< Zabura 88 >
1 Waƙa ce, Zabura ta’ya’yan Kora maza. Don mai bi da kaɗe-kaɗe. Bisa ga mahalat leyannotmaskil na Heman dangin Ezra. Ya Ubangiji, Allah wanda ya cece ni, dare da rana ina kuka a gabanka.
၁ကျွန်တော်မျိုးကိုကယ်တင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကျွန်တော်မျိုးသည်နေ့အချိန်၌ဟစ်အော်၍ ညအချိန်၌ကိုယ်တော်ရှင်၏ထံတော်သို့ ချဉ်းကပ်ပါ၏။
2 Bari addu’ata ta zo a gabanka; ka kasa kunne ga kukata.
၂ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။
3 Gama raina yana cike da wahala rayuwata tana gab da kabari. (Sheol )
၃ကျွန်တော်မျိုးသည်ဒုက္ခရောက်ရဖန်များလှ သဖြင့် သေလုပါပြီ။ (Sheol )
4 An lissafta ni cikin waɗanda suka gangara zuwa cikin rami; ni kamar mutumin da ba shi da ƙarfi ne.
၄ကျွန်တော်မျိုးသည်သေအံ့ဆဲဆဲဖြစ်လျက် နေသူတစ်ယောက်ဖြစ်ပါ၏။ အားအင်လည်းကုန်ခန်းပါပြီ။
5 An ware ni tare da matattu, kamar waɗanda aka kashe da suke kwance a kabari, waɗanda ba ka ƙara tunawa, waɗanda aka yanke daga taimakonka.
၅ကျွန်တော်မျိုးသည်သူသေကဲ့သို့ဖြစ်ပါ၏။ အသတ်ခံရ၍သင်္ချိုင်းတွင်းထဲသို့ရောက်ရှိနေသည့် သူသေကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်လုံးဝသတိမရသောသူ၊ကိုယ်တော် မစရန် မဖြစ်နိုင်သောသူကဲ့သို့ဖြစ်ပါ၏။
6 Ka sa ni a ramin da yake can ƙasa cikin zurfafa mafi duhu.
၆ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အမှောင်ဆုံး၊ အနက်ဆုံးသောတွင်းတည်းဟူသောနက်ရှိုင်းရာ သင်္ချိုင်းတွင်းထဲသို့ပစ်ချတော်မူပါပြီ။
7 Hasalarka tana da nauyi a kaina; ka turmushe ni da dukan raƙumanka. (Sela)
၇အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။ ကျွန်တော်မျိုးသည်အမျက်တော်၏ လှိုင်းတံပိုးအောက်တွင်ပိပြား၍နေပါ၏။
8 Ka ɗauke abokaina na kurkusa daga gare ni ka sa na zama abin ƙyama a gare su. An kange ni, ba yadda zan kuɓuta
၈ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။
9 idanuna ba sa gani sosai saboda baƙin ciki. Ina kira gare ka, ya Ubangiji, kowace rana; na tā da hannuwana zuwa gare ka.
၉ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
10 Kakan nuna wa matattu ayyukanka na banmamaki ne? Waɗanda suka mutu sukan tashi su yabe ka ne? (Sela)
၁၀ကိုယ်တော်ရှင်သည်သူသေတို့အတွက်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူပါသလော။ သူတို့သည်သေရာမှထ၍ကိုယ်တော်ရှင်အား ထောမနာပြုပါသလော။
11 Ana furta ƙaunar a cikin kabari ne, ana zancen amincinka a cikin Hallaka ne?
၁၁ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းကို ပျက်စီးရာဌာန၌လည်းကောင်း ထုတ်ဖော်ပြောဆိုခြင်းရှိပါသလော။
12 An san ayyukanka masu banmamaki a wurin duhu ne, ko ayyukan adalcinka a lahira?
၁၂ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကို မေ့လျော့ရာအရပ်၌လည်းကောင်းသိမြင်ခြင်း ရှိပါသလော။
13 Amma ina kuka gare ka neman taimako, ya Ubangiji; da safe addu’ata kan zo gabanka.
၁၃အို ထာဝရဘုရား၊ ကူမတော်မူရန်ကိုယ်တော်အားဟစ်ခေါ်ပါ၏။
14 Don me, ya Ubangiji, ka ƙi ni ka kuma ɓoye fuskarka daga gare ni?
၁၄အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးထံမှမျက်နှာတော်ကို လွှဲတော်မူပါသနည်း။
15 Tun ina ƙarami na sha wahala na kuma yi kusa in mutu; na sha wahalar razanarka kuma na kuma fid da zuciya.
၁၅ကျွန်တော်မျိုးသည်ငယ်စဉ်ကတည်းကဝေဒနာ ခံရလျက်သေလုနီးပါးဖြစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်ပေးတော်မူသော အပြစ်ဒဏ်ကြီးလေးမှုကြောင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်ပါ၏။
16 Hasalarka ta sha kaina; razanarka ta hallaka ni.
၁၆ကိုယ်တော်ရှင်၏ပြင်းထန်သောအမျက်တော်သည် ကျွန်တော်မျိုးအားပြိုလဲစေပါ၏။ ကိုယ်တော်ရှင်၏ကြောက်မက်ဖွယ်သော တိုက်ခိုက်မှုများသည်ကျွန်တော်မျိုးအား ချေမှုန်းစေပါ၏။
17 Dukan yini sun kewaye ni kamar rigyawa; sun mamaye ni ɗungum.
၁၇ယင်းတို့သည်မြစ်ရေလျှံသကဲ့သို့တစ်နေ့လုံး ကျွန်တော်မျိုးအားဝိုင်းရံလျက်ရှိပါ၏။ အဘက်ဘက်မှနေ၍ကျွန်တော်မျိုးအနီးသို့ ချဉ်းကပ်လာကြပါ၏။
18 Ka ɗauke abokaina da ƙaunatattuna daga gare ni; duhu ne abokina na kurkusa.
၁၈အရင်းနှီးဆုံးသောမိတ်ဆွေများအားပင် လျှင် ကျွန်တော်မျိုးကိုစွန့်ပစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးမှာမိတ်ဆွေဖွဲ့ရန်မှောင်မိုက်သာလျှင် ကျန်ရှိပါတော့၏။