< Zabura 97 >
1 Ubangiji yana mulki, bari duniya tă yi murna; bari tsibirai masu nesa su yi farin ciki.
၁ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
2 Gizagizai da baƙin duhu sun kewaye shi; adalci da gaskiya su ne tushen kursiyinsa.
၂မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။
3 Wuta tana tafiya a gabansa tana kuma cinye maƙiyansa a kowane gefe.
၃မီးလျှံသည်ရှေ့တော်မှသွား၍ကိုယ်တော်၏ ပတ်လည်ရှိရန်သူတို့ကိုကျွမ်းလောင်စေ၏။
4 Walƙiyarsa ta haskaka duniya; duniya ta gani ta kuma yi rawar jiki.
၄ကိုယ်တော်၏လျှပ်စစ်လျှပ်နွယ်တို့သည် ကမ္ဘာလောကကိုလင်းစေကြ၏။ ထိုအချင်းအရာကိုမြင်သောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
5 Duwatsu sun narke kamar kakin zuma a gaban Ubangiji, a gaban Ubangijin dukan duniya.
၅ကမ္ဘာမြေကြီးကိုအစိုးရသော အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။
6 Sammai sun yi shelar adalcinsa, dukan mutane kuma suka ga ɗaukakarsa.
၆မိုးကောင်းကင်သည်ကိုယ်တော် ဖြောင့်မှန်တော်မူကြောင်းကိုထုတ်ဖော်ကြေ ညာ၍ လူအပေါင်းတို့သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုမြင်ကြရ၏။
7 Dukan waɗanda suke bauta wa siffofi sun sha kunya, waɗanda suke fariya da gumaka, ku yi masa sujada, dukanku alloli!
၇ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
8 Sihiyona ta ji ta kuma yi farin ciki kuma dukan ƙauyukan Yahuda suna murna saboda hukunce-hukuncenka, ya Ubangiji.
၈အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။
9 Gama kai, ya Ubangiji, kai ne Mafi Ɗaukaka a bisa dukan duniya; ana darjanta ka fiye da dukan alloli.
၉အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
10 Bari masu ƙaunar Ubangiji su ƙi mugunta, gama yana tsaron rayukan amintattunsa yana kuma kuɓutar da su daga hannun mugaye.
၁၀ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
11 An haskaka haske a kan masu adalci da kuma farin ciki a kan masu gaskiya a zuciya.
၁၁သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။
12 Ku yi farin ciki a cikin Ubangiji, ku da kuke masu adalci, ku kuma yabi sunansa mai tsarki.
၁၂အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။