< Zakariya 1 >
1 A wata na bakwai na shekara ta biyu ta mulkin Dariyus, maganar Ubangiji ta zo wa annabi Zakariya ɗan Berekiya ɗan Iddo.
၁ဤဗျာဒိတ်တော်သည်ပေရသိဧကရာဇ်ဘုရင် ဒါရိနန်းစံဒုတိယနှစ်၊ အဋ္ဌမလ၌ပရောဖက် ဇာခရိအားထာဝရဘုရားပေးတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်။ ဇာခရိကားဣဒေါ ၏မြေး၊ ဗာရခိ၏သားဖြစ်သတည်း။-
2 “Ubangiji ya yi fushi sosai da kakanninku.
၂ထာဝရဘုရားကဇာခရိအား``ငါသည်သင် တို့၏ဘိုးဘေးများကိုလွန်စွာအမျက်ထွက် တော်မူခဲ့၏။-
3 Saboda haka ka gaya wa mutanen, ga abin da Ubangiji Maɗaukaki ya ce, ‘Ku komo gare ni,’ in ji Ubangiji Maɗaukaki, ‘ni kuma zan komo gare ku,’ in ji Ubangiji Maɗaukaki.
၃သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ကြလော့။ ငါသည်လည်းသင်တို့ထံသို့ကြွ လာတော်မူမည်။-
4 Kada ku zama kamar kakanninku, waɗanda annabawa na dā suka ce musu, ga abin da Ubangiji Maɗaukaki ya ce, ‘Ku juya daga mugayen hanyoyinku da mugayen abubuwan da kuke yi.’ Amma ba su saurara ba, ko ma su kula da ni, in ji Ubangiji.
၄သင်တို့သည်မိမိတို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်။ ရှေးအခါကပရောဖက်များ သည်သူတို့အား ယုတ်မာဆိုးညစ်သည့်အကျင့် များကိုရပ်စဲလိုက်ကြရန်ပြောကြားသော် လည်းသူတို့သည်နားမထောင်ဂရုမစိုက် ကြ'' ဟုမိန့်တော်မူ၏။-
5 Yanzu ina kakanninku suke? Annabawan kuma fa, sun rayu har abada ne?
၅``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-
6 Amma maganata da dokokina da na umarta ta wurin bayina annabawa fa, ashe, ba su tabbata ba a kan kakanninku? “Sa’an nan suka tuba suka ce, ‘Ubangiji Maɗaukaki ya yi mana daidai abin da hanyoyinmu suka cancanci mu samu, kamar dai yadda ya yi niyya yi.’”
၆ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
7 A rana ta ashirin da huɗu ga watan goma sha ɗaya, wato, watan Shebat, a shekara ta biyu ta Dariyus, maganar Ubangiji ta zo wa annabi Zakariya ɗan Berekiya ɗan Iddo.
၇ဧကရာဇ်ဘုရင်ဒါရိနန်းစံဒုတိယနှစ်၊ ရှေ ဗတ်လတည်းဟူသောဧကဒသမလ၊ နှစ် ဆယ့်လေးရက်နေ့၌ထာဝရဘုရားသည် ညဥ့်အခါငါ့အားဗျာဒိတ်ရူပါရုံတစ်ခု ကိုပြတော်မူ၏။-
8 Da dare, na ga wahayi, a gabana kuwa ga mutum a kan jan doki! Yana tsaye a cikin itatuwa masu furanni, a bayansa a cikin itatuwan ci-zaƙi, a bayansa kuwa akwai dawakai masu ruwan ja, ruwan ƙasa-ƙasa da kuma ruwan fari.
၈ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
9 Sai na yi tambaya na ce, “Mene ne waɗannan ranka yă daɗe?” Mala’ikan da yake magana da ni ya amsa ya ce, “Zan nuna maka mene ne su.”
၉ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင် ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
10 Sai mutumin da yake tsaye cikin itatuwan ci-zaƙin ya yi bayani cewa, “Su ne waɗanda Ubangiji ya aika ko’ina a duniya.”
၁၀ထာဝရဘုရားသည်ကမ္ဘာမြေကြီးကို ကြည့်ရှုစစ်ဆေးရန် သူတို့ကိုစေလွှတ်တော် မူလိုက်၏'' ဟုပြန်လည်ဖြေကြား၏။
11 Sai suka ce wa mala’ikan da yake tsaye cikin itatuwan ci-zaƙin, “Mun ratsa ko’ina a duniya, sai muka ga duniya duka tana zaman lafiya.”
၁၁မြင်းများကလည်း``အကျွန်ုပ်တို့သည်ကမ္ဘာတစ် ဝှမ်းလုံးသို့သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ခု လုံးပင်အားကိုးရာမဲ့ဖြစ်ကာနွံနာကျိုးနွံ နေပါသည်'' ဟုအစီရင်ခံကြ၏။
12 Sa’an nan mala’ikan Ubangiji ya ce, “Ya Ubangiji Maɗaukaki, har yaushe za ka ci gaba da ƙi nuna wa Urushalima da kuma garuruwan Yahuda jinƙai, waɗanda kake fushi da su shekarun nan saba’in?”
၁၂ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။
13 Sai Ubangiji ya yi wa mala’ikan da ya yi magana da ni magana da kalmomi masu daɗi da kuma masu ta’azantarwa.
၁၃ထာဝရဘုရားသည်ကောင်းကင်တမန် အားနှစ်သိမ့်ဖွယ်ရာစကားများကိုမိန့် ကြားတော်မူသဖြင့်၊-
14 Sai mala’ikan da yake magana da ni ya ce, “Ka yi shelar maganan nan, ga abin da Ubangiji Maɗaukaki ya ce, ‘Ina kishi domin Urushalima da Sihiyona,
၁၄ကောင်းကင်တမန်သည်လည်းငါ့အား``အနန္တ တန်ခိုးရှင်ထာဝရဘုရားက`ငါသည်သန့် ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့တော် ကိုလွန်စွာချစ်မြတ်နိုး၍အကြင်နာ တရားထားရှိပါ၏။-
15 amma ina fushi da ƙasashen da suke ji suna zaman lafiya, na ɗan yi fushina kawai, amma sai suka ƙara musu masifar.’
၁၅ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-
16 “Saboda haka, ga abin da Ubangiji ya ce, ‘Zan komo Urushalima da jinƙai, a can ne za a sāke gina gidana. Za a kuma miƙe ma’auni a bisa Urushalima,’ in ji Ubangiji Maɗaukaki.
၁၆ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
17 “Ci gaba da yin shela, ga abin da Ubangiji Maɗaukaki ya ce, ‘Garuruwana za su sāke kwarara da wadata, Ubangiji kuma zai sāke yi wa Sihiyona ta’aziyya, yă kuma zaɓi Urushalima.’”
၁၇ကောင်းကင်တမန်ကငါ့အား``အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်မိမိ၏မြို့တော် များတစ်ဖန်ပြန်လည်စည်ကား၍လာလိမ့် မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော် သည်တစ်ဖန်ပြန်လည်ကြွလာတော်မူလျက် ယေရုရှလင်မြို့ကိုကူမတော်မူပြီးလျှင် မိမိပိုင်မြို့တော်အဖြစ်သိမ်းယူတော်မူ မည်ဖြစ်ကြောင်းကိုလည်းကောင်းထုတ်ဖော် ကြေညာလော့'' ဟူ၍လည်းမှာကြားခဲ့ လေသည်။
18 Sa’an nan na dubi sama a gabana kuwa sai ga ƙahoni huɗu!
၁၈ငါသည်အခြားဗျာဒိတ်ရူပါရုံတစ်ခု တွင်နွားဦးချိုလေးခုကိုတွေ့မြင်ရ၏။-
19 Na tambayi mala’ikan da yake mini magana, na ce, “Mene ne waɗannan?” Ya amsa mini ya ce, “Waɗannan su ne ƙahonin da suka watsar da Yahuda, Isra’ila da kuma Urushalima.”
၁၉ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။
20 Sa’an nan Ubangiji ya nuna mini maƙera guda huɗu.
၂၀ထိုနောက်ထာဝရဘုရားသည်ငါ့အားတူ များကိုကိုင်ဆောင်ထားသည့်အလုပ်သမား လေးယောက်ကိုပြတော်မူ၏။-
21 Na yi tambaya na ce, “Mene ne waɗannan suke zuwa yi?” Ya amsa ya ce, “Waɗannan ne ƙahonin da suka watsar da Yahuda har ba wanda yake iya ɗaga kansa, amma maƙeran sun zo don su tsorata su su kuma saukar da ƙahonin ƙasashen nan waɗanda suka ɗaga ƙahoninsu gāba da ƙasar Yahuda don su warwatsa ta.”
၂၁ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။