna o na kauwa a Saula, i mai la, Ua ike au i ke keiki a Iese e hele ana ma Noba io Ahimeleka la ke keiki a Ahituba.
ရှောလု ၏ ကျွန် အုပ် ဧဒုံ အမျိုးသားဒေါဂ က၊ ယေရှဲ ၏သား သည် အဟိတုပ် ၏သား အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ကြောင်းကို ကျွန်တော်မြင် ပါ၏။
10 A ua ninau aku oia ia Iehova nona, a haawi aku i ka ai nana, a haawi aku hoi ia ia i ka pahikaua a Golia ke kanaka no ko Pilisetia.
၁၀အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရား ထံတော်၌ မေးမြန်း ၍ စားစရိတ် ကို၎င်း ၊ ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား ကို၎င်းပေး ပါ၏ဟု ကြား လျှောက်လျှင်၊
11 Alaila hoouna aku ke alii e hea ia Ahimeleka, ke kahuna, ke keiki a Ahituba, a me ko ka hale a pau o kona makuakane, na kahuna ma Noba; a hele mai lakou a pau i ke alii.
၁၁ရှင် ဘုရင်သည် အဟိတုပ် ၏သား ယဇ်ပုရောဟိတ် အဟိမလက် နှင့် သူ ၏အဆွေအမျိုး တည်းဟူသောနောဗ မြို့၌ နေသော ယဇ်ပုရောဟိတ် အပေါင်း တို့ကို ခေါ် ၍ ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြ၏။
12 I aku la o Saula, Ano e hoolohe mai oe, e ke keiki a Ahituba. I mai la kela, Eia wau, e kuu haku.
၁၂ရှောလု ကလည်း ၊ အဟိတုပ် ၏သား နားထောင် လော့ဟု ဆို လျှင် ၊ အဟိမလက်က အကျွန်ုပ် ရှိ ပါသည် သခင် ဟုလျှောက် ၏။
13 I aku la o Saula ia ia, No ke aha la i kipi ai olua ia'u o oe a me ke keiki a Iese, i kou haawi ana ia ia i ka berena, a me ka pahikaua, a ua ninau oe i ke Akua nona, i ku e mai ia ia'u e halua, e like me ia i keia la.
၁၃ရှောလု ကလည်း ၊ သင် နှင့် ယေရှဲ ၏သား သည် အဘယ်ကြောင့် ငါ့ တစ်ဘက် ၌ သင်းဖွဲ့ ကြသနည်း။ သူသည် ယနေ့ ပြုသည့်အတိုင်း ငါ့ ကို ပုန်ကန် စေခြင်းငှါ သင် သည် မုန့် နှင့် ထား ကိုပေး ၍ သူ အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း ပြီတကားဟု ဆို သော်၊
14 Olelo mai la o Ahimeleka i ke alii, i mai la, Owai la ka mea o kau poe kauwa i malama pono e like me Davida, ka hunonakane a ke alii, a ua hele ia i kau i ana aku, a ua manao nui ia ma kou hale?
၁၄အဟိမလက် က၊ ကိုယ်တော် ၏ ကျွန် တို့တွင် ဒါဝိဒ် ကဲ့သို့ အဘယ်သူ သည် သစ္စာ ရှိသနည်း။ သမက် တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော် ၌ အသရေ ရှိသောသူဖြစ် ပါ၏။
15 O kuu hoomaka no anei ia e ninau aku i ke Akua nona? Aole ia'u ia mea: mai hooili ke alii ia mea maluna o kana kauwa, maluna hoi o ko ka hale a pau o ko'u makuakane; no ka mea, aole i ike kau kauwa i ka mea uuku, aole hoi i ka mea nui o keia mea.
၁၅ထိုကာလ ၌ အကျွန်ုပ်သည် ဒါဝိဒ် အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း စ ပြုသလော။ ထိုအမှု ဝေး ပါစေသော။ ရှင် ဘုရင်သည် ကိုယ်တော် ကျွန် နှင့် ကျွန်တော် ၏အဆွေအမျိုး တစုံတယောက် ၌ မျှ အပြစ်တင် တော်မ မူပါနှင့်၊ ကိုယ်တော် ကျွန် သည် ဤ အမှု ကို အကြီး အငယ် အားဖြင့်မျှ မ သိ ပါဟု ရှင်ဘုရင် အား လျှောက် လေ၏။
16 I aku la ke alii, E make io auanei oe, e Ahimeleka, o oe a me ko ka hale a pau o kou makuakane.
၁၆ရှင်ဘုရင် က၊ အဟိမလက် ၊ သင် နှင့် သင် ၏အဆွေအမျိုး အပေါင်း တို့သည် ဧကန်အမှန်အသေ ခံရမည်ဟု ဆို လျက်၊
17 Olelo aku la ke alii i ka poe kiai e ku ana a puni ona, E huli ae oukou a e pepehi i na kahuna no Iehova; no ka mea, ua hui pu ko lakou lima me Davida, a ua ike lakou i kona mahuka ana, aole hoi i hoike mai ia'u Aka, aole makemake na kauwa a ke alii e kau aku i ko lakou lima e lele maluna o na kahuna no Iehova.
၁၇ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့သည် ဒါဝိဒ် ဘက် မှာ နေ၍ ၊ သူ ပြေး ကြောင်း ကို သိ သော်လည်း ငါ့ အားမ ကြား မပြောသောကြောင့် ၊ သူတို့ကို လှည့် ၍ သတ် ကြဟု ခြံရံလျက်ရှိသောခြေသည် တို့အား အမိန့် တော်ရှိသော်လည်း ၊ ရှင်ဘုရင် ၏ ကျွန် တို့သည် ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို မ လုပ်ကြံ ဘဲ နေကြ၏။
18 I aku la ke alii ia Doega, E huli ae oe, a lele maluna o ua kahuna. A huli ae la o Doega, ka Edoma, a lele maluna o na kahuna, a pepehi iho la ia la i na kanaka he kanawalukumamalima i pulikiia i ka epoda olona.
၁၈တဖန် ရှင် ဘုရင်က၊ သင် သည်လှည့် ၍ ယဇ်ပုရောဟိတ် တို့ကို လုပ်ကြံ တော့ဟု ဒေါဂ အား မိန့် တော်မူသည် အတိုင်း ၊ ဧဒုံ အမျိုးသားဒေါဂ သည် လှည့် ၍ ပိတ် သင်တိုင်း ကို ဝတ် သော ယဇ်ပုရောဟိတ် ရှစ် ဆယ့်ငါးပါးတို့ကို လုပ်ကြံ သဖြင့် ထို နေ့၌ သတ် လေ၏။
19 A luku aku la oia ia Noba ke kulanakauhale o na kahuna me ka maka o ka pahikaua; o na kanaka, o na wahine, o na kamalii, o na mea omo waiu, o na bipi, o na hoki, a me na hipa, me ka maka o ka pahikaua.
၁၉ယဇ်ပုရောဟိတ် ပိုင်သော နောဗ မြို့ ကိုလည်း တိုက်၍ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ နွား ၊ မြည်း ၊ သိုး တို့ကို ထား နှင့်လုပ်ကြံလေ၏။
20 A o kekahi o na keiki a Ahimeleka, ke keiki a Ahituba, o Abiatara kona inoa, pakele aku la ia, a holo aku mahope o Davida.
၂၀အဟိတုပ် ၏ သား ဖြစ်သော အဟိမလက် ၏သား တို့တွင်၊ အဗျာသာ အမည် ရှိသောသူတယောက် သည် လွတ် ၍ ဒါဝိဒ် ရှိရာ သို့ ပြေး လေ၏။
21 A hoike aku la o Abiatara ia Davida i ka Saula pepehi ana i na kahuna o Iehova.
၂၁ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို ရှောလု သတ် ကြောင်း ကို၊ အဗျာသာ သည် ဒါဝိဒ် အား ကြားပြော သောအခါ၊
22 I mai la o Davida i Abiatara, Ia la, i ka noho ana o Doega ka Edoma malaila, ike no wau, e hai aku ia ia Saula: owau no ka mea i make ai o na mea a pau o ka hale o kou makuakane.
၂၂ဒါဝိဒ် က၊ ဧဒုံ အမျိုးသားဒေါဂ သည် ရှောလု အား ပြော မည်ဟု သူ့ကိုတွေ့သောနေ့ ၌ ငါရိပ်မိ ၏။ ငါ သည် သင် ၏ အဆွေအမျိုး အပေါင်း တို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
23 E noho pu oe me au, mai makau: no ka mea, o ka mea nana e imi mai i kuu ola, oia ke imi mai i kou ola: aka, me a'u e maluhia oe.
၂၃ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။

< I Samuela 22 >