< Zabura 105 >
1 Ku yi godiya ga Ubangiji, ku kira bisa sunansa; ku sanar a cikin al’ummai abin da ya yi.
၁ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့အား ပြသ ကြလော့။
2 Ku rera gare shi, ku rera yabo gare shi; ku faɗa dukan abubuwan mamakin da ya aikata.
၂ထာဝရ ဘုရားကို သီချင်း ဆိုကြလော့။ ဆာလံ သီချင်း ကို ဆိုကြလော့။ အံ့ဘွယ် သော အမှုတော်အပေါင်း တို့ကို ဟောပြော ကြလော့။
3 Ku ɗaukaka a cikin sunansa mai tsarki; bari zukatan waɗanda suke neman Ubangiji su yi farin ciki.
၃သန့်ရှင်း သောနာမ တော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရား ကို ရှာ သောသူတို့သည် စိတ် နှလုံးရွှင်လန်း ကြစေ။
4 Ku sa rai ga Ubangiji da kuma ƙarfinsa; ku nemi fuskarsa kullum.
၄ထာဝရဘုရား နှင့် တန်ခိုး တော်ကို ရှာ ကြလော့။ မျက်နှာ တော်ကို အစဉ် မပြတ်ရှာ ကြလော့။
5 Ku tuna da abubuwan mamakin da ya yi, mu’ujizansa, da kuma hukunce-hukuncen da ya zartar,
၅စီရင်တော်မူသောအံ့ဩ ဘွယ်တို့ကို၎င်း၊ ထူးဆန်း သော အမှု တော်တို့နှင့် နှုတ်ထွက် ပညတ် တို့ကို၎င်း အောက်မေ့ ကြလော့။
6 Ya ku zuriyar Ibrahim bawansa, Ya ku’ya’yan Yaƙub, zaɓaɓɓensa.
၆ထာဝရ ဘုရား၏ကျွန် အာဗြဟံ အမျိုး ၊ ရွေးကောက် တော်မူသောယာကုပ် အနွှယ် တို့၊
7 Shi ne Ubangiji Allahnmu; kuma hukunce-hukuncensa suna a cikin dukan duniya.
၇ကိုယ်တော် မြတ် ထာဝရဘုရား သည် ငါ တို့ ဘုရား သခင်ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ၌ တရား စီရင် ပိုင်တော်မူ၏။
8 Yana tuna da alkawarinsa har abada, maganar da ya umarta, har tsararraki dubu,
၈ငါသည်သင် တို့အမွေခံ ရာဘို့ခါနာန် ပြည် ကို သင် ၌ ပေး မည်ဟု ငါတို့အမျိုးသည် အရေ အတွက်အားဖြင့်မများ၊
9 alkawarin da ya yi da Ibrahim, rantsuwar da ya yi wa Ishaku.
၉အလွန်နည်း ၍ ထိုပြည် ၌ ဧည့်သည် ဖြစ် လျက်နေသောအခါ၊
10 Ya tabbatar da shi ga Yaƙub a matsayin ƙa’ida, Isra’ila a matsayin madawwamin alkawari,
၁၀အာဗြဟံ ၌ ဂတိထား၍ ၊ ဣဇာက် ၌ ကျိန်ဆို တော်မူလျက်၊
11 “Gare ka zan ba da ƙasar Kan’ana a matsayin rabo za ka yi gādo.”
၁၁ယာကုပ် ၌ မြဲမြံ သောတရား ၊ ဣသရေလ ၌ နိစ္စ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊
12 Sa’ad da suke kima kawai, kima sosai, da kuma baƙi a cikinta,
၁၂လူမျိုး အဆက်တထောင် တိုင်အောင် မိန့်မြွက် တော်မူသောနှုတ်ကပတ် တည်းဟူသော ဝန်ခံ ခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့ တော်မူ၏။
13 suka yi ta yawo daga al’umma zuwa al’umma, daga masarauta zuwa wata.
၁၃သူတို့သည် တမြို့ မှ တမြို့ သို့ ၎င်း၊ တနိုင်ငံ မှ တနိုင်ငံ သို့ ၎င်း၊ လှည့်လည် ၍ သွားကြသောအခါ၊
14 Bai bar kowa yă danne su ba; saboda su, ya tsawata wa sarakuna,
၁၄သူ တို့ကို ညှဉ်းဆဲ စေခြင်းငှါ အဘယ်သူ အားမျှ အခွင့်ပေး တော်မ မူ။ သူ တို့အတွက် လည်းရှင်ဘုရင် တို့ကို ဆုံးမ လျက်၊
15 “Kada ku taɓa shafaffena; kada ku yi wa annabawa lahani.”
၁၅ငါ့ ထံ၌ ဘိသိတ် ခံသောသူတို့ကို မ ထိ မခိုက်နှင့်။ ငါ ၏ ပရောဖက် တို့ကို အပြစ် မ ပြုနှင့်ဟု မိန့်တော်မူ၏။
16 Ya sauko da yunwa a kan ƙasa ya kuma lalace dukan tanadinsu na abinci;
၁၆တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ် ခြင်းဘေးကို ခေါ် ၍၊ အစာ အာဟာရတည်းဟူသောအထောက် အပင့် ရှိသမျှ ကို ချိုးဖျက် တော်မူသောအခါ၊
17 ya kuma aiki mutum a gabansu, Yusuf, da aka sayar a matsayin bawa.
၁၇ကျွန် ဖြစ်စေ ဘို့ အရောင်း ခံရသောယောသပ် ကို သူ တို့ရှေ့ မှာ စေလွှတ် တော်မူ၏။
18 Suka raunana ƙafafunsa da sarƙa aka sa wuyansa cikin ƙarafa,
၁၈သူ့ ကိုခြေ ချင်းခတ်၍ သံ နှင့် ညှဉ်းဆဲ ကြ၏။
19 sai abin da ya rigafaɗi ya cika sai da maganar Ubangiji ta tabbatar da shi mai gaskiya.
၁၉သူ ၏စကား မ ပြည့်စုံ မှီတိုင်အောင်၊ ထာဝရ ဘုရား ၏ အမိန့် တော်အတိုင်း စုံစမ်း ခြင်းကို ခံရ၏။
20 Sarki ya aika aka kuma sake shi, mai mulkin mutane ya’yantar da shi.
၂၀လူ တို့ကို အစိုးရ သောအရှင်တည်းဟူသော ရှင် ဘုရင်သည် စေလွှတ် ၍ သူ့ ကို နှုတ် ပြီးမှ ချမ်းသာ ပေးတော်မူ၏။
21 Ya mai da shi shugaban gidansa, mai mulki a bisa dukan abin da ya mallaka,
၂၁သူသည် မိမိ အလိုရှိ သည်အတိုင်း မင်း အရာရှိ တို့ကို ချည်နှောင် ၍၊
22 don yă umarci sarakunansa yadda ya ga dama yă kuma koya wa dattawa hikima.
၂၂မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင် သော အခွင့်နှင့် နန်းတော် အုပ် ၊ နိုင်ငံ တော်အုပ် အရာ၌ ထိုသူ ကို ခန့် ထားတော်မူ၏။
23 Sa’an nan Isra’ila ya shiga Masar; Yaƙub ya yi zama kamar baƙo a ƙasar Ham.
၂၃ဣသရေလ သည်လည်း အဲဂုတ္တု ပြည်သို့ ရောက် လာ၍ ၊ ယာကုပ် သည် ဟာမ အမျိုးနေရာပြည် ၌ တည်းခို ၏။
24 Ubangiji ya mai da mutanensa suka yi ta haihuwa; ya sa suka yi yawa suka fi ƙarfin maƙiyansu,
၂၄ဘုရားသခင်သည် မိမိ လူ တို့ကို အလွန် များပြား စေ၍ ၊ ရန်သူ တို့ထက် အားကြီး စေတော်မူ၏။
25 waɗanda ya juya zukatansu su ƙi mutanensa don su haɗa baki a kan bayinsa.
၂၅မိမိ လူ တို့ကို ရန်သူတို့သည်မုန်း ၍၊ မိမိ ကျွန် တို့ကို ပရိယာယ် ပြုမည် အကြောင်း ၊ ထိုသူ တို့ စိတ် နှလုံးကို ပြောင်းလဲ စေတော်မူ ၏။
26 Ya aiki Musa bawansa, da Haruna, wanda ya zaɓa.
၂၆တဖန်မိမိ ကျွန် မောရှေ နှင့် ရွေးကောက် တော်မူသော အာရုန် ကို စေလွှတ် တော်မူ၏။
27 Suka yi mu’ujizansa a cikinsu, abubuwan mamakinsa a cikin ƙasar Ham.
၂၇အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာ သက်သေ တော်တို့ကိုပြ ၍ ၊ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သော အမှုတို့ကို ပြုကြ၏။
28 Ya aiko da duhu ya kuma sa ƙasar tă yi duhu, ba domin sun yi tawaye a kan maganarsa ba?
၂၈မှောင်မိုက် ကိုစေလွှတ် ၍ ၊ မိုက်မဲ စေတော်မူ၏။ သူတို့သည် နှုတ်ကပတ် တော်ကို ဆန့်ကျင် ဘက်မ ပြုရကြ။
29 Ya mai da ruwaye suka zama jini, ya sa kifayensu suka mutu.
၂၉သူ တို့ရေ များကို အသွေး ဖြစ်စေ ၍ ၊ ငါး များကို သေ စေတော်မူ၏။
30 Ƙasarsu ta yi ta fid da kwaɗi, waɗanda suka haura cikin ɗakunan kwana na masu mulkinsu.
၃၀သူ တို့မြေ သည် များစွာသော ဘား တို့ကို မင်း အိပ်ရာအခန်း တို့ ၌ ပင်ဘွား လေ၏။
31 Ya yi magana, sai tarin ƙudaje suka fito, cinnaku kuma ko’ina a ƙasar.
၃၁အမိန့် တော်ရှိ၍ ယင်ရဲ နှင့်ခြင် တို့သည် တပြည်လုံး ကို နှံ့ပြား ကြ၏။
32 Ya mai da ruwan samansu ya zama ƙanƙara, da walƙiya ko’ina a ƙasarsu;
၃၂မိုဃ်းရေ အစား မိုဃ်းသီး ကို၎င်း၊ သူ တို့မြေ ပေါ် မှာ မီးလျှံ ကို၎င်းပေး တော်မူ၏။
33 ya lalace inabinsu da itatuwan ɓaurensu ya ragargaza itatuwan ƙasarsu.
၃၃သူ တို့စပျစ် နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက် ၍ ၊ တပြည်လုံး ၌ရှိသောသစ်ပင် များကို ချိုး တော်မူ ၏။
34 Ya yi magana, sai fāri ɗango suka fito, fāran da ba su ƙidayuwa;
၃၄အမိန့် တော်ရှိ၍ မ ရေတွက်နိုင်အောင်၊ အရာဘကျိုင်း နှင့် ယာလက်ကျိုင်း တို့သည် လာ ၍၊
35 suka cinye kowane abu mai ruwan kore a cikin ƙasarsu, suka cinye amfanin gonarsu
၃၅သူ တို့ပြည် မှာ ဟင်းသီး ဟင်းရွက်ရှိသမျှ တို့ကို၎င်း ၊ မြေဩဇာ အသီး အနှံတို့ကို၎င်း ကိုက်စား ကြ၏။
36 Sa’an nan ya karkashe dukan’yan fari a cikin ƙasarsu, nunan fari na dukan mazantakarsu.
၃၆သူ တို့အစွမ်း သတ္တိ အထွဋ် အမြတ်တည်းဟူသောသူ တို့ ပြည် မှာ သားဦး အပေါင်း တို့ကို ဒဏ်ခတ် တော်မူ၏။
37 Ya fitar da Isra’ila, ɗauke da azurfa da zinariya, kuma daga cikin kabilansu babu wani da ya kāsa.
၃၇မိမိလူတို့ကို ရွှေ ငွေ ပါလျက် ထုတ် ဆောင်တော်မူ ၍ ၊ သူ တို့အစုစု ၌ အားနည်း သော သူတ ယောက်မျှမရှိ။
38 Masar ta yi murna sa’ad da suka tafi, saboda tsoron Isra’ila ya fāɗo musu.
၃၈အဲဂုတ္တု ပြည်သည် သူ တို့ကို ကြောက် သောကြောင့်၊ သူ တို့သည် ထွက်သွား သောအခါ တပြည်လုံးဝမ်းမြောက် ၏။
39 Ya shimfiɗa girgije kamar mayafi, da kuma wuta don ta ba su haske da dare.
၃၉သူတို့အပေါ်မှာ မိုဃ်းတိမ် ကိုဖြန့် မိုး ၍ ၊ ညဉ့် အခါ လင်း စရာဘို့ မီး ကိုပေးတော်မူ၏။
40 Suka roƙa, ya kuwa ba su makware ya kuma ƙosar da su da abinci daga sama.
၄၀သူတို့သည် တောင်း သောအခါ ငုံး များကို ဆောင် ခဲ့တော်မူ၍ ၊ သူ တို့ကို ကောင်းကင် မုန့် နှင့် ရောင့်ရဲ စေတော်မူ၏။
41 Ya buɗe dutse, sai ruwa ya ɓulɓulo, kamar kogi ya gudu zuwa cikin hamada.
၄၁ကျောက် ကိုလည်း ဖွင့်လှစ် တော်မူသဖြင့် ၊ ရေ သည် ထွက် ၍ သွေ့ ခြောက်သောအရပ်၌ မြစ် ကဲ့သို့စီးသွား လေ၏။
42 Ya tuna da alkawarinsa mai tsarki da ya ba wa bawansa Ibrahim.
၄၂အကြောင်း မူကား၊ မိမိ ကျွန် အာဗြဟံ ၌ ထားခဲ့ ဘူးသော သန့်ရှင်း သော ဂတိတော် ကို အောက်မေ့ တော်မူ ၏။
43 Ya fitar da mutanensa da farin ciki, zaɓaɓɓunsa da sowa ta farin ciki;
၄၃ရွေးကောက် တော်မူသောမိမိ လူ တို့ကို ဝမ်းမြောက် ရွှင်လန်း ခြင်းနှင့်တကွ ထုတ် ဆောင်တော်မူ၏။
44 ya ba su ƙasashen al’ummai, suka kuma sami gādon abin da waɗansu sun sha wahala a kai,
၄၄သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ် တရားတော်ကို စောင့်ရှောက် မည်အကြောင်း၊
45 don su kiyaye farillansa su kuma kiyaye dokokinsa. Yabo ga Ubangiji.
၄၅တပါးအမျိုးသား တို့၏မြေ ကို ပေး တော်မူသဖြင့် ၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။