< I Oihanaalii 28 >

1 HOULUULU ae la o Davida i na luna a pau o ka Iseraela, i na luna ohana, a me na luna o na poe i hookauwa na ke alii ma na papa, me na lunatausani, me na lunahaneri, me na luna o na holoholona a me na waiwai a pau o ke alii, me kana mau keikikane, me na ilamuku, me na kanaka koikoi, a me na kanaka koa a pau, i Ierusalema.
တဖန် ဒါဝိဒ် မင်းသည် ဣသရေလ မင်း များတည်းဟူသောအမျိုး အသီးအသီး ကို အုပ်သောမင်း ၊ အလှည့် လှည့်အမှု တော်ကို စောင့်သော တပ်မှူး ဗိုလ်မင်း၊ လူ တထောင် အုပ် ၊ တရာ အုပ် ၊ ရှင်ဘုရင် ၏ဘဏ္ဍာစိုး ၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အား ရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်း တို့ကို ယေရုရှလင် မြို့မှာ စုဝေး စေတော်မူ ၏။
2 Alaila ku ae la o Davida ke alii ma kona wawae, olelo mai la, E hoolohe mai, e na hoahanau o'u, a me o'u kanaka: iloko no o kuu naau ka hana i hale hoomaha no ka pahu berita o Iehova, a no ka paepae wawae o ko kakou Akua, a ua hoomakaukau no wau no ka hana ana.
ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။
3 Aka, olelo mai la ke Akua ia'u, Mai hana oe i hale no ko'u, inoa, no ka mea, he kanaka kaua oe, a ua hookahe oe i na koko.
သို့ရာတွင် ဘုရားသခင် က သင် သည် စစ်တိုက် သောသူ ၊ လူအသက် ကိုသတ် သောသူဖြစ်၍ ၊ ငါ့ နာမ အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မိန့် တော်မူ၏။
4 Aka hoi, i koho mai o Iehova ke Akua o ka Iseraela ia'u imua o ka ohana a pau a ko'u makuakane i alii mau maluna o ka Iseraela: no ka mea, i koho mai oia i ka Iuda i alii; a i ka ohana a ko'u makuakane no ka ohana a Iuda; a iwaena o na keiki a kuu makuakane, i makemake oia ia'u e hoolilo i alii maluna o ka Iseraela a pau:
ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ငါ့ အဆွေအမျိုး များထဲက ငါ့ ကိုရွေးကောက် ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ အမြဲ ချီးမြှောက်တော်မူ၏။ ယုဒ အမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကိုပေး တော်မူ၏။ ယုဒ အမျိုး တွင် ငါ့ အဘ ၏ အိမ်ထောင် ကို၎င်း ၊ ငါ့ အဘ ၏သား တို့တွင် ငါ့ ကို၎င်း၊ နှစ်သက် ၍ဣသရေလ နိုင်ငံလုံး ကို စိုးစံ ရသောအခွင့်ကိုပေး တော်မူ၏။
5 A na keikikane a'u a pau, (no ka mea, ua haawi mai ke Akua ia'u i na keikikane he nui, ) ua wae mai oia i kuu keiki ia Solomona e noho ia maluna o ka nohoalii o ke aupuni o Iehova, maluna o ka Iseraela.
ထာဝရဘုရား သည် ငါ့ အား များစွာ သော သား တို့ကိုပေး တော်မူသည်ဖြစ်၍ ၊ ငါ့ သား အပေါင်း တို့တွင် သား ရှောလမုန် ကို ရွေးကောက် ၍ ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား ၏ နိုင်ငံ တော်ရာဇ ပလ္လင် ပေါ် မှာထိုင် စေခြင်းငှါ ခန့်ထားတော်မူပြီ။
6 I mai la oia ia'u, O Solomona kau keiki, oia no ka mea nana e hana ko'u hale a me ko'u mau pahale: no ka mea, ua wae au ia ia i keiki na'u, a owau auanei kona makua.
ငါ့ အား လည်း သင့် သား ရှောလမုန် သည် ငါ့ အိမ် နှင့် ငါ့ တန်တိုင်း တို့ကို တည် ရမည်။ ငါသည်ထိုသူ ကို သား အရာ ၌ခန့်ထားခြင်းငှါရွေးကောက် ပြီ။ ငါ သည် သူ ၏ အဘ ဖြစ် မည်။
7 Eia hoi, e hookupaa auanei au i kona aupuni a mau loa aku: ina e ikaika oia ke hana i ka'u mau kauoha, a me ko'u mau kanawai, e like me ia i keia la.
သူသည် ငါ စီရင် ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲ ကျင့် လျှင် သူ ၏နိုင်ငံ ကို ငါတည် စေမည်ဟု မိန့် တော်မူ၏။
8 Ano hoi, imua o na maka o ka Iseraela a pau, o ke anainakanaka o Iehova, imua hoi o na pepeiao o ko kakou Akua, e malama oukou me ka imi aku i na kauoha a pau a Iehova a ko oukou Akua: i noho ai oukou ma keia aina maikai, a e waiho hoi ia i hooilina no na keiki mahope o oukou a mau loa aku.
သို့ဖြစ်၍ သင်တို့သည် ဤကောင်း သော ပြည် ကို ပိုင် ၍ သင် တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချန်ထားလိုသောငှါ၊ ထာဝရဘုရား ၏ပရိသတ် တည်းဟူသောဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ ၌၎င်း ၊ ငါ တို့ဘုရားသခင့် အထံတော်၌ ၎င်း၊ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကိုရှာ ၍ စောင့်ရှောက် ကြလော့။
9 O oe hoi, e Solomona kuu keiki, e ike oe i ke Akua o na kupuna ou, a e malama ia ia me ka naau pono, a me ka manao makemake: no ka mea, ke nana mai nei o Iehova i na naau a pau, a ke ike nei i na ano a pau o na manao: ina oe e imi aku ia ia, e loaa auanei oia ia oe: aka, i haalele oe ia ia, e kiola aku oia ia oe a mau loa aku.
ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။
10 E malama oe ano: no ka mea, ua wae mai o Iehova ia oe e hana i hale no ke keenakapu; e hooikaika oe, a e hana.
၁၀သတိ ပြုလော့။ သန့်ရှင်း ရာဌာနအဘို့ အိမ် တော်ကို တည်ဆောက် စေခြင်းငှါ သင့် ကို ထာဝရဘုရား ရွေးကောက် တော်မူသောကြောင့် ၊ အားယူ ၍ တည်ဆောက် လော့ဟုမှာထားတော်မူ၏။
11 Alaila haawi mai la o Davida ia Solomona kana keiki, i ke kumu no ka lanai, a no na hale olaila, a no na waihonawaiwai olaila, a no na keena luna olaila, a no na keena waena, a no kahi o ka noho aloha,
၁၁ထိုအခါ အိမ်တော်ဦး ၊ အဆောင် ကြီး၊ ဘဏ္ဍာတိုက် ၊ အထက် ခန်း၊ အတွင်း ခန်း၊ သေတ္တာ တော်အဖုံး ထားရာ အခန်း ၏ ပုံကို၎င်း၊
12 A me ke kumu no na mea a pau ia ia na ka Uhane mai, no na pahale o ka hale o Iehova, a no na keena a pau e puni ana, no na waihonawaiwai o ka hale o ke Akua, a no na hale ahu i ka waiwai i hoolaaia:
၁၂ထာဝရဘုရား ၏အိမ် တော်တန်တိုင်း များ၊ ပတ်လည် ၌ ကာသောအခန်း များ၊ ဘုရားသခင် ၏ အိမ် တော် ဘဏ္ဍာတိုက် များ၊ ပူဇော် သောအရာသိုထား ရာ တိုက်များ တို့၏ ပုံကို၎င်း၊ မိမိ ကြံစည် သမျှ အတိုင်း ၊ ဒါဝိဒ် သည် သား တော်ရှောလမုန် အား အပ် တော်မူ၏။
13 A no na papa hoi o na kahuna, a o na Levi, a no ka hana ana a pau i ka oihana o ka hale o Iehova, a no na ipu o ka oihana iloko o ka hale o Iehova.
၁၃ယဇ်ပုရောဟိတ် ၊ လေဝိ သားသင်းဖွဲ့ ခြင်း၊ ထာဝရဘုရား ၏အိမ် တော်၌ အမှု တော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက် စရာ တန်ဆာ ရှိသမျှ တို့ကိုလည်း စီရင် တော်မူ၏။
14 A haawi mai la ia i gula i kaupaonaia i mea gula, no na mea hana i na oihana a pau: a o na mea kala a pau ma ke kaupaona ana, no na mea hana i na oihana a pau:
၁၄အမှု တော်အမျိုးမျိုး ကို ဆောင်ရွက်စရာ ရွှေ တန်ဆာ ရှိသမျှတို့အဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာ ရှိသမျှ တို့ အဘို့ ငွေကို၎င်း ချိန် ၍ အပ်တော်မူ၏။
15 I ka mea i kaupaonaia no na waihona kukui gula, a me na ipukukui gula o lakou; ma ke kaupaona no na waihonakukui a pau, a no na ipukukui o lakou: a no na waihona kukui kala ma ke kaupaona: no ka waihona kukui, a no na ipukukui ona, e like me ke ano o kela a me keia waihonakukui.
၁၅ရွှေ မီးခုံ နှင့် ရွှေ မီးခွက် အသီးအသီးအဘို့ ၊ ငွေ မီးခုံ နှင့် ငွေမီးခွက် အသီးအသီးသုံးစရာရှိသည်အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
16 A i ke gula ma ke kaupaona ana no ka papa berena hoike, no kela papa a no keia papa: a he kala no na papa kala:
၁၆ရှေ့ တော်မုန့်တင်စရာရွှေ စားပွဲ နှင့် ငွေ စားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
17 A i ke gula maoli no na lou manamana, no na bola a no na kiaha: a no na pa gula haawi mai la ia i ke gula i kaupaonaia no kela pa a keia pa: a me ke kala i kaupaonaia no kela pa kala a keia pa kala:
၁၇အမဲသား ချိတ်၊ အင်တုံ ၊ ဖလား များအဘို့ ရွှေ စင် ကို၎င်း၊ ရွှေ လင်ပန်း နှင့် ငွေ လင်ပန်း အသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
18 A no ke kuahu kuni mea ala i ke gula maemae ma ke kaupaona: a he gula no ke kumu o ke kaa o I na keruba, i hohola ae a uhi iho i ka pahu berita o Iehova.
၁၈နံ့သာပေါင်း မီးရှို့ရာ ယဇ် ပလ္လင်အဘို့ ရွှေ စင် ကို၎င်း၊ အတောင်တို့ကို ဖြန့် ၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို လွှမ်းမိုး သော ခေရုဗိမ် ရထား တော်ပုံ အဘို့ ရွှေကို၎င်း၊ ချိန် ၍အပ်တော်မူ၏။
19 O keia a pau ka Iehova i hoomaopopo mai ai ia'u i ke kakau ana, ma kona lima maluna iho o'u, o na hana a pau o keia kumu.
၁၉ထိုပုံ များရှိသမျှ တို့ကို ရေး ထားသည်အတိုင်း ၊ နားလည် နိုင်သော ဉာဏ်ပညာကို ထာဝရဘုရား သည် ပေးတော်မူ၏။
20 Olelo mai la o Davida ia Solomona kana keiki, E ikaika oe, a e koa hoi, a e hana: mai makau oe, aole hoi e pauaho; no ka mea, me oe pu no o Iehova ke Akua, o ko'u Akua: aole oia e hoohoka mai, aole hoi o haalele mai ia oe, a paa ia oe ka hana a pau no ka oihana o ka hale o Iehova.
၂၀သား တော်ရှောလမုန် အား လည်း၊ သင်သည် အားယူ ၍ ရဲရင့် သောစိတ် နှင့်လုပ်ဆောင် လော့။ မ စိုးရိမ် နှင့်။ စိတ် မ ပျက်နှင့်။ ငါ ၏ဘုရားသခင် ထာဝရ အရှင် ဘုရားသခင် သည် သင် နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်မှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင် ၍ လက်စ မ သတ်မှီတိုင်အောင်သင့် ကို စွန့် တော် မ မူ။ ပစ်ထားတော်မမူ။
21 Eia hoi o na papa o ka poe kahuna a me na Levi, [o lakou me oe] no na oihana a pau o ka hale o ke Akua: a me oe no na kanaka makemake makaukau a pau no na hana a pau, no kela hana keia hana a pau: a ma kau kauoha wale no hoi na luna a me na kanaka a pau.
၂၁သင်းဖွဲ့ သောယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည်လည်း ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာ သော ဆရာသမား အမျိုးမျိုး တို့ သည်လည်း အရာရာ တို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်း များနှင့် ပြည်သူ ပြည်သားများအပေါင်း တို့သည်လည်း သင့် လက်၌ရှိကြသည်ဟု မိန့် တော်မူ၏။

< I Oihanaalii 28 >