< Zabura 130 >
1 Waƙar haurawa. Daga cikin zurfafa na yi kuka gare ka, ya Ubangiji;
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
2 Ya Ubangiji, ka ji muryata. Bari kunnuwanka su saurara ga kukata ta neman jinƙai.
၂အို ထာဝရဘုရား၊ ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။
3 In kai, ya Ubangiji, za ka lissafta zunubai, Ya Ubangiji, wa zai tsaya?
၃အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
4 Amma tare da kai akwai gafartawa, saboda haka ake tsoronka.
၄သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။
5 Zan jira Ubangiji, raina zai jira, kuma a cikin maganarsa na sa zuciyata.
၅ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
6 Raina na jiran Ubangiji fiye da yadda mai tsaro yakan jira safiya, fiye da yadda mai tsaro yakan jira safiya.
၆ကင်းစောင့်တို့သည်အရုဏ်တက်ချိန်ကို စောင့်မျှော်သည်ထက် ငါသည်ဘုရားရှင်ကိုပို၍စောင့်မျှော်လျက်နေ၏။
7 Ya Isra’ila, sa zuciya ga Ubangiji, gama tare da Ubangiji akwai ƙauna marar ƙarewa kuma tare da shi akwai cikakkiyar fansa.
၇အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။
8 Shi kansa zai fanshi Isra’ila daga dukan zunubansu.
၈ကိုယ်တော်သည်မိမိ၏လူစုတော်ဖြစ်သော ဣသရေလအားအပြစ်အပေါင်းမှ ကယ်တော်မူလိမ့်မည်။