< Zabura 4 >

1 Don mai bi da kaɗe-kaɗe. Da kayan kiɗi masu tsirkiya. Ta Dawuda. Ka amsa mini sa’ad da na kira gare ka, Ya Allahna mai adalci. Ka ba ni sauƙi daga wahalata; ka ji tausayina ka kuma ji addu’ata.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​ခဲ့​ပါ​၏။ ယ​ခု​အ​ခါ​၌​လည်း​ကျွန်​တော်​မျိုး​အား သ​နား​တော်​မူ​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
2 Har yaushe, ya ku mutane za ku mai da ɗaukakata abin kunya? Har yaushe za ku ƙaunaci ruɗu ku nemi allolin ƙarya? (Sela)
အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။
3 Ku san cewa Ubangiji ya keɓe masu tsoron Allah wa kansa; Ubangiji zai ji sa’ad da na yi kira gare shi.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​ဖို့​အ​လို့​ငှာ သူ​တော်​ကောင်း​အား​ရွေး​ချယ်​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။ ငါ​ခေါ်​သော​အ​ခါ​ကိုယ်​တော်​ကြား​တော်​မူ​၏။
4 Cikin fushinku kada ku yi zunubi; sa’ad da kuke kan gadajenku, ku bincike zukatanku ku kuma yi shiru. (Sela)
သင်​တို့​သည်​ကြောက်​လန့်​လျက်​အ​ပြစ်​ဒု​စ​ရိုက်​ကို ရှောင်​ကြ​လော့။ သင်​တို့​သည်​အိပ်​ရာ​ပေါ်​တွင်​တစ်​ကိုယ်​တည်း ဆိတ်​ငြိမ်​စွာ ဤ​အ​ချက်​ကို​နက်​နက်​နဲ​နဲ​စဉ်း​စား​ဆင်​ခြင် ကြ​လော့။
5 Ku miƙa hadayun da suka dace ku kuma dogara ga Ubangiji.
ထာ​ဝ​ရ​ဘု​ရား​အား​ထိုက်​လျောက်​သည့် ယဇ်​များ​ကို​ပူ​ဇော်​၍​ကိုယ်​တော်​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။
6 Yawanci suna cewa, “Wa zai yi mana alheri?” Bari hasken fuskarka yă haskaka a kanmu, ya Ubangiji.
``အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို​ထပ်​မံ​၍​ချ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​စိတ်​ဖြင့် ကြည့်​တော်​မူ​ပါ'' ဟု​လူ​အ​များ​က​ဆု​တောင်း ကြ​၏။
7 Ka cika zuciyata da farin ciki sa’ad da hatsinsu da sabon ruwan inabinsu ya yi yawa.
သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အား​ကိုယ်​တော် ပေး​တော်​မူ​သော​ဝမ်း​မြောက်​ခြင်း​သည် ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​များ​သူ​တို့​ရ​ရှိ​သည့် ဝမ်း​မြောက်​ခြင်း​ထက်​သာ​လွန်​ပါ​၏။
8 Zan kwanta in kuma yi barci lafiya, gama kai kaɗai, ya Ubangiji, kake sa mazaunina yă kasance lafiya lau.
ကျွန်​တော်​မျိုး​သည်​လဲ​လျောင်း​လိုက်​သော​အ​ခါ ငြိမ်​သက်​စွာ​အိပ်​ပျော်​သွား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​ကျွန်​တော်​မျိုး​အား​လုံ​ခြုံ​စွာ နေ​နိုင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​၏။

< Zabura 4 >