< Zabura 37 >

1 Ta Dawuda. Kada ka tsorata saboda mugayen mutane ko ka yi kishin waɗanda suka aikata mugunta;
သူ​ယုတ်​မာ​တို့​၏​အ​တွက်​ကြောင့်​စိုး​ရိမ်​ပူ​ပန်​မှု မ​ဖြစ်​နှင့်။
2 gama kamar ciyawa za su bushe, kamar ɗanyun ganyaye za su mutu.
သူ​တို့​သည်​ခြောက်​သွေ့​သွား​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ပျက်​ကြ​ကုန်​လိမ့်​မည်။ ညှိုး​နွမ်း​သော​အ​ပင်​ငယ်​များ​ကဲ့​သို့ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။
3 Ka dogara ga Ubangiji ka kuma aikata alheri; yi zama cikin ƙasar ka kuma more makiyaya mai lafiya.
ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။
4 Ka ji daɗinka a cikin Ubangiji zai kuwa biya bukatun zuciyarka.
ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။ သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။
5 Ka sa kanka a hanyar Ubangiji; ka kuma dogara gare shi zai kuwa yi wannan.
သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။
6 Zai sa adalcinka yă haskaka kamar hasken safiya, gaskiyarka kuma kamar rana a tsaka.
သင်​၏​ဖြောင့်​မတ်​ခြင်း​ကို​မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့ ထွန်း​လင်း​တောက်​ပ​စေ​တော်​မူ​လိမ့်​မည်။
7 Ka natsu a gaban Ubangiji ka kuma jira da haƙuri gare shi; kada ka tsorata sa’ad da mutane ke nasara a hanyoyinsu, sa’ad da suke aikata mugayen shirye-shiryensu.
ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သော ဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။
8 Kada ka yi fushi kada kuma ka yi hasala; kada ka tsorata, wannan yakan kai ga mugunta ne kawai.
မ​စိုး​ရိမ်​နှင့်။ ဒေါ​သ​အ​မျက်​မ​ထွက်​နှင့်။ စိုး​ရိမ်​မှု​နှင့်​ဒေါ​သ​အ​မျက်​သည်​သင့်​အား ဆိုး​ကျိုး​သာ​ပေး​လိမ့်​မည်။
9 Gama za a datse mugayen mutane, amma waɗanda suke sa zuciya ga Ubangiji za su gāji ƙasar.
ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သော​သူ​တို့ သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​ပြည်​နှင် ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။
10 A ɗan ƙanƙanen lokaci, mugaye za su shuɗe; ko ka neme su, ba za a same su ba.
၁၀ကာ​လ​အ​နည်း​ငယ်​အ​တွင်း​၌​သူ​ယုတ်​မာ တို့​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ကို​ရှာ​သော်​လည်း တွေ့​လိမ့်​မည်​မ​ဟုတ်။
11 Amma masu tawali’u za su gāji ƙasar su kuma zauna da cikakkiyar salama.
၁၁သို့​ရာ​တွင်​စိတ်​နှိမ့်​ချ​သော​သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​လျက်​ငြိမ်း​ချမ်း​သာ​ယာ​မှု​နှင့် ကြီး​ပွား​တိုး​တက်​မှု​တို့​ကို​ခံ​စား​ကြ​ရ လိမ့်​မည်။
12 Mugaye sukan shirya wa adalai maƙarƙashiya su ciji baki a kansu;
၁၂သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား မ​ကောင်း​ကြံ​လျက်​မုန်း​စိတ်​နှင့်​စူး​စူး​ဝါး​ဝါး ကြည့်​တတ်​၏။
13 amma Ubangiji yakan yi dariyar mugaye, gama ya sani ranarsu tana zuwa.
၁၃သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။
14 Mugaye sukan zare takobi su ja baka don su kashe matalauta da masu bukata, don su kashe waɗanda hanyoyinsu daidai suke.
၁၄သူ​ယုတ်​မာ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​အား သတ်​ဖြတ်​ရန်​လည်း​ကောင်း၊မှန်​ရာ​ကို​ပြု​သူ​တို့ အား အ​ဆုံး​စီ​ရင်​ရန်​လည်း​ကောင်း ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​၍​လေး​များ​ကို တင်​ကြ​၏။
15 Amma takubansu za su soki zukatansu, kuma bakkunansu za su kakkarye.
၁၅သို့​ရာ​တွင်​ထို​သူ​တို့​သည်​မိ​မိ​၏​ဋ္ဌား​များ​ဖြင့် ပင်​လျှင် ထိုး​သတ်​ခံ​ကြ​ရ​လိမ့်​မည်။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​ကုန်​ကြ လိမ့်​မည်။
16 Ƙanƙanen abin da mai adalci yake da shi ya fi arzikin mugaye yawa;
၁၆သူ​တော်​ကောင်း​တစ်​ယောက်​၏​ဥစ္စာ​ပစ္စည်း အ​နည်း​ငယ်​သည် သူ​ယုတ်​မာ​အ​ပေါင်း​တို့​၏​စည်း​စိမ်​ချမ်း​သာ ထက် ပို​၍​တန်​ဖိုး​ရှိ​၏။
17 gama za a kakkarya ikon mugaye, amma Ubangiji zai riƙe mai adalci.
၁၇အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​ယုတ်​မာ​တို့​၏​စွမ်း​ရည်​ကို​သိမ်း​ယူ​၍ သူ​တော်​ကောင်း​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် တည်း။
18 Kwanakin marasa zarge suna sane ga Ubangiji, kuma gādonsu zai dawwama har abada.
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​အား​စောင့်​ရှောက်​တော်​မူ​၏။ သူ​တို့​သည်​ပြည်​တော်​ကို​ထာ​ဝ​စဉ်​ပိုင်​ဆိုင် ရ​ကြ​လိမ့်​မည်။
19 A lokutan masifu ba za su yanƙwane ba; a kwanakin yunwa za su sami a yalwace.
၁၉ခဲ​ယဉ်း​ရာ​ကာ​လ​များ​၌​သူ​တို့​သည် ဒုက္ခ​ရောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ချိန်​များ​၌​အ​စာ ရေ​စာ လုံ​လောက်​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။
20 Amma mugaye za su hallaka, Abokan gāban Ubangiji za su zama kamar kyan gonaki, za su ɓace, za su ɓace kamar hayaƙi.
၂၀သူ​ယုတ်​မာ​တို့​မူ​ကား​သေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ရန်​ဘက်​ပြု​သူ​တို့​သည် တော​ပန်း​များ​ကဲ့​သို့​ပျောက်​ကွယ်​ကြ​လိမ့်​မည်။ မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​ကြ​လိမ့်​မည်။
21 Mugaye kan yi rance ba sa kuma biya, amma masu adalci suna bayar hannu sake;
၂၁သူ​ယုတ်​မာ​သည်​ချေး​ငှား​ပြီး​နောက် ပြန်​၍​မ​ပေး​မ​ဆပ်​တတ်။ သူ​တော်​ကောင်း​မူ​ကား​ရက်​ရော​စွာ​ပေး​ကမ်း တတ်​၏။
22 waɗanda Ubangiji ya sa wa albarka za su gāji ƙasar, amma waɗanda ya la’anta, za a kore su.
၂၂ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ကျိန်​တော်​မူ​ခြင်း​ခံ​ရ​သော သူ​တို့​မူ​ကား​ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။
23 In Ubangiji ya ji daɗin hanyar da mutum yake bi, zai sa sawu su kahu;
၂၃ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​လိုက်​လျှောက်​အပ်​သည့် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။ ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​၏။
24 ko ya yi tuntuɓe, ba zai fāɗi ba, gama Ubangiji yakan riƙe shi da hannunsa.
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ကူ​မ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်​လဲ သော်​လည်း မ​ထ​ဘဲ​နေ​လိမ့်​မည်​မ​ဟုတ်။
25 Dā ni yaro ne amma yanzu na tsufa, duk da haka ban taɓa ganin an yashe masu adalci ba ko a ce’ya’yansu suna roƙon burodi.
၂၅ယ​ခု​အ​ခါ​ငါ​သည်​အ​သက်​ကြီး​ရင့်​လေ​ပြီ။ ငါ​သည်​ကြာ​ရှည်​စွာ​အ​သက်​ရှင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​သူ​တော်​ကောင်း​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ပစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​၏​သား​သ​မီး​တို့​တောင်း​စား​ရ​သည်​ကို လည်း​ကောင်း တစ်​ချိန်​တစ်​ခါ​မျှ​ငါ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။
26 Kullum suna bayar hannu sake suna kuma ba da bashi ba da wahala ba, za a yi wa’ya’yansu albarka.
၂၆သူ​သည်​အ​စဉ်​ပင်​သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​ချေး​ငှား​တတ်​၏။ သူ​၏​သား​သ​မီး​များ​သည်​လည်း​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​ရ​ကြ​၏။
27 Ku juyo daga mugunta ku yi alheri; sa’an nan za ku zauna a ƙasar har abada.
၂၇ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​၍​သု​စ​ရိုက်​ကို​ပြု​လော့။ သို့​ပြု​လျှင်​သင်​၏​သား​မြေး​တို့​သည်​ပြည်​တော် တွင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။
28 Gama Ubangiji yana ƙaunar masu aikata daidai kuma ba zai yashe amintattunsa ba. Za a hallaka masu aikata mugunta gaba ɗaya,’ya’yan mugaye za su hallaka.
၂၈အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍ မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။
29 Masu adalci za su gāji ƙasar su kuma zauna a cikinta har abada.
၂၉ဖြောင့်​မတ်​သော​သူ​တို့​သည်​ပြည်​တော်​ကို​ပိုင်​ဆိုင်​၍ အ​စဉ်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။
30 Bakin mutum mai adalci yakan yi magana da hikima, harshensa kuwa yakan yi maganar abin da yake daidai.
၃၀သူ​တော်​ကောင်း​သည်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​ရှိ​သော စ​ကား​ကို​ပြော​ဆို​တတ်​၏။ သူ​သည်​အ​စဉ်​ပင်​တ​ရား​မျှ​တ​၏။
31 Dokar Allahnsa tana a cikin zuciyarsa; ƙafafunsa ba sa santsi.
၃၁သူ​သည်​မိ​မိ​ဘု​ရား​၏​တ​ရား​တော်​ကို နှ​လုံး​သွင်း​၍​ထား​၏။ အ​ဘယ်​အ​ခါ​၌​မျှ​ထို​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပေ။
32 Mugaye suna fako suna jira masu adalci, suna ƙoƙari neman ransu;
၃၂သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား​ချောင်း​မြောင်း​၍ သတ်​ရန်​ကြိုး​စား​တတ်​၏။
33 amma Ubangiji ba zai bar su a ikonsu ba ko ya bari a hukunta su sa’ad da aka kawo su shari’a ba.
၃၃သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တော်​ကောင်း​အား​ရန်​သူ​၏​လက်​တွင်​စွန့်​ပစ်​၍ ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​တ​ရား​ရုံး​သို့​ရောက်​၍​အ​စစ်​ခံ​ရ​သော် သူ့​အား အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
34 Ku sa zuciya ga Ubangiji ku kuma kiyaye hanyarsa. Zai ɗaukaka ku ku ci gādon ƙasar, sa’ad da aka kawar da mugaye, za ka gani.
၃၄ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။
35 Na ga wani mugu, azzalumi, yana yaɗuwa kamar ɗanyen itace a asalin ƙasarsa,
၃၅ငါ​သည်​ပိုင်​စိုး​ပိုင်​နင်း​ပြု​တတ်​သည့် သူ​ယုတ်​မာ​တစ်​ယောက်​ကို​တွေ့​မြင်​ဖူး​၏။ သူ​သည်​လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​ကဲ့​သို့ လူ​အ​ပေါင်း​တို့​အ​ပေါ်​တွင်​လွှမ်း​မိုး​လျက်​နေ​၏။
36 amma yakan mutu nan da nan kuma ba ya ƙara kasancewa; ko an neme shi, ba za a same shi ba.
၃၆သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​ငါ​ဖြတ်​သွား​သော အ​ခါ သူ​သည်​ထို​အ​ရပ်​တွင်​မ​ရှိ​တော့​ပြီ။ သူ့​ကို​ရှာ​သော်​လည်း​မ​တွေ့​မ​မြင်​နိုင်​တော့​ပေ။
37 Ka dubi marasa zargi, ka lura da adali; akwai sa zuciya domin mutum mai salama.
၃၇သူ​တော်​ကောင်း​ကို​ကြည့်​ရှု​လော့။ ဖြောင့်​မတ်​သော​သူ​ကို​ကြည့်​ရှု​ဆင်​ခြင်​လော့။ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​တွင်​သား​မြေး အ​ဆက်​အ​နွယ်​ထွန်း​ကား​၏။
38 Amma za a hallaka dukan masu zunubi; za a yanke sa zuciya ta mugaye.
၃၈သို့​ရာ​တွင်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး​ကြ ကုန်​၏။ သူ​တို့​၏​သား​မြေး​အ​ဆက်​အ​နွယ်​များ​သည်​လည်း သုတ်​သင်​ဖယ်​ရှား​ခြင်း​ကို​ခံ​ကြ​ရ​၏။
39 Ceton adalai kan zo daga Ubangiji; shi ne mafaka a lokacin wahala.
၃၉ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ကယ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​များ​၌​သူ​တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
40 Ubangiji yakan taimake su yă kuma cece su; yakan kuɓutar da su daga mugaye yă kuma cece su, domin sukan nemi mafaka daga gare shi.
၄၀ကိုယ်​တော်​သည်​သူ​တို့​အား​ကူ​မ​တော်​မူ​၏။ ကယ်​မ​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​တွင် ခို​လှုံ​ကြ​သည်​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား သူ​ယုတ်​မာ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။

< Zabura 37 >