< Zabura 41 >

1 Don mai bi da kaɗe-kaɗe. Zabura ta Dawuda. Mai albarka ne wanda yake jin tausayin marasa ƙarfi; Ubangiji yakan kuɓutar da shi a lokutan wahala.
ဆင်းရဲ သောသူကို အောက်မေ့ သောသူသည် မင်္ဂလာ ရှိ၏။ ခဲယဉ်း သောကာလ ၌ ထိုသူ ကို ထာဝရဘုရား ကယ်နှုတ် တော်မူမည်။
2 Ubangiji zai kāre shi yă kuma kiyaye ransa; zai albarkace shi a cikin ƙasar ba kuwa zai miƙa shi ga hannun maƙiyansa ba.
ထာဝရဘုရား သည် စောင့်မ ၍ အသက် ချမ်းသာ ပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည် တော်၌ ကောင်းကြီး မင်္ဂလာကို ခံရလိမ့်မည်။ ထိုသူ ကို ရန်သူ တို့ အလို သို့ ကိုယ်တော် သည် အပ် တော်မ မူပါ။
3 Ubangiji zai ba shi ƙarfi a gadon rashin lafiyarsa ya mayar masa da lafiya daga ciwon da ya kwantar da shi.
သူ သည်နာဖျား ၍ တုံးလုံး နေသောအခါ ၊ ထာဝရဘုရား သည် ထောက် ပင့်တော်မူမည်။ နာ ၍ နေစဉ်ကာလ ကိုယ်တော်သည် သူ ၏အိပ်ရာ ရှိသမျှ ကို လှန် ပြန်တော်မူ မည်။
4 Na ce, “Ya Ubangiji, ka yi mini jinƙai; ka warkar da ni, gama na yi maka zunubi.”
ငါ လျှောက်ဆို ရသည်ကား၊ အိုထာဝရဘုရား ၊ အကျွန်ုပ် ကို သနား တော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား မိသည်ဖြစ်၍ ၊ အကျွန်ုပ် ၌ စိတ် ဝိညာဉ်၏ အနာကိုပျောက် စေတော်မူပါဟု လျှောက်ဆို၏။
5 Abokan gābana suna muguwar magana a kaina cewa, “Yaushe zai mutu sunansa yă ɓace ne?”
ငါ့ ရန်သူ တို့က၊ သူ သည်သေ ၍ သူ၏နာမ သည် အဘယ် ကာလမှ တိမ်မြှုပ် လိမ့်မည်နည်းဟု ငါ့ ကို မနာလို ၍ ဆို တတ်ကြ၏။
6 Duk sa’ad da wani ya zo ganina, yakan yi maganar ƙarya, yayinda zuciyarsa tana tattare da cin zarafi; sa’an nan yă fita yă yi ta bazawa ko’ina.
ငါ့ကို ကြည့် လာ သောသူသည် မုသာ စကားကို ပြော တတ်၏။ သူ ၏နှလုံး သည်လည်း မ ကောင်းသော အကြံကို ဆည်းဖူး သည်နှင့် ၊ ထွက်သွား သောအခါ ထုတ် ဘော်ပြော တတ်၏။
7 Dukan abokan gābana suna raɗa tare a kaina; suna fata mugun abu ya same ni, suna cewa,
ငါ့ ကိုမုန်း သော သူအပေါင်း တို့သည် ငါ့ ကို ရန်ဘက် ပြု၍၊ တယောက်နှင့် တယောက်တိုး တိုးပြော လျက်၊ ငါ ၌ မ ကောင်းသောအကြံကို ကြံစည် တတ်ကြ၏။
8 “Mugun ciwo ya kama shi; ba zai taɓa tashi daga inda yake kwanciya ba.”
သူ ၌ အဓမ္မ အမှု အရာစွဲကပ် သည်ဖြစ်၍ ၊ တခါလဲ လျှင် နောက် တဖန်မ ထ ရဟု ဆိုကြ၏။
9 Har abokina na kurkusa, wanda na amince da shi, wanda muke cin abinci tare, ya juya yana gāba da ni.
အကယ် စင်စစ်ငါယုံ ၍ ၊ ငါ့ မုန့် ကိုစား သော အဆွေခင်ပွန်း သည် ငါ့ ကို ခြေနှင့်ကျောက်သတည်း။
10 Amma kai, ya Ubangiji, ka yi mini jinƙai, ka tā da ni, don in sāka musu.
၁၀အိုထာဝရဘုရား ၊ သူ တို့အပြစ်ကို အကျွန်ုပ် ဆပ်ပေး နိုင်မည် အကြောင်း ၊ အကျွန်ုပ် ကို သနား ၍ ထမြောက် စေတော်မူပါ။
11 Na sani kana jin daɗina, gama abokin gābana ba zai ci nasara a kaina ba.
၁၁အကျွန်ုပ် ၏ ရန်သူ သည် အကျွန်ုပ် အား မ နိုင် ကြောင်း ကိုထောက် ၍၊ ကိုယ်တော်သည် အကျွန်ုပ် ကို မြတ်နိုး တော်မူသည်ဟု သိ ရပါ၏။
12 Cikin mutuncina ka riƙe ni ka sa ni a gabanka har abada.
၁၂ကိုယ်တော် သည် အကျွန်ုပ် ကို အကျွန်ုပ် စုံလင် ခြင်းအရာ၌ မစ ၍ ၊ ကာလအစဉ် အဆက် ရှေ့ တော်ထံ မှာနေရာ ပေးတော်မူလတံ့။
13 Yabo ya tabbata ga Ubangiji, Allah na Isra’ila, har abada abadin.
၁၃ဣသရေလ အမျိုး၏ ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင်။

< Zabura 41 >