< I Na Lii 16 >

1 A LAILA hiki mai la ka olelo a Iehova ia Iehu ke keiki a Hanani, e ku e ana ia Baasa, i ka i ana mai,
ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​ထံ​သို့၊ ဗာ​ရှာ အား​ဆင့်​ဆို​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဗျာ​ဒိတ်​တော်​ရောက်​ရှိ​လာ​၏။ ``သင်​သည်​မ​ရေ ရာ​သူ​ဖြစ်​ခဲ့​သော်​လည်း ငါ​သည်​သင့်​အား​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ခေါင်း​ဆောင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​ပင် အ​ပြစ်​ကူး​ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​အား လည်း​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့ လေ​ပြီ။ သူ​တို့​၏​အ​ပြစ်​များ​သည်​ငါ​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​သည်​ဖြစ်​၍၊-
2 No ka mea, ua hookiekie ae au ia oe mai ka lepo ae, a hoolilo au ia oe i alii maluna o ko'u poe kanaka Iseraela; a ua hele hoi oe ma ka aoao o Ieroboama, a ua hoolilo ae oe i ko'u poe kanaka Iseraela e lawehala, e hoonaukiuki mai lakou ia'u me ko lakou mau hewa;
3 Eia hoi, e kaili ae auanei au i ka hope o Baasa a me ka hope o kana ohana, a e hoolilo ae au i kou ohana e like me ka ohana a Ieroboama ke keiki a Nebata.
ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။-
4 O ka Baasa mea e make maloko o ke kulanakauhale, oia ka na ilio e ai ai; a o kana mea e make ma kula, oia ka na manu o ka lewa e ai ai.
မြို့​တွင်​သေ​သူ​သင်​၏​အိမ်​ထောင်​စု​သား​တို့ သည်​ခွေး​စာ၊ မြို့​ပြင်​တွင်​သေ​သူ​သည်​လင်း တ​စာ​ဖြစ်​ကြ​လိမ့်​မည်။''
5 A o na oihana e ae a Baasa, a me kana mea i hana'i, a me kona ikaika, aole anei ia i kakauia ma ka buke 'a na lii o ka Iseraela?
ဗာ​ရှာ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ များ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-
6 A hiamoe iho la o Baasa me kona mau makua, a ua kanuia ma Tireza: a ua alii ae la o Ela kana keiki ma kona hakahaka.
ဗာ​ရှာ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​တိ​ရ​ဇ မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ဧ​လာ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
7 Eia hoi, ma ka lima o Iehu ke kaula, ke keiki a Hanani i hiki mai ai ka Iehova olelo ku e ia Baasa, a i kana ohana hoi, no ka hewa a pau ana i hana'i imua o na maka o Iehova, e hoonaukiuki ia ia me ka hana a kona mau lima, i kona hoohalike ana me ka ohana a Ieroboama, a no kona pepehi ana ia ia.
ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။
8 I ka iwakalua kumamaono o ka makahiki o Asa ke alii o Iuda, i hoomaka ai o Ela ke keiki a Baasa i kona alii ana maluna o ka Iseraela, ma Tireza i na makahiki elua.
ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခြောက်​နှစ် မြောက်​၌ ဗာ​ရှာ​၏​သား​တော်​ဧ​လာ​သည်​ဣ​သ ရေ​လ​ပြည်​တွင်​နန်း​တက်​ပြီး​လျှင် တိ​ရ​ဇ​မြို့ ၌​နှစ်​နှစ်​မျှ​နန်း​စံ​လေ​သည်။-
9 A kipi ae la ia ia kana kauwa o Zimeri ka luna o ka hapalua o kona mau kaa, ia ia ma Tireza, e inu ana a ona maloko o ka hale o Areza ka puuku o kona hale ma Tireza.
ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-
10 A komo ae la o Zimeri a pepehi ae la hoi ia ia, a hoomake loa ia ia, i ka iwakalua kumamahiku o ka makahiki o Asa ke alii o Iuda, a ua alii ae la oia ma kona hakahaka.
၁၀ဇိ​မ​ရိ​သည်​ထို​အိမ်​သို့​ဝင်​၍​ဧ​လာ​အား​လုပ် ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​မင်း ပြု​၏။ ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့် ခု​နစ်​နှစ်​မြောက်​၌​ဧ​လာ​သည်​လုပ်​ကြံ​ခြင်း ကို​ခံ​ရ​သ​တည်း။
11 Eia hoi kekahi, ia ia i hoomaka ai i kona alii ana, a noho ia ma ka nohoalii, pepehi koke ae la oia i ka ohana a pau a Baasa: aole oia i hokoe nona i kekahi kane, o kona io, a o kona mau hanauna.
၁၁ဇိ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လျှင်​ဖြစ်​ချင်း ဗာ​ရှာ ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​ပြီး နောက် ဗာ​ရှာ​၏​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ အ​နက်​ယောကျာ်း​မှန်​သ​မျှ​ကို​လည်း​သတ် လေ​သည်။-
12 Pela i luku ai o Zimeri i ka ohana a pau a Baasa, e like me ka olelo a Iehova ana i olelo ku e ai ia Baasa ma ka lima o Iehu ke kaula;
၁၂သို့​ဖြစ်​၍​ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့်​ဗာ​ရှာ အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား နှင့်​အ​ညီ ဇိ​မ​ရိ​သည်​ဗာ​ရှာ​နှင့်​အိမ်​ထောင် စု​သား​အ​ပေါင်း​ကို​သတ်​လေ​သ​တည်း။-
13 No na hewa a pau o Baasa, a no na hewa o Ela kana keiki, i lawehala ai laua, a i hoolilo ai hoi laua i ka Iseraela e lawehala, i ka hoonaukiuki ana ia Iehova ke Akua o ka Iseraela ma ko laua mau mea lapuwale.
၁၃ဗာ​ရှာ​နှင့်​သား​တော်​ဧ​လာ​သည်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
14 A o na oihana e ae a Ela, a o ka mea a pau ana i hana'i, aole anei ia i kakauia ma ka buke oihana a na lii o ka Iseraela?
၁၄ဧ​လာ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ​ကို​ဣ​သ​ရေ​လ​ရာ​ဇဝင်​တွင်​ရေး​ထား သ​တည်း။
15 I ka iwakalua kumamahiku o ka makahiki o Asa ke alii o Iuda, i alii ai o Zimeri i na la ehiku ma Tireza; a e hoomoana ku e ana na kanaka ia Gibetona o ko Pilisetia.
၁၅ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
16 A lohe ae na kanaka hoomoana i ka olelo, ua kipi o Zimeri a ua pepehi hoi i ke alii: nolaila hooalii ae la ka Iseraela a pau ia Omeri ka alihikaua i alii maluna o ka Iseraela ia la i kahi hoomoana.
၁၆သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-
17 Pii ae la o Omeri a me ka Iseraela pu a pau me ia, mai Gibetona ae, a hoopuni ae la ia Tireza.
၁၇သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-
18 Eia hoi kekahi, i ka ike ana o Zimeri ua hoopioia ke kulanakauhale, komo ae la oia i ke keena alii o ko ke alii hale, a puhi iho la i ka hale o ke alii maluna o kona poo iho, a make iho la,
၁၈မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-
19 No kona mau hewa ana i hana'i, i kana hana ino ana imua o na maka o Iehova, a i kona hele ana ma ka aoao o Ieroboama, a me kona hewa ana i hana'i, i lawehala ai ka Iseraela.
၁၉ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-
20 A o na oihana e ae a Zimeri, a me kona kipi ana, ana i hana'i, aole anei ia i kakauia ma ka buke oihana a na lii o ka Iseraela?
၂၀လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။
21 Alaila maheleia'e la na kanaka o ka Iseraela i na apana elua: hahai kekahi hapalua mamuli o Tibeni ke keiki a Ginata, e hoalii ia ia; a hahai ae la kekahi hapalua mamuli o Omeri.
၂၁ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည် စိတ်​ဝမ်း​ကွဲ ပြား​လျက်​နေ​ကြ​၏။ အ​ချို့​တို့​သည်​ဂိ​နက် ၏​သား​တိ​ဗ​နိ​ကို​မင်း​မြှောက်​လို​ကြ​၏။ အ​ချို့​က​မူ​သြ​မ​ရိ​ကို​လို​လား​ကြ​၏။-
22 Lanakila ae la ka poe kanaka i hahai mamuli o Omeri maluna o ka poe kanaka i hahai mamuli o Tibeni ke keiki a Ginata, a make o Tibeni, a alii ae la o Omeri.
၂၂နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-
23 I ke kanakolu kumamakahi o ka makahiki o Asa ke alii o Iuda hoomaka ae la o Omeri i kona alii ana maluna o ka Iseraela, i na makahiki he umikumamalua: aono makahiki i alii ai oia ma Tireza.
၂၃သို့​ဖြစ်​၍​သူ​သည်​ယု​ဒ​ဘု​ရင်​အာ​သ​နန်း စံ​သုံး​ဆယ့်​တစ်​နှစ်​မြောက်​၌ ဣ​သ​ရေ​လ​ပြည် တွင်​နန်း​တက်​၍​တစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​ရ​လေ သည်။ သူ​သည်​တိ​ရ​ဇ​မြို့​တွင်​ပ​ထ​မ​ခြောက် နှစ်​နန်း​စံ​ပြီး​လျှင်၊-
24 Kuai lilo mai la oia me Semera, i ka puu Samaria, i na talena kala elua, a kukulu ae la maluna o ka puu, a kapa ae i ka inoa o ke kulanakauhale ana i hana'i, o Samaria, mamuli o ka inoa o Semera ka haku aina o ka puu.
၂၄ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။
25 Aka, ua hana hewa ae la o Omeri imua o na maka o Iehova, a hoopakela aku i kona hewa mamua o ka poe a pau mamua ona.
၂၅သြ​မ​ရိ​သည် မိ​မိ​၏​နောင်​တော့်​နောင်​တော် ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ ထာ​ဝရ​ဘုရား​အား​ပြစ်​မှား​လေ​သည်။-
26 No ka mea, na hele ae la oia ma na aoao a pau o Ieroboama ke keiki a Nebata, a me kona hewa i hoolilo ai oia i ka Iseraela e lawehala, e hoonaukiuki ia Iehova ke Akua o ka Iseraela ma ko lakou mau mea lapuwale.
၂၆သူ​သည်​မိ​မိ​၏​နောင်​တော်​ဘု​ရင်​ယေ​ရော​ဗောင် ကဲ့​သို့ မိ​မိ​၏​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​နှင့်​ရုပ်​တု များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန်​ရှေ့​ဆောင်​လမ်း ပြ​ပေး​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​၏။-
27 A o na oihana e ae a Omeri i hana'i a me ka ikaika ana i hoike ai, aole anei ia i kakauia ma ka buke oihana o na lii o ka Iseraela?
၂၇သြ​မ​ရိ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​နှင့် သူ​၏​စွန့်​စား​ခန်း​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​သား​ထား သ​တည်း။-
28 A hiamoe iho la o Omeri me kona mau makua ma Samaria, a ua alii ae la o Ahaba kana keiki ma kona hakahaka.
၂၈သြ​မ​ရိ​ကွယ်​လွန်​သော​အ​ခါ​ရှ​မာ​ရိ​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
29 Hoomaka ae la o Ahaba ke keiki a Omeri i kona alii ana maluna o ka Iseraela i ke kanakolu kumamawalu o ka makahiki o Asa ke alii o Iuda; a ua alii ae la o Ahaba ke keiki a Omeri maluna o ka Iseraela ma Samaria i na makahiki he iwakalua kumamalua.
၂၉ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-
30 Hoopakela ae la o Ahaba ke keiki a Omeri i ka hana hewa imua o na maka o Iehova mamua o ka poe a pau mamua ona.
၃၀သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-
31 Eia hoi kekahi, me he mea la, he mea uuku nona ke hele ma na hewa o Ieroboama ke keiki a Nebata, lawe iho la oia ia Iesebela ke kaikamahine a Etebaala ke alii o ko Sidona, i wahine, a hele hoi ia e malama ia Baala, a hoomana ae la ia ia,
၃၁သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-
32 Kukulu ae la oia i kuahu no Baala maloko o ka hale o Baala, ana i hana'i ma Samaria.
၃၂သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။-
33 Hana iho la o Ahaba i wahi e hoomana'i, a ua oi aku ko Ahaba hoonaukiuki ana ia Iehova ke Akua o ka Iseraela mamua o na alii a pau o ka Iseraela mamua ona.
၃၃အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-
34 I kona mau la hoi, kukulu ae la o Hiela no Betela ia Ieriko; a ia Abirama i kana hiapo i hoonoho ai oia i ke kumu, a ia Seguba kana keiki hope loa i kukulu ai oia i na pani; e like me ka Iehova olelo ana i olelo mai ai ma ka lima o Iosua ke keiki a Nuna.
၃၄သူ​နန်း​စံ​နေ​စဉ်​အ​တွင်း​ဗေ​သ​လ​မြို့​သား ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​ပြန်​လည်​တည် ထောင်​လေ​သည်။ နုန်​၏​သား​ယော​ရှု​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​နှင့် အ​ညီ ဟိ​ဧ​လ​သည်​ယေ​ရိ​ခေါ​မြို့​ကို​အုတ် မြစ်​ချ​ချိန်​၌​မိ​မိ​၏​သား​ဦး​အ​ဘိ​ရံ​ကို လည်း​ကောင်း၊ မြို့​တံ​ခါး​များ​တည်​ဆောက် ချိန်​၌​သား​ထွေး​စေ​ဂုပ်​ကို​လည်း​ကောင်း ဆုံး​ရှုံး​ရ​လေ​သည်။

< I Na Lii 16 >