< Zabura 106 >
1 Yabi Ubangiji. Yi godiya ga Ubangiji, gama nagari ne shi; ƙaunarsa madawwamiya ce har abada.
၁ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
2 Wane ne zai furta manyan ayyukan Ubangiji ko yă furta cikakken yabonsa?
၂ထာဝရဘုရား ၏ တန်ခိုး ကြီးခြင်း အရာတော် တို့ကို အဘယ်သူ ပြော နိုင်သနည်း။ ဂုဏ် ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြ နိုင်သနည်း။
3 Masu albarka ne waɗanda suke yin adalci, waɗanda kullum suke yin abin da yake daidai.
၃ခပ်သိမ်း သော အခါ တို့၌ တရား ကို စောင့်ရှောက် ၍၊ ဖြောင့်မတ် စွာကျင့် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
4 Ka tuna da ni, ya Ubangiji, sa’ad da ka nuna alheri ga mutanenka, ka zo ka taimake ni sa’ad da ka cece su,
၄အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသောသူတို့၏ကောင်းကျိုး ကို မြင် စေခြင်းငှါ ၎င်း၊ ကိုယ်တော် ၏လူမျိုး ဝမ်းမြောက် ခြင်း၌ ဝမ်းမြောက် ၍၊ ကိုယ်တော် ၏အမွေ ဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎င်း၊
5 don in ji daɗin nasarar zaɓaɓɓunka, don in sami rabo cikin farin cikin al’ummarka in kuma shiga gādonka cikin yin yabo.
၅ကိုယ်တော် ၏လူ တို့ခံရသောစေတနာ တော်နှင့်တကွ၊ အကျွန်ုပ် ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် ကိုအကြည့်အရှု ကြွလာ၍ ကယ်တင် တော်မူပါ။
6 Mun yi zunubi, kamar yadda kakanninmu suka yi; mun yi ba daidai ba muka kuma aikata mugunta.
၆အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။
7 Sa’ad da kakanninmu suke a Masar, ba su damu da mu’ujizanka ba; ba su tuna yawan alheranka ba, suka kuma yi tayarwa a teku, Jan Teku.
၇အဲဂုတ္တု ပြည်၌ ပြု တော်မူသောအံ့ဩဘွယ်တို့ကို ဘိုးဘေး တို့သည် နား မ လည်ကြ။ များစွာ သော ကရုဏာ တော်ကို မ အောက်မေ့ ကြ။ ပင်လယ် နား ၊ ဧဒုံ ပင်လယ် နား မှာ ပုန်ကန် ကြပါ၏။
8 Duk da haka ya cece su saboda sunansa, don yă sanar da ikonsa mai girma.
၈သို့သော်လည်း ၊ မဟာတန်ခိုး တော်ကို ထင်ရှား စေခြင်းငှါ ၊ နာမ တော်၏အကြောင်း ကြောင့် သူ တို့ကို ကယ်တင် တော်မူ၏။
9 Ya tsawata wa Jan Teku, ya kuwa bushe; ya bi da su ta cikin zurfafa sai ka ce a hamada.
၉ဧဒုံ ပင်လယ် ကို ဆုံးမ တော်မူ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက် လေ၏။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲ ရာအရပ်၌ သူ တို့ကို ပို့ဆောင် တော်မူ၏။
10 Ya cece su daga hannun maƙiyi; daga hannun abokin gāba ya fanshe su.
၁၀မုန်း သောသူ၏လက် မှ သူ တို့ကို ကယ်တင် ၍ ၊ ရန်သူ ၏လက် မှ ရွေးနှုတ် တော်မူ၏။
11 Ruwaye suka rufe abokan gābansu; babu ko ɗaya da ya tsira.
၁၁ရန်သူ တစုံ တယောက်ကိုမျှ မ ကျန် ရစ်စေခြင်းငှါ၊ ရေ သည် လွှမ်းမိုး လေ၏။
12 Sa’an nan suka gaskata alkawarinsa suka kuma rera yabonsa.
၁၂ထိုအခါ စကား တော်ကို ယုံ ၍ ဂုဏ် ကျေးဇူးတော်ကို သီချင်း ဆိုကြ၏။
13 Amma nan da nan suka manta abin da ya yi ba su kuwa jira shawararsa ba.
၁၃သို့သော်လည်း၊ အမှုတော် ကို အလျင် အမြန်မေ့လျော့ သည်ဖြစ်၍ ၊ အကြံအစည် တော်ကို မ ဆိုင်း မလင့်ဘဲ၊
14 A cikin hamada suka bar sha’awarsu ta mamaye su a ƙasar da babu kome suka gwada Allah.
၁၄တော ၌ အလွန်တပ်မက် ၍ ၊ လူ ဆိတ်ညံရာအရပ် ၌ ဘုရား သခင်ကို စုံစမ်း ကြ၏။
15 Sai ya ba su abin da suka roƙa, amma ya aika musu da muguwar cuta.
၁၅သူ တို့တောင်း သော ဆုကို ပေး တော်မူ၏။ သို့သော်လည်း ၊ သူ တို့၌ ပိန်ကြုံ ခြင်းကို သွင်း ပေး တော်မူ၏။
16 A sansani suka ji kishin Musa da kuma Haruna, wanda Ubangiji ya keɓe.
၁၆ထိုသူတို့သည်လည်း၊ တပ် ထဲ မှာ မောရှေ ကို ၎င်း၊ ထာဝရဘုရား ၏ သန့်ရှင်း သူအာရုန် ကို၎င်းငြူစူ ကြ၏။
17 Ƙasa ta buɗe ta haɗiye Datan ta binne iyalin Abiram.
၁၇မြေကြီး သည် ကွဲ လျက် ဒါသန် ကိုမျို ၍ ၊ အဘိရံ ၏ အသင်း အဝင်ကို ဖုံးအုပ်လေ၏။
18 Wuta ta ƙuno a cikin mabiyansu; harshen wuta ya cinye mugaye.
၁၈သူ တို့အသင်း အဝင်ထဲမှာ မီး ရှို့ ၍ ၊ မ တရားသောသူတို့ ကို လောင် လေ၏။
19 A Horeb suka yi ɗan maraƙi suka yi wa gunkin zubi daga ƙarfe sujada.
၁၉သူတို့သည် ဟောရပ် တောင်နား မှာ နွားသငယ် ကို လုပ် ၍ ၊ အရည် သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။
20 Suka sauke Ɗaukakarsu saboda siffar bijimi, wanda yake cin ciyawa.
၂၀သူ တို့၏ဘုန်း ကိုလဲ ၍ မြက် ကိုစား သော နွား ၏ ပုံ သဏ္ဍာန်ကို ယူကြ၏။
21 Suka manta da Allahn da ya cece su, wanda ya aikata manyan abubuwa a Masar,
၂၁အဲဂုတ္တု ပြည်၌ ကြီး သော အမှုတို့ကို၎င်း၊
22 mu’ujizai a ƙasar Ham ayyukan banrazana a Jan Teku.
၂၂ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သောအမှုတို့ကို၎င်း၊ ဧဒုံ ပင်လယ် နား မှာ ကြောက်မက် ဘွယ်သော အမှုတို့ ကို၎င်းပြု ၍၊ ကယ်တင် တော်မူသောအရှင်ဘုရား သခင်ကို မေ့လျော့ ကြ၏။
23 Don haka ya ce zai hallaka su, amma Musa, zaɓaɓɓensa, ya yi godo a gabansa don yă kau da hasalarsa daga hallaka su.
၂၃ထိုအခါ ရွေးကောက် တော်မူသောမောရှေ သည် အမျက် တော်ကို လွှဲ ၍၊ ထိုသူတို့ကို ဖျက်ဆီး တော်မမူစေခြင်းငှါ ၊ ဖျက်ဆီး ရာအရပ်၊ ရှေ့ တော်၌ မ ရပ် လျှင်၊ သူ တို့ကို ဖျက်ဆီး မည်ဟု အကြံ ရှိတော်မူ၏။
24 Sai suka rena ƙasa mai ni’ima; ba su gaskata alkawarinsa ba.
၂၄ထိုသူတို့သည်လည်း စကား တော်ကို မ ယုံ ၊ သာယာ သောပြည် ကို မထီမဲ့မြင် ပြုကြ၏။
25 Suka yi gunaguni a tentunansu ba su kuwa yi biyayya da Ubangiji ba.
၂၅မိမိ တို့တဲ များ၌ ဆန့်ကျင် ဘက်ပြု၍ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နား မ ထောင်ဘဲနေကြ၏။
26 Saboda haka ya rantse musu ya kuma ɗaga hannu cewa zai sa su mutu a cikin hamada,
၂၆ထိုကြောင့် သူ တို့ကို တော ၌ လှဲ ခြင်းငှါ ၎င်း၊
27 ya sa zuriyarsu su mutu a cikin al’ummai ya kuma watsar da su cikin dukan ƙasashe.
၂၇သူ တို့အမျိုးအနွယ် ကို တပါးအမျိုးသား တို့တွင် လှဲ ၍ ၊ အပြည်ပြည် အရပ်ရပ်သို့ ကွဲပြား စေခြင်းငှါ ၎င်း၊ သူ တို့တဘက်၌ ကျိန်ဆိုတော်မူ၏။
28 Suka haɗa kai da Ba’al-Feyor suka kuma ci hadayun da aka miƙa wa allolin da ba su da rai;
၂၈ထိုသူတို့သည် ဗာလပေဂုရ ဘုရား၌ မှီဝဲ ၍ လူသေ ရှေ့မှာ ပူဇော်သောယဇ် ကောင်ကို စား ကြ၏။
29 suka tsokane Ubangiji ya yi fushi ta wurin mugayen ayyukansu, sai annoba ta ɓarke a cikinsu.
၂၉ထိုသို့မိမိ တို့အမှု များအားဖြင့် အမျက် တော်ကို နှိုးဆော်၍ ၊ ကာလနာ သည် သူ တို့ကို လုယက် လေ၏။
30 Amma Finehas ya miƙe tsaye ya ɗauki mataki, sai annobar ta daina.
၃၀ထိုအခါ ဖိနဟတ် သည် ထ ၍ တရား စီရင်သဖြင့် ၊ ကာလနာ သည် ငြိမ်း လေ၏။
31 An ayana masa wannan a matsayin adalci har zamanai marar matuƙa masu zuwa.
၃၁ထိုအမှုကို သူ၏ဖြောင့်မတ် ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလ အစဉ်မပြတ် မှတ် ရ သတည်း။
32 A ruwan Meriba suka ba Ubangiji fushi, sai wahala ta zo wa Musa saboda su;
၃၂တဖန် မေရိဘ ရေ အနား မှာ အမျက် တော်ကို နှိုးဆော်ကြသဖြင့် ၊ သူ တို့အတွက် ကြောင့် မောရှေ ၌ အ မင်္ဂလာဖြစ်လေ၏။
33 saboda sun yi tayarwa a kan Ruhun Allah, har mugayen kalmomi suka fito daga leɓunan Musa.
၃၃သူ ၏စိတ် ကို ချုပ်ချယ် နှောင့်ရှက်ကြသဖြင့် ၊ သူသည် အမှတ်တမဲ့မြွက်ဆို ၏။
34 Ba su hallakar da mutanen yadda Ubangiji ya umarce su ba,
၃၄ထာဝရဘုရား မိန့် တော်မူသည် အတိုင်း မပြု၊ တပါး အမျိုးသားတို့ကို မ ဖျက်ဆီး ဘဲ နေကြ၏။
35 amma suka yi cuɗanya da al’ummai suka ɗauki al’adunsu.
၃၅သူ တို့နှင့် ရောနှော ၍ သူ တို့၏ ဘာသာ ဓလေ့ကို သင် ကြ၏။
36 Suka yi wa gumakansu sujada, waɗanda suka zama tarko gare su.
၃၆သူ တို့၏ရုပ်တု များကို ဝတ်ပြု ၍ ကျော့ကွင်း ၌ ကျော့မိ ကြ၏။
37 Suka miƙa’ya’yansu maza hadaya’yan matansu kuma ga aljanu.
၃၇ကိုယ် သား သမီး တို့ကို နတ်ဆိုး တို့အား ယဇ် ပူဇော်ကြ၏။
38 Suka zub da jini marar laifi, jinin’ya’yansu maza da mata, waɗanda suka miƙa hadaya ga gumakan Kan’ana, ƙasar kuwa ta ƙazantu ta wurin jininsu.
၃၈ထိုသို့ အပြစ် မရှိသောသူတို့ ၏ အသွေး ၊ ခါနာန် ရုပ်တု တို့ရှေ့မှာ ယဇ် ပူဇော်သော ကိုယ် သား သမီး တို့၏ အသွေး ကို သွန် ကြ၍ ၊ ထိုမြေ သည် အသွေး နှင့် ညစ်ညူး လေ၏။
39 Suka ƙazantar da kansu ta wurin abin da suka yi; ta wurin ayyukansu suka yi karuwanci.
၃၉သူတို့သည် ကိုယ် အကျင့် အားဖြင့် ကိုယ်ကို ညစ်ညူး စေ၍ ၊ ကိုယ် အမှု တို့တွင် မှားယွင်း ကြ၏။
40 Saboda haka Ubangiji ya yi fushi da mutanensa ya ji ƙyamar gādonsa.
၄၀ထိုကြောင့် ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက် ၍ ၊ မိမိ အမွေ တော်ကို ရွံရှာ တော်မူ၏။
41 Ya miƙa su ga al’ummai, maƙiyansu kuma suka yi mulki a kansu.
၄၁သူ တို့ကို တပါးအမျိုးသား တို့လက် သို့ အပ် တော်မူသဖြင့် ၊ မုန်း သောသူတို့သည် အုပ်စိုး ရကြ၏။
42 Abokan gābansu suka danne su suka sa su a ƙarƙashin ikonsu.
၄၂ရန်သူ တို့သည် ညှဉ်းဆဲ ၍ ၊ သူ တို့သည် ရန်သူတို့ အောက် မှာ နှိမ့်ချ ခြင်းကိုခံရကြ၏။
43 Sau da yawa ya cece su, amma sun nace su yi tawaye suka kuma lalace cikin zunubinsu.
၄၃သူ တို့ကို ကြိမ်ဖန် များစွာ ကယ်နှုတ် တော်မူသော်လည်း ၊ ပုန်ကန် သော အကြံ ကိုသာ ကြံ၍ ၊ မိမိ တို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက် ခြင်းကိုခံရကြ၏။
44 Amma ya lura da wahalarsu sa’ad da ya ji kukansu;
၄၄တဖန်သူ တို့ အော်ဟစ် ခြင်းကို ကြား တော်မူလျှင် ၊ သူ တို့၌ ဆင်းရဲ ဒုက္ခကို ကြည့်ရှု သဖြင့်၊
45 saboda su ya tuna da alkawarinsa kuma daga yawan ƙaunarsa ya ji tausayi.
၄၅ဝန်ခံ ခြင်းဂတိတော်ကို သူ တို့အဘို့ အောက်မေ့ ၍ ၊ ကရုဏာ တော် များပြား သည်အတိုင်း နောင်တ ရတော်မူ ၏။
46 Ya sa aka ji tausayinsu a wurin dukan waɗanda suka kame su.
၄၆သူ တို့ကို ချုပ်ထား သိမ်းသွားသော သူအပေါင်း တို့သည် သနား ရကြမည်အကြောင်း ပြု တော်မူ၏။
47 Ka cece mu, Ubangiji Allahnmu, ka kuma tattara mu daga al’ummai, don mu yi wa sunanka mai tsarki godiya mu kuma ɗaukaka cikin yabonka.
၄၇အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ သန့်ရှင်း သော နာမ တော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍၊ ကိုယ်တော် ကို ချီးမွမ်း ခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ကယ်တင် လျက် ၊ တပါးအမျိုးသား တို့အထဲ က နှုတ်ယူ၍ စုသိမ်း တော်မူပါ။
48 Yabo ga Ubangiji, Allah na Isra’ila, daga madawwami zuwa madawwami. Bari dukan mutane su ce, “Amin!” Yabo ga Ubangiji.
၄၈ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ လူ ခပ်သိမ်း တို့သည် အာမင် ဟု ဝန်ခံ ကြစေ။ ဟာလေလုယ။