< I Oihanaalii 4 >

1 EIA na keikikane a Iuda; o Pareza, o Hezerona, o Karemi, o Hura, a o Sobala.
ယုဒသားကားဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတည်း။
2 Na Reaia na ke keiki a Sobala o Iahata, a na Iahata o Ahumai laua o Lahada. O lakou na ohana o ka Zorari.
ရှောဗာလသားကား ရာယ၊ ရာယသားယာဟတ်၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ်၊ ဤရွေ့ကား ဇောရသိ အမျိုးအနွယ်တည်း။
3 O lakou nei, na ka makuakano o Etama: o Iezereela, o Isema, a o Idebasa: a o Hazeleleponi ka inoa o ko lakou kaikuwahine.
ဧကံအမျိုးအဘ၏ သားကား ယေဇရေလ၊ ဣရှမ၊ ဣဒဗတ်၊ နှမဟာဇလေလပေါနိ၊
4 A o Penuela ka makuakane o Gedora, a o Ezera ka makuakane a Husa. O laua na keikikane a Hura, a ka hanau mua na Eperata, na ka makuakane o Betelehema.
ဂေဒေါ်အဘပေနွေလ၊ ဟုရှအဘ ဧဇာတည်း။ ဤသူတို့သည် ဗက်လင်အဘ၊ ဧဖရတ်သားဦး ဟုရအမျိုး အနွှယ်တည်း။
5 Na Asura na ka makuakane o Tekoa he mau wahine elua, o Hela, a o Naara.
တေကော အဘ အာရှုရသည် ဟေလနှင့် နာရ အမည်ရှိသော မယားနှစ်ယောက်ရှိ၏။
6 Na Naara i hanau nana o Ahuzama, o Hepera, o Temeni a o Haahasetari. O lakou na keikikane na Naara.
နာရဘွားမြင်သော သားကား အဟုဇံ၊ ဟေဖာ၊ တေမနိ၊ ဟာဟရှတာရိတည်း။
7 O na keikikane a Hela; o Zereta, o Iezoara, a o Etenana.
ဟေလဘွားမြင်သော သားကား ဇေရက်၊ ယေဇော်၊ ဧသနန်၊ ကောဇတည်း။
8 Na Koza o Anuba, a o Zobeba, a me na ohana a Ahahela ke keikikane a Haruma.
ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိ သော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း။
9 Ua oi aku ka maikai o Iabeza imua o ko na hoahanau ona; a kapa iho la kona makuwahine ia ia o Iabeza, me ka i ana, No ka mea, hoohanau iho la au ia ia me ka eha.
ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသော သူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသော ဝေဒနာကို ခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။
10 A kahea aku la o Iabeza i ke Akua o ka Iseraela, me ka i ana, Ina oe e hoopomaikai mai ia'u, a e hoonee aku i kuu palena aina, a me au pu hoi kou lima, a e malama mai oe ia'u i ka hewa, i hoeha ole mai ia ia'u i A haawi mai la ke Akua i kana mea i noi aku ai.
၁၀ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
11 Na Keluba ka hoahanau o Sua nana o Mehira, oia ka makuakane o Esetona.
၁၁ရှုအာမောင် ကာလက်သားကား မဟိရ၊ မဟိရ သား ဧရှတုန်တည်း။
12 Na Esetona o Beterapa, o Pasea, a o Tehina ka makuakane o Irenahasa. o lakou na kanaka o Reka.
၁၂ဧရှတုန်သားကား ဗက်ရာဖ၊ ပါသာ၊ တေဟိန္န တည်း။ တေဟိန္နသားကား ဣရနာဟတ်တည်း။ ဤသူတို့ သည် ရေခါအမျိုးသားဖြစ်ကြ၏။
13 O na keikikane a Kenaza; o Oteniela a o Seraia: o ke keikikane a Oteniela; o Hatata.
၁၃ကေနတ်သားကား ဩသံယေလနှင့်စရာယ တည်း။ ဩသံယေလသားကား ဟာသတ်နှင့်မောနောသဲ တည်း။
14 Na Meonotai o Opera; na Seraia o Ioaba ka makuakane o ko ke awawa o Karasima, no ka mea, he poe paahana lakou.
၁၄မောနောသဲသားကား ဩဖရာတည်း။ စရာယ သားကား ယွာဘ၊ ယွာဘ၏သားတို့သည် ဆရာသမား ဖြစ်၍ ဆရာသမားချိုင့်၌ နေသောသူတည်း။
15 O na keiki a Kaleba a ke keiki a Iepune; o Iru, o Ela, a o Naama; a o ke keikikane a Ela, oia o Kenaza.
၁၅ယေဖုန္နသားဖြစ်သောကာလက်၏ သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကားကေနတ်တည်း။
16 O na keikikane a Iehaleleela: o Zipa, o Zipaha, o Tiria, a o Asareela.
၁၆ယေဟလလေလသားကား ဇိဖ၊ ဇိဖာ၊ တိရိ၊ အာသရေလတည်း။
17 O na keikikane a Ezera; o Ietera, o Mereda, o Epera, a o Ialona: a nana no i hanau o Miriama, o Samai, a o Iseba ka makuakane o Esetemoa.
၁၇ဧဇရသားကားယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင်၏။
18 A na kana wahine, na Iehudiia i hanau o Iereda ka makuakane o Gedora, a o Hebera ka makuakane o Soko, a o Iekutiela ka makuakane o Zanoa. O lakou na keikikane a Bitia a ke kaikamahine a Parao i laweia e Mereda.
၁၈မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကို ဘွားမြင်၏။
19 A o na keikikane a Hodia ke kaikuwahine o Nahama ka makuakane o Keila no Garemi, a o Esetemoa no Maakata.
၁၉ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသား ကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။
20 A o na keikikane a Simona, o Amenona, a o Rina, o Benehauana a o Tilona. A o na keikikane a Isehi, o Zoheta, a o Benezoheta.
၂၀ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန် တည်း။ ဣရှိသားကား ဇောဟက်၊ ဗဇောဟက်တည်း။
21 Eia na keikikane a Sela a ke keiki a Iuda, o Era ka makuakane o Leka, a o Laada ka makuakane o Maresa, a me na ohana o ka hale o lakou i hana i ka loleie nani, no ka hale o Asebea,
၂၁ယုဒသားဖြစ်သော ရှေလ၏သားကား လေက အဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊
22 A o Iokima, a o na kanaka o Kozeba, a o Ioasa, a o Sarapa, ia ia ke alii ana o ka Moaba, a o Iasubi-lehema. A he mau meu kahiko keia.
၂၂ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘ ပြည်၌ အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။
23 O lakou na potera, a me ka poe i noho iwaena o na mea kanu a o na ululaau; ilaila lakou i noho ai mamuli o ke alii no kana hana.
၂၃ထိုသူတို့သည် အိုးထိန်း သမား၊ လယ်ယာလုပ်သမားဖြစ်၍၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ၏။
24 Eia na keikikane a Simeona; o Nemuela, e Iamina, o Iariba, o Zora, a o Saula:
၂၄ရှိမောင်သားကား ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလတည်း။
25 O Saluma kana keiki, o Mibesama kana keiki, o Misema kana keiki.
၂၅ရှောလသား ရှလ္လုံ၊ ရှလ္လုံသားမိဘသံ၊ မိဘသံသား မိရှမ၊
26 O na keikikane a Misema; o Hamuela kana keiki, o Zakura kana keiki, o Simei kana keiki.
၂၆မိရှမသား ဟမွေလ၊ ဟမွေလသား ဇက္ကုရ၊ ဇက္ကုရသား ရှိမိတည်း။
27 He umikumamaono na keikikane a Simei a me na kaikamahine eono; aole nae he nui na keiki a kona mau hoahanau, aole hoi i hoomahuahua ae na ohana a lakou a pau e like me na keiki a Iuda.
၂၇ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီး ခြောက်ယောက်တို့ကို မြင်၏။ သို့ရာတွင် သူ၏ညီအစ်ကို တို့၌ သားမများ။ ရှိမောင်အမျိုးသားတို့သည် ယုဒ အမျိုးသားကဲ့သို့ မပွါးမများတတ်။
28 A noho iho la lakou i Beereseba a i Molada, a i Hazeresuala,
၂၈ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက် တိုင်အောင် ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊
29 A i Bileha, a i Ezema, a i Tolada,
၂၉ဗိလဟာမြို့၊ ဧဇင်မြို့၊ ဗတာလဒ်မြို့၊
30 A i Betuela, a i Horema, a i Zikelaga,
၃၀ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊
31 A i Betamarekaba, a i Hazarasusa, a i Betebirei, a i Saaraima. Oia na kulanakauhale o lakou a hiki i ke au ia Davida.
၃၁ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိမြို့၊ ရှာရိမ်မြို့ တို့၌ နေကြ၏။
32 A o ko lakou mau kauhale, o Etama, o Aina, o Rimona, o Tokena, a o Asana, elima na kulanakauhale:
၃၂ထိုမှတပါး၊ တောမြို့ဧတံ၊ အင်ရိမ္မုန်၊ တောခင်၊ ဧသာ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ၊
33 A me na kauhale a pau a puni ia mau kulanakauhale a hiki i Baala. Oia na wahi noho o lakou, a me ko lakou anainakanaka.
၃၃ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့ တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသား နေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း။
34 A o Mesobaba, o Iameleka, a o Ioseha ke keiki a Amazia,
၃၄မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊
35 A o Ioela, a o Iehu ke keiki a Iosibia, ke keiki a Seraia, ke keiki a Asiela.
၃၅ယောလ၊ အာသေလသား စရာယ၏ သား ယောရှိဘိ၏သား ယေဟု၊
36 A o Elioenai, o Iaakoba, o Iesohaia, o Asaia, o Adiela, o Iesimiela, a o Benaia.
၃၆ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊
37 O Ziza ke keiki a Sipi, ke keiki a Alona, ke keiki a Iedaia, ke keiki a Simeri, ke keiki a Semaia:
၃၇ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှ ဆင်းသက်သော ဇိဇတည်းဟူသော၊
38 O keia poe i kapaia ma ko lakou inoa, he poe alii lakou iloko o ko lakou mau ohana: a mahuahua nui ae la ka ohana a ko lakou mau makua.
၃၈နာမအားဖြင့် မှတ်သော သူတို့သည် အဆွေ အမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများ သတည်း။
39 A hele aku la lakou ma ke komo ana o Gedora, ma ka aoao hikina o ke awawa, e imi ana i wahi e hanai ai i na holoholona no lakou.
၃၉ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသော အခါ၊
40 A loaa iho la ia lakou kahi hanai momona a maikai, a he akea ka aina, a he maluhia me ka oluolu; no ka mea, ua noho kahiko ka Hama malaila.
၄၀မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလ တွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌ နေကြ၏။
41 A hele aku la keia poe i kakauia ma ka inoa, i ka wa o Hezekia ke alii o ka Iuda, a hahau iho la i ko lakou mau halelewa, a me na hale i loaa ilaila, a hokai loa ia lakou a hiki i keia manawa, a noho iho la ma ko lakou wahi; no ka mea, he wahi hanai ia no ko lakou holoholona.
၄၁အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိ လက်ထက်၌သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့ တိုင်အောင်နေကြ၏။
42 A o kekahi poe o lakou, o na mamo a Simeona, he elima haneri kanaka i hele aku i ka mauna Seira, o Pelatia, o Nearia, o Repaia, a o Uziela, na keiki a Isi, ko lakou mau lunakoa.
၄၂တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလ နှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊
43 A pepehi aku la lakou i ke koena o ka Ameleka i pakele, a noho iho la ilaila a hiki i keia manawa.
၄၃အရင်လွတ်သော အာမလက်အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ၍ ထိုအရပ်၌ ယနေ့တိုင်အောင် နေကြ၏။

< I Oihanaalii 4 >