< Zabura 142 >
1 Maskil ne ta Dawuda. Sa’ad da yake cikin kogo. Addu’a ce. Na yi kuka mai ƙarfi ga Ubangiji; na tā da muryata ga Ubangiji neman jinƙai.
၁ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။
2 Na kawo gunagunina a gabansa; a gabansa na faɗa wahalata.
၂ငါသည်မိမိအခက်အခဲရှိသမျှကို ကိုယ်တော်အားဖော်ပြပါ၏။ ဒုက္ခရှိသမျှကိုကိုယ်တော်အားလျှောက်ထား ပါ၏။
3 Sa’ad da ƙarfina ya kāre a cikina, kai ne wanda ya san hanyata. A hanyar da nake tafiya mutane sun kafa mini tarko.
၃ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။
4 Duba ta damata ka gani; babu wanda ya kula da ni. Ba ni da mafaka; babu wanda ya kula da raina.
၄ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
5 Na yi kuka gare ka, ya Ubangiji; Na ce, “Kai ne mafakata, rabona a ƙasar masu rai.”
၅အို ထာဝရဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
6 Ka saurari kukata, gama ina cikin matsananciyar bukata; ka cece ni daga waɗanda suke fafarata, gama sun fi ni ƙarfi sosai.
၆ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
7 Ka’yantar da ni daga kurkuku, don in yabi sunanka. Ta haka masu adalci za su taru kewaye da ni saboda alherinka gare ni.
၇ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ယင်းသို့ကျေးဇူးပြုတော်မူသောကြောင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်အလယ်တွင် ကိုယ်တော်ရှင်အားထောမနာပြုပါမည်။