< Zabura 139 >

1 Don mai bi da kaɗe-kaɗe. Ta Dawuda. Zabura ce. Ya Ubangiji, ka bincike ni ka kuwa san ni.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။
2 Ka san sa’ad da na zauna da sa’ad da na tashi; ka san tunanina daga nesa.
ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။
3 Ka san fitata da kuma kwanciyata; ka saba da dukan hanyoyina.
ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။
4 Kafin in yi magana da harshena ka santa gaba ɗaya, ya Ubangiji.
ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။
5 Ka kewaye ni, gaba da baya; ka sa hannunka a kaina.
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။ တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။
6 Irin wannan sanin game da ni ya fi ƙarfin magana, ya fi ƙarfi in gane.
ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။
7 Ina zan tafi daga Ruhunka? Ina zan gudu in tafi daga gabanka?
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။
8 In na haura zuwa sammai, kana a can; in na yi gado a zurfafa, kana a can. (Sheol h7585)
အ​ကယ်​၍​ကျွန်​တော်​မျိုး​သည် ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင် ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။ (Sheol h7585)
9 In na tashi a fikafikan safiya, in na sauka a gefe mai nisa na teku,
အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​နေ​ထွက်​ရာ အ​ရပ်​သို့ ပျံ​သွား​လျှင်​လည်း​ကောင်း၊ နေ​ဝင်​ရာ​အ​ရပ်​တွင်​နေ​ထိုင်​လျှင်​လည်း​ကောင်း
10 can ma hannunka zai bishe ni, hannunka na dama zai riƙe ni gam.
၁၀ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။
11 In na ce, “Tabbatacce duhu zai ɓoye ni haske kuma zai zama dare kewaye da ni,”
၁၁အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​အား ဖုံး​လွှမ်း​ရန် မှောင်​မိုက်​ကို​လည်း​ကောင်း၊ မိ​မိ​၏​ပတ်​လည်​ရှိ​အ​လင်း​ကို​ညဥ့်​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​ရန်​လည်း​ကောင်း​စေ​ခိုင်း​လျှင်
12 duhu ma ba zai zama duhu gare ka ba; dare zai haskaka kamar rana, gama duhu ya yi kamar haske gare ka.
၁၂ကိုယ်​တော်​၏​အ​တွက်​မှောင်​မိုက်​သည်​ပင်​လျှင် အ​မှောင်​မ​ဟုတ်​ပါ။ ညဥ့်​သည်​လည်း​နေ့​ကဲ့​သို့​ထွန်း​လင်း​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​ဖို့​မှာ​မှောင်​မိုက်​နှင့်​အ​လင်း​သည် အ​တူ​တူ​ပင်​ဖြစ်​ပါ​၏။
13 Gama ka halicci ciki-cikina; ka gina ni gaba ɗaya a cikin mahaifar mahaifiyata.
၁၃ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။
14 Ina yabonka domin yadda ka yi ni abin tsoro ne da kuma abin mamaki; ayyukanka suna da banmamaki, na san da haka sosai.
၁၄ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။
15 Ƙasusuwana ba a ɓoye suke a gare ka ba sa’ad da aka yi ni asirce. Sa’ad da saƙa ni gaba ɗaya a zurfafan duniya.
၁၅ကျွန်​တော်​မျိုး​သည်​မိ​ခင်​၏​ဝမ်း​တွင်​လျှို့​ဝှက်​စွာ ကြီး​ထွား​လာ​ချိန်၊ ကျွန်​တော်​မျိုး​၏​အ​ရိုး​တို့​သည်​ဖြစ်​ပေါ်​လာ​လျက် တစ်​ခု​နှင့်​တစ်​ခု​သေ​ချာ​စွာ​ဆက်​စပ်​ကြ​ချိန်​တို့​၌ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို​သိ​မြင်​တော် မူ​ပါ​၏။
16 Idanunka sun ga jikina marar fasali; dukan kwanakin da aka tsara mini a rubuce suke a littafinka kafin ɗayansu yă kasance.
၁၆ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သိ​မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​အ​သက်​ရှင်​ရန် လျာ​ထား​တော်​မူ​သော​နေ့​ရက်​အ​ရေ​အ​တွက် တို့​ကို ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင် ကိုယ်​တော်​ရှင်​၏​စာ​စောင်​တော်​တွင် ရေး​မှတ်​ထား​တော်​မူ​ပြီး​ဖြစ်​ပါ​၏။
17 Tunaninka suna da daraja gare ni, ya Allah! Yawansu ba su da iyaka!
၁၇အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် ကျွန်​တော်​မျိုး​အ​တွက်​ခက်​ခဲ​နက်​နဲ​လှ​ပါ​၏။ ယင်း​တို့​သည်​များ​ပြား​လှ​ပါ​သည်​တ​ကား။
18 A ce zan iya ƙirgansu, za su fi yashin teku yawa. Sa’ad da na farka, ina nan tare da kai har yanzu.
၁၈ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော် ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။ အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။
19 Da kawai za ka kashe mugaye, ya Allah! Ku rabu da ni, ku masu kisankai!
၁၉အို ဘု​ရား​သ​ခင်၊ သူ​ယုတ်​မာ​တို့​အား​ကိုယ်​တော်​ရှင် ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ကျွန်​တော်​မျိုး​ထံ​မှ ထွက်​သွား​စေ​တော်​မူ​ပါ။
20 Suna magana game da kai da mugun nufi; maƙiyanka suna ɗaukan sunanka a banza.
၂၀သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​တော်​ကို ယုတ်​မာ​စွာ​ပြော​ဆို​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ပုတ်​ခတ် ပြော​ဆို​ကြ​ပါ​၏။
21 Ba ina ƙin masu ƙinka ba, ya Ubangiji, ina kuma ƙyamar waɗanda suke tayar maka ba?
၂၁အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​ပုန်​ကန်​သူ​တို့​အား ကျွန်​တော်​မျိုး​လွန်​စွာ​စက်​ဆုပ်​ပါ​၏။
22 Ba ni da wani abu da nake musu sai kiyaye kawai; na ɗauke su abokan gābana.
၂၂ကျွန်​တော်​မျိုး​သည်​သူ​တို့​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ မုန်း​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကဲ့​သို့ မှတ်​ပါ​၏။
23 Ka bincike ni, ya Allah ka kuma san zuciyata; ka gwada ni ka kuma san damuwata.
၂၃အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ကို​စစ်​ဆေး​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ စိတ်​နှ​လုံး​ကို​သိ​မှတ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​စစ်​ကြော​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ အ​ကြံ​အ​စည်​များ​ကို​သိ​မှတ်​တော်​မူ​ပါ။
24 Duba ko akwai wani laifi a cikina, ka bishe ni a madawwamiyar hanya.
၂၄ကျွန်​တော်​မျိုး​သည်​ဆိုး​သွမ်း​သော​လမ်း​သို့ လိုက်​သည်​မ​လိုက်​သည်​ကို​စစ်​ဆေး​တော်​မူ​၍ ထာ​ဝ​ရ​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​ပါ။

< Zabura 139 >