< I Oihanaalii 19 >
1 MAHOPE mai o ia mea, make iho la o Nahasa ke alii o na mamo a Amona, a nohoalii iho la o Hanuna ma kona wahi.
၁ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 Olelo iho la o Davida, E lokomaikai no wau ia Hanuna ke keiki a Nahasa; no ka mea, i lokomaikai mai kona makuakane ia'u. Hoouna aku la o Davida i na elele e hooluolu aku ia ia no kona makuakane. A hiki aku la na elele o Davida i ka aina o na mamo a Amona, io Hanuna la, e hooluolu ia ia.
၂ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြု မည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ၏။
3 Aka, o na alii o na mamo a Amona, i aku la lakou ia Hanuna, Ke manao nei anei oe, e hoomaikai mai o Davida i kou makuakane i kona hoouna ana mai iou la i na mea hooluolu? Aole anei i hele mai kana mau kauwa iou nei e makaikai, a e hookahuli, a e hoomakakiu mai i ka aina?
၃အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူး စမ်း၍ ဖျက်ဆီးခြင်းငှါသာ၊ သူ၏ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင်၊
4 Nolaila, lalau mai la o Hanuna i na kauwa a Davida, a kahi ae la i ko lakou umiumi, a okioki iho la i ko lakou mau aahu mawaena, ma ko lakou kikala, a kipaku mai la ia lakou.
၄ဟာနုန်သည် ဒါဝိဒ်၏ ကျွန်တို့ကို ယူပြီးလျှင်၊ မုဆိတ်ကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
5 Hele mai la kekahi, a hai aku la ia Davida i ka mea i hanaia mai i ua mau kanaka la. Hoouna aku ia ia e halawai me lakou: no ka mea, ua hilahila loa lakou. I aku la ke alii, E noho oukou ma Ieriko, a ulu ae ko oukou umiumi, alaila e hoi mai
၅ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သော ကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
6 A ike iho la na mamo a Amona, ua pilau lakou imua o Davida, hoouka aku la o Hanuna me na mamo a Amona i na talena kala he tausani e hoolimalima no lakou i na halekaa a me na hoohololio mai Mesopotamia, a mai Suria-maaka, a mai Zoba mai.
၆ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊
7 Hoolimalima ae la lakou i na kaa he kanakolukumamalua tausani, a me ke alii o Maaka, a me kona poe kanaka; a hele mai lakou a hoomoana imua o Medeba. Akoakoa mai la na mamo a Amona mailoko mai o ko lakou mau kulanakauhale, a hele mai i ke kaua.
၇မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို၎င်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
8 A lohe ae la o Davida, hoouna aku la oia ia Ioaba, me ka puali a pau o ka poe ikaika.
၈ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
9 Hele mai la ka poe mamo a Amona iwaho, a hoonohonoho i ke kaua ma ke alo o ka puka e komo ai iloko o ke kulanakauhale: a ku okoa ae la na alii i hiki mai ma ke kola.
၉အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
10 A ike aku la o Ioaba i ke alo o na kaua, mamua kekahi, a mahope kekahi, wae aku la oia i ka poe ui a pau o ka Iseraela, a hoonohonoho aku la ia lakou e ku e i ko Suria
၁၀ယွာဘသည်လည်းရှေ့၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။
11 A haawi aku la ia i ka poe i koe ma ka lima o Abisai kona kaikaina, a hoonohonoho aku oia ia lakou e ku e i na mamo a Amona.
၁၁ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊
12 I aku la oia, Ina e oi aku ka ikaika o ko Suria i ko'u, alaila e kokua mai oe ia'u: aka, ina e oi aku ka ikaika o na mamo a Amona i kou, alaila au e kokua aku ia oe.
၁၂ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
13 I nui ka ikaika, a e koa hoi kakou no ko kakou lahuikanaka, a me na kulanakauhale no ko kakou Akua: a e hana mai o Iehova i ka mea pono imua o kona maka.
၁၃ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ၊
14 Neenee aku la o Ioaba me na kanaka me ia imua o ko Suria, i ke kaua ana; a hee aku la lakou imua ona.
၁၄သူ၌ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
15 A ike aku la na mamo a Amona, ua hee aku la ko Suria, alaila hee aku la hoi lakou imua o Abisai kona kaikaina, a komo aku la iloko o ke kulanakauhale. Alaila hele mai la o Ioaba i Ierusalema.
၁၅ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
16 A ike ae la ko Suria, ua pepehiia lakou imua o ka Iseraela, hoouna aku la lakou i na elele, a kai mai la lakou i ko Suria e noho ana ma kela aoao o ka muliwai: a imua o lakou o Sopaka ka lunakoa no Hadarezera.
၁၆ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
17 A hai aku la kekahi ia Davida: a hoakoakoa ae la oia i ka Iseraela a pau, a hele aku la ma kela aoao o Ioredane, a hiki aku la io lakou la, a hoonohonoho aku la i ke kaua ku e ia lakou. Aia hoonohonoho aku ai o Davida i ke kaua ku e ia lakou, alaila lakou i kaua mai me ia.
၁၇ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက် သောအခါ၊
18 A hee aku la ko Suria imua o ka Iseraela; a pepehi aku la o Davida i na kanaka o na halekaa ehiku tausani, a me na kanaka kaniwawae he kanaha tausani, a make iho la o Sopaka ka lunakaua.
၁၈ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။
19 A ike iho la na kauwa a Hadarezera, ua pepehiia lakou imua o ka Iseraela, hookuikahi mai la lakou me Davida, a lilo iho la i poe kauwa nana Aole hoi i manao ko Suria e kokua hou aku i na mamo a Amona.
၁၉ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။