< Zakariya 7 >
1 A shekara ta huɗu ta Sarki Dariyus, maganar Ubangiji ta zo wa Zakariya a rana ta huɗu ta watan tara, wato, watan Kisleb.
၁ဧကရာဇ်ဘုရင်ဒါရိနန်းစံစတုတ္ထနှစ် ခိသလုနာမည်တွင်သော နဝမလ၊ လေး ရက်နေ့၌ထာဝရဘုရားသည်ငါ့အား ဗျာဒိတ်ပေးတော်မူ၏။
2 Mutanen Betel sun aika Sharezer da Regem-Melek, tare da mutanensu su nemi tagomashin Ubangiji
၂ဗေသလမြို့သားတို့သည်ထာဝရဘုရား ၏ကောင်းချီးမင်္ဂလာကိုတောင်းခံကြရန် လည်းကောင်း``အကျွန်ုပ်တို့သည်ဗိမာန်တော် ပြိုပျက်မှုအတွက် နှစ်ပေါင်းများစွာပြုလုပ် ခဲ့ကြသည့်နည်းတူ အစာရှောင်ခြင်းအား ဖြင့်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြရကြပါမည်လော'' ဟုမေးလျှောက် ကြရန်လည်းကောင်း၊ ရှရေဇာနှင့်ရေဂင်္မေ လက်နှင့်သူတို့၏လူတို့အား အနန္တတန်ခိုး ရှင်ထာဝရဘုရား၏ဗိမာန်တော်မှ ယဇ် ပုရောဟိတ်များ၊ ပရောဖက်များထံသို့ စေလွှတ်လိုက်ကြ၏။
3 ta wurin tambayar firistocin da kuma annabawan gidan Ubangiji Maɗaukaki, “Ko ya kamata in yi makoki da azumi a wata na biyar, yadda na yi a shekaru masu yawa?”
၃
4 Sai maganar Ubangiji Maɗaukaki ta zo mini ta ce,
၄ငါ့အားထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကားဤသို့တည်း။-
5 “Ka tambayi dukan mutanen ƙasar da firistoci cewa, ‘Sa’ad da kuka yi makoki da azumi a wata na biyar da na bakwai dukan shekaru saba’in nan, a ainihi saboda ni kuka yi azumi?
၅ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။-
6 Kuma sa’ad da kuke ci kuke sha, ba kanku kuke yi wa shagali ba?
၆စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။
7 Ashe, ba kalmomin da Ubangiji ya faɗi ke nan ta bakin annabawan farko ba sa’ad da Urushalima da garuruwan da suke kewaye da ita suke hutawa, suke cikin wadata, akwai kuma mutane a Negeb da yammancin gindin tuddai?’”
၇ဤကားယေရုရှလင်မြို့ကောင်းစားစည်ပင် လျက်နေချိန်၌ ရှေးပရောဖက်များအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ် တော်ဖြစ်၏။ ထိုအခါမြို့ပတ်ဝန်းကျင်ကျေး ရွာများတွင်သာလျှင်လူအမြောက်အမြား နေထိုင်ကြသည်မဟုတ်။ တောင်ဘက်ဒေသ နှင့်အနောက်ဘက်ရှိတောင်ခြေဒေသများ တွင်လည်းနေထိုင်ကြလေသည်။
8 Sai maganar Ubangiji ta sāke zuwa wa Zakariya cewa,
၈ထာဝရဘုရားသည်ဇာခရိအား ဤသို့ ဗျာဒိတ်ပေးတော်မူ၏။-
9 “Ga abin da Ubangiji Maɗaukaki ya ce, ‘Ku yi shari’ar gaskiya; ku nuna jinƙai da tausayi ga juna.
၉အနန္တတန်ခိုးရှင်ထာဝရဘုရားက``ရှေး အခါ၌ငါသည်မိမိ၏လူမျိုးတော်အား`သင် တို့သည်တရားမျှတစွာပြုကျင့်ကြလျက်၊ တစ်ဦးအပေါ်တစ်ဦးသနားကရုဏာ ထားရကြမည်။-
10 Kada ku danne gwauruwa ko maraya, baƙo ko talaka. A cikin zuciyarku kada ku yi mugun tunani game da juna.’
၁၀မုဆိုးမများ၊ မိဘမဲ့များ၊ တစ်ကျွန်းတစ် နိုင်ငံသားများသို့မဟုတ်ဆင်းရဲနွမ်းပါး သူများအားမညှင်းဆဲမနှိပ်စက်ကြနှင့်၊ တစ်ဦးကိုတစ်ဦးဘေးဒုက္ခရောက်အောင် မကြံစည်ကြနှင့်'' ဟုမိန့်မှာခဲ့၏။
11 “Amma suka ƙi su saurara; da taurinkai suka juya bayansu suka kuma toshe kunnuwansu.
၁၁``သို့ရာတွင်ငါ၏လူမျိုးတော်သည်ဂရု မစိုက်ဘဲခေါင်းမာလျက် ငါ့စကားကိုနား မထောင်ကြ။ သူတို့သည်နားကိုပိတ်ထား ကြ၏။-
12 Suka taurare zukatansu kamar dutse, suka ƙi jin abin da doka ko kuma maganar Ubangiji Maɗaukaki take faɗi wadda ya aika ta wurin Ruhunsa ta wurin annabawan farko. Saboda haka Ubangiji Maɗaukaki ya ji fushi ƙwarai.
၁၂စိတ်နှလုံးကိုကျောက်ကဲ့သို့မာကျောစေ ကြ၏။ သူတို့သည်ရှေးပရောဖက်များအား ဖြင့်ငါပေးအပ်ခဲ့သည့်သွန်သင်ချက်များ ကိုနားမထောင်သဖြင့် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည်ပြင်းစွာအမျက် ထွက်ခဲ့သည်။-
13 “‘Sa’ad da na yi kira, ba su saurara ba; saboda haka sa’ad da suka kira, ba zan saurara ba,’ in ji Ubangiji Maɗaukaki.
၁၃ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။-
14 ‘Na warwatsar da su da guguwa a cikin dukan ƙasashe, inda suka zama baƙi. Aka bar ƙasar ta zama kango bayansu, da har ba mai shiga ko fita. Haka suka sa ƙasan nan mai daɗi ta zama kango.’”
၁၄မုန်တိုင်းသဖွယ်တိုက်ခတ်ကာနိုင်ငံရပ် ခြားများသို့လွင့်စင်သွားစေ၏။ ဤသာ ယာသောပြည်သည်လည်းနေထိုင်သူမ ရှိဘဲလူသူဆိတ်ငြိမ်ရာဖြစ်လျက်ကျန် ရစ်ခဲ့ပေသည်'' ဟုမိန့်တော်မူ၏။