< I Samuela 10 >
1 LAWE aku la o Samuela i ka hue aila, a ninini iho la maluna o kona poo, a honi aku la ia ia, i aku la, Aole anei keia no ka poni ana mai o Iehova ia oe i alii maluna o kona hooilina?
၁ဆီ ဘူး ကိုယူ ၍ ရှောလု၏ခေါင်း ပေါ် မှာ လောင်း လေ၏။ တဖန် သူ့ ကိုနမ်း သဖြင့် ၊ ထာဝရဘုရား သည် သင့် ကို အမွေ တော်လူမျိုး၏ မင်း အရာ ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက် ကိုပေးတော်မူ၏။
2 A hala oe mai o'u aku nei i keia la, alaila e loaa no ia oe na kanaka elua ma ka halelua o Rahela, ma ka mokuna o ka Beniamina, ma Zeleza; a e i mai laua ia oe, Ua loaa na hoki au i hele ai e imi: aia hoi, ua pau ka manao ana o kou makuakane i na hoki, a ua kaumaha oia ia olua, i ka i ana ae, Heaha ka'u e hana'i no kuu keiki?
၂ယနေ့ ငါ နှင့် ကွာ၍ သွား သောအခါ ၊ ဗင်္ယာမိန် ခရိုင် စွန်း၊ ဇေလဇ ရွာ၊ ရာခေလ သင်္ချိုင်း အနား မှာ လူ နှစ် ယောက်ကို တွေ့ လိမ့်မည်။ သူတို့က၊ သင်သွား ၍ ရှာ သောမြည်း တို့ကို တွေ့ ပြီ။ သင် ၏ အဘ သည် မြည်း တို့ကို အမှုမထား၊ ငါ့ သား အဘို့ အဘယ်သို့ ပြု ရပါမည်နည်းဟု ဆိုလျက် စိုးရိမ် ကြောင်းကို ပြော ကြလိမ့်မည်။
3 A malaila aku oe e hele ai, a hiki ma ka laau oka o Tabora, a e halawai mai me oe ilaila na kanaka ekolu e pii ana i ke Akua ma Betela: o kekahi e hali ana i na kao keiki ekolu, a o kekahi e hali ana i na pai palaoa ekolu, a o kekahi e hali ana i ka hue waina.
၃ထို အရပ်မှ လွန် ၍ တာဗော် လွင်ပြင် သို့ ရောက် လျှင် ၊ ဆိတ် သငယ်သုံး ကောင်ကို ဆောင် သောသူ တယောက် ၊ မုန့် သုံး လုံး ကို ဆောင် သော သူတယောက် ၊ စပျစ်ရည် ဘူး ကိုဆောင် သောသူ တယောက် တည်းဟူသောဗေသလ မြို့ ဘုရား သခင့်ထံ တော်သို့ သွား သောသူသုံး ယောက်တို့နှင့် သင်သည် တွေ့ကြုံ လိမ့်မည်။
4 A e aloha mai lakou ia oe, a e haawi mai ia oe i elua pai berena; nau no ia e lawe mai ko lakou lima mai.
၄ထိုသူတို့သည် နှုတ်ဆက် ပြီးလျှင် မုန့် နှစ် လုံးကိုပေး ၍ ၊ သင်သည် သူ တို့လက် မှ ခံယူ ရလိမ့်မည်။
5 Mahope iho e hiki aku oe i ka puu o ke Akua, malaila ka noho ana o ka poe koa o ko Pilisetia: a hiki aku oe ilaila i ke kulanakauhale, e halawai oe me ka poe kaula e iho ana ma kahi kiekie mai, me ka mea kani, a me ke kuolokani, a me ka mea hokio, a me ka mea ukeke imua o lakou; a e wanana lakou.
၅ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် ၍ မြို့ သို့ ချဉ်းကပ် သောအခါ ၊ ပရောဖက် အပေါင်း အသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။
6 A e hiki mai ka Uhane o Iehova maluna ou, a e wanana pu oe me lakou, a e lilo oe i kanaka okoa.
၆ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင့် အပေါ် မှာ သက်ရောက် သဖြင့် ၊ သင်သည် သူ တို့နှင့်အတူ ပရောဖက် ပြု၍ ခြားနား သောသူဖြစ် လိမ့်မည်။
7 Aia hiki mai keia mau hoailona ia oe, e hana oe i ka mea i loaa i kou lima; no ka mea, me oe no ke Akua.
၇ဤ နိမိတ် လက္ခဏာတို့သည် သင် ၌ ဖြစ် သောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု လော့။ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူ၏။
8 A e iho e oe mamua o'u i Gilegala; aia hoi e iho ana au i ou la, e kaumaha aku i na mohaikuni, a e kaumaha aku hoi i na mohai hoomalu; i na la ehiku oe e kali ai, a hiki aku au i ou la, a e hoike aku ia oe i ka mea au e hana aku ai.
၈သင်သည်လည်း ငါ့ ရှေ့ မှာ ဂိလဂါလ မြို့သို့ သွား ရမည်။ ငါ သည်လည်း မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ် တို့ကို ပူဇော် ခြင်းငှါ သင် ရှိရာသို့ လာ မည်။ ငါ လာ ၍ သင်ပြု ရသော အမှုကို မပြ မှီတိုင်အောင် သင်သည် ငံ့ နေရမည်ဟု ဆို၏။
9 A i ka wa i huli ae ia e hele aku mai o Samuela aku, haawi mai ke Akua i naau okoa nona: a hiki io mai ua mau hoailona la a pau ia la.
၉ရှောလုသည် ရှမွေလ ထံမှ ထွက်သွား မည်ဟု လှည့် သောအခါ ၊ ခြားနား သော စိတ် နှလုံးကို ဘုရား သခင်ပေး တော်မူ၍ ၊ ထို နိမိတ် လက္ခဏာ အလုံးစုံ တို့သည် ထို နေ့ခြင်းတွင် ဖြစ်လေ၏။
10 A hiki aku laua malaila ma ka puu, aia hoi, he poe kaula i halawai mai me ia; a hiki mai ka Uhane o ke Akua maluna ona, a wanana pu aku la ia me lakou.
၁၀တောင် တော်သို့ရောက် သောအခါ ၊ ပရောဖက် အပေါင်း အသင်းတို့သည် ဆီး ၍ ကြိုကြစဉ်တွင်၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလုအပေါ် သို့ သက်ရောက် တော်မူသဖြင့် ၊ သူ တို့နှင့်အတူ ပရောဖက် ပြုလေ၏။
11 A o na mea a pau i ike ia ia i ka manawa mamua, ike lakou, aia hoi, e wanana ana oia me ka poe kaula, i ae la kekahi kanaka i kona hoalauna, Heaha keia i hiki mai ai i ke keiki a Kisa? O Saula anei kekahi me ka poe kaula?
၁၁ရှောလုသည် ပရောဖက် တို့နှင့်အတူ ပရောဖက် ပြုသည်ကို အထက် က သိကျွမ်း သောသူတို့သည် မြင် သောအခါ ၊ ကိရှ ၏သား ၌ အဘယ်သို့ ဖြစ် သနည်း။ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟု တယောက် ကိုတယောက်မေးမြန်း ကြ၏။
12 Olelo mai kekahi nolaila mai, i mai la, Owai ko lakou makuakane? No ia mea ua maa ia olelo, O Saula anei kekahi me ka poe kaula?
၁၂ထို အရပ်သား တယောက်က၊ သူ တို့အဘ ကား အဘယ်သူ နည်းဟုဆို ၍၊ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟူသောစကားသည် ပုံ စကားဖြစ် လေ၏။
13 A pau kana wanana ana, hele mai ia i kahi kiekie.
၁၃ရှောလုသည် ပရောဖက်ပြုပြီးမှမြင့်သောအရပ်သို့ သွား၏။
14 Ninau mai la kekahi makuakane o Saula ia ia, a i kana kauwa, Ihea la olua i hele ai? I aku la kela, I kahi e imi ai i na hoki: a ike maua, aole, hele maua io Samuela la.
၁၄ရှောလု ၏ ဘထွေး က၊ သင်တို့သည် အဘယ် အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သား ကို မေး လျှင် ၊ ရှောလုက၊ မြည်း တို့ကို ရှာ ရအောင် သွား၏။ မ တွေ့သောအခါ ရှမွေလ ထံသို့ ရောက် သည်ဟု ပြန်ပြော ၏။
15 I mai la kahi makuakane o Saula, Ke noi aku nei au ia oe, e hai mai ia'u, heaha ka mea a Samuela i olelo mai ai ia olua?
၁၅ဘထွေး ကလည်း ၊ ရှမွေလ သည် အဘယ်သို့ ပြော သနည်း။ ငါ့ အား ပြန်ပြော ပါဟု တောင်းပန် သော်၊
16 I aku la o Saula i kekahi makuakane ona, Ua hai maopopo mai ia ia maua i ka loaa ana o na hoki. Aka, o ka mea no ke aupuni a Samuela i olelo ai, aole ia i hai aku ia ia.
၁၆မြည်း တို့ကို တွေ့ ပြီဟု ရှမွေလသည် အတပ်ပြော ကြောင်းကိုသာ ရှောလု သည် ဘထွေး အား ပြန်ပြော ၍ ၊ ရှမွေလ ပြော သော နိုင်ငံ အမှု အရေးကို ဘထွေးအား မ ကြားမပြော ဘဲနေ၏။
17 Houluulu ae la o Samuela i na kanaka io Iehova la ma Mizepa.
၁၇တဖန် ရှမွေလ သည် လူ များတို့ကို မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ခေါ်၍ စည်းဝေး စေပြီးလျှင်၊
18 I aku la i na mamo a Iseraela, Peneia ka olelo a Iehova ke Akua o ka Iseraela, Ua lawe mai nei au i ka Iseraela mai Aigupita mai, a ua hoopakele ia oukou i ka lima o ko Aigupita, a i ka lima o ko na aupuni a pau, a me ka poe i hooluhi ia oukou:
၁၈ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးဖြစ်သော သင် တို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့၍ ၊ အဲဂုတ္တုမင်းအစရှိသော သင် တို့ကို ညှဉ်းဆဲ သော မင်း အပေါင်း တို့ လက် မှ ကယ်နှုတ် သော်လည်း၊
19 A ua hoowahawaha oukou i ko oukou Akua i keia la, oia ka i hoola ia oukou i na mea ino a pau a me na popilikia o oukou; ua i aku oukou ia ia, E hoonoho i alii maluna o makou. No ia mea, e hoike oukou ia oukou iho imua o Iehova ma ko oukou mau hanauna, a ma ko oukou mau tausani.
၁၉သင် တို့ကို ဒုက္ခ ဆင်းရဲဘေး ဥပဒ်ရှိသမျှ တို့အထဲ က ကယ်တင် သော သင် တို့၏ ဘုရား သခင်ကို ယနေ့ သင် တို့သည် ပယ် ကြပြီ။ အကျွန်ုပ် တို့အပေါ် မှာ ရှင်ဘုရင် ရှိစေခြင်းငှါချီးမြှောက် တော်မူပါဟု လျှောက် ကြပြီ။ သို့ဖြစ်၍ အမျိုး အသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရား ရှေ့ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား တို့အား ဆို သဖြင့်၊
20 A hookokoke mai o Samuela i na hanauna kanaka a pau o ka Iseraela, ua laweia ka hanauna o ka Beniamina.
၂၀အမျိုးအနွယ် အပေါင်း တို့ကို ချဉ်းကပ် စေပြီးမှ ၊ ဗင်္ယာမိန် အမျိုး ကို မှတ် တော်မူ၏။
21 A hookokoke mai ia i ka hanauna o ka Beniamina ma ko lakou mau ohana, ua laweia ka ohana o Materi, a ua laweia o Saula ke keiki a Kisa; a imi lakou ia ia, aole i loaa.
၂၁ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချဉ်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်းမှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။
22 No ia mea, ninau hou lakou ia Iehova, E hiki mai auanei ua kanaka la maanei? I mai la o Iehova, Aia, ua pee oia maloko o na ukana.
၂၂ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ၊ ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။
23 Holo lakou a lawe mai ia ia mai laila mai: a i ke ku ana oia iwaena o na kanaka, na oi kona kiekie mamua o ko na kanaka a pau, mai kona poohiwi aku, a hala loa iluna.
၂၃သူတို့သည် ပြေး ၍ ခေါ် ခဲ့ကြ၏။ ရှောလုသည် လူ များတို့တွင် ရပ် သောအခါ ၊ ပခုံး အထက် မှာ အခြား သောသူထက် အရပ်သာ၍မြင့် ၏။
24 Olelo aku la o Samuela i na kanaka a pau, E nana oukou ia ia nei, i ka mea a Iehova i wae ai, aohe kona like iwaena o na kanaka a pau, Hooho aku la na kanaka a pau, i aku la, E ola ke alii.
၂၄ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။
25 Alaila hai aku la o Samuela i ke ano o ke aupuni, a kakau iloko o ka buke, a waiho ia imua o Iehova. A hoihoi aku la o Samuela i na kanaka a pau, i kela mea i keia mea i kona hale iho.
၂၅ရှမွေလ သည်လည်း မင်း ကျင့်တရားကို လူ များတို့အား ဟောပြော ၍ စာ ၌ ရေးမှတ် သဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ပြီးမှ ၊ လူ အပေါင်း တို့ကို အသီးအသီး မိမိ တို့အိမ် သို့ လွှတ် လိုက်လေ၏။
26 A hoi aku la o Saula i kona wahi ma Gibea; a hele pu me ia kekahi poe kanaka, na ke Akua i hoopa mai ko lakou naau.
၂၆ရှောလု သည်လည်း ဂိဗာ မြို့ မိမိ အိမ် သို့ သွား ၍ ၊ ဘုရား သခင်သွေးဆောင်တော်မူသော လူ အပေါင်းအသင်းသည် သူ နှင့်အတူ လိုက်သွား ကြ၏။
27 Aka, olelo mai la ka poe hewa, Pehea la e hoola mai ai keia kanaka ia kakou? a hoowahawaha lakou ia ia, aole i lawe mai lakou i na haawina ia ia; aka, noho malie no ia.
၂၇အဓမ္မ လူတို့က၊ ဤ သူသည် ငါ တို့ကို အဘယ်သို့ ကယ်တင် လိမ့်မည်နည်းဟု ဆို လျက် ၊ လက်ဆောင် ကို မ ဆက် ဘဲ မထီမဲ့မြင် ပြုသော်လည်း ၊ ရှောလုသည် အမှု မထားဘဲနေ၏။