< Petero I 4 >

1 U A eha o Iesu ma ke kino no kakou, nolaila e hoomakaukau no oukou i manao like; no ka mea, ina e eha kekahi ma ke kino, ua hookaawaleia oia i ka hewa;
ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊
2 I ole oia e noho hou aku i kona manawa e koe ma ke kino, mamuli o ke kuko kanaka, aka, mamuli o ko ke Akua makemake.
နောက်တဖန်သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြားကျန်ရစ်သောကာလကို လွန်စေတတ်၏။
3 No ka mea, o ka manawa i hala o ka kakou ola ana, ua nui ia e hana aku ai i ka makemake o ko na aina e, i ko kakou hahai ana i ka makaleho, a me ke kuko, a me ka pakela inu waina, a me ka ahaaina hooipoipo, A me ka aha inu, a me ka malama kii e hoowahawahaia'i.
သာသနာပလူတို့၏အလိုသို့လိုက်၍၊ ကိလေသာညစ်ညှုးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ၏။
4 Ke kahaha nei no lakou me ke kuamuamu mai i ko oukou holo pu ole ana me lakou i ka hoomaunauna ino.
ယခုမှာသင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညှုးစွာမပြုသည်အရာကို သူတို့သည်အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။
5 E hoike auanei lakou ia lakou iho, i ka mea i makaukau e hookolokolo mai i ka poe ola a me ka poe make.
သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကို၎င်း၊ သေသောသူတို့ကို၎င်း တရားစီရင်ခြင်းငှါ အသင့်ရှိတော် မူသောသူရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။
6 Nolaila hoi i haiia'ku ai ka olelo maikai i ka poe i make, i hoohewaia lakou e kanaka ma ke kino, a i hoalaia hoi lakou e ke Akua ma ka Uhane.
ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကိုခံရသော်လည်း၊ ဘုရား သခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။
7 Ua kokoke mai no ka hopena o na mea a pau; nolaila, e kuoo oukou, a e kiai ma ka pule.
ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့။
8 Eia ka mea oi mamua o na mea a pau, o ka pumahana o ke aloha iwaena o oukou; no ka mea, o ke aloha ka mea e uhi ai i na hewa he nui loa.
အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။
9 E hookipa maikai oukou i kekahi i kekahi, me ka ohumu ole.
မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့။
10 E like me ka haawina i loaa mai i kekahi a me kekahi, pela e haawi aku ai kekahi i kekahi, e like me na puuku pono o ko ke Akua lokomaikai ano e.
၁၀သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။
11 Ina e olelo aku kekahi, e olelo ia e like me ka olelo a ke Akua; ina e lawelawe kekahi, e hana no ia me ka ikaika a ke Akua i haawi mai ai, i hoonaniia ke Akua ma na mea a pau, ma o Iesu Kristo la; ia ia no ka hoonaniia, a me ka mana mau loa, i ke ao pau ole. Amene. (aiōn g165)
၁၁ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင် ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
12 E na pokii e, o ka pilikia e hiki mai ana io oukou la, i mea e hoao mai ai ia oukou, mai haohao oukou ia mea, me he mea hou la e hiki mai ai ia oukou:
၁၂ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်းမရှိကြနှင့်။
13 Aka, e olioli oukou, no ka mea, he poe hoaeha pu oukou me Kristo; i mea e hauoli loa ai oukou i ka wa e hoikeia mai ai kona nani.
၁၃သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။
14 Pomaikai oukou, ke hoinoia oukou no ka inoa o Kristo; no ka mea, ua kau mai ka Uhane nani o ke Akua maluna o oukou: ma o lakou la, ua kuamuamuia oia; aka, ma o oukou nei, ua hoonaniia oia.
၁၄ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။
15 Mai lilo kekahi o oukou i ka hoehaia, me he pepehi kanaka la; a me he aihue la, a ma ka hana hewa, a ma ka hoohaunaele.
၁၅လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကို ခိုးသောအပြစ်၊ ဒုစရိုက်ကိုပြုသောအပြစ်၊ သူတပါးအမှု၌ ရောနှောသောအပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။
16 Aka, ina i hoehaia kekahi no Kristo, mai hilahila oia; aka, e hoonani aku oia i ke Akua no keia mea.
၁၆ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။
17 No ka mea, e hiki mai auanei ka manawa e hoomaka ai ka hoohewaia ma ko ka hale o ke Akua; a ina ma o kakou nei ka mua, heaha la uanei ka hope o ka poe i malama ole i ka euanelio a ke Akua?
၁၇ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမ ထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။
18 A ina he mea aneane hiki ole ke ola ana o ka poe pono, mahea la uanei kahi e ikea ai ka poe aia, a me ka hana hewa?
၁၈ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ် သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာပေါ်လိမ့်မည်နည်း။
19 No ia mea la, ea, o ka poe i hoehaia mai mamuli o ka manao o ke Akua, ma ka hana pono lakou e kauoha aku ai i ko lakou uhane ia ia, i ka mea hoopono nana i hana.
၁၉ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက်၊ ကောင်းသောအကျင့်ကိုကျင့်နေ၍၊ ကိုယ်တော်၌မိမိတို့ အသက်ဝိညာဉ်ကိုအပ်နှံကြစေ။

< Petero I 4 >