< Ƙidaya 32 >
1 Mutanen Ruben da mutanen Gad, da suke da garken shanu da kuma garke tumaki masu yawa, suka ga cewa ƙasashen Yazer da Gileyad wurare ne masu kyau don kiwon shanu da tumaki.
၁ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-
2 Saboda haka suka zo wurin Musa da Eleyazar da kuma shugabannin jama’a, suka ce,
၂သူတို့သည်မောရှေ၊ ဧလာဇာနှင့်ဣသရေလ ခေါင်းဆောင်တို့ထံသို့သွား၍၊-
3 “Atarot, Dibon, Yazer, Nimra, Heshbon, Eleyale, Sebam, Nebo da Beyon,
၃``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
4 ƙasar da Ubangiji ya ci da yaƙi a gaban mutane Isra’ila, suna da kyau don dabbobi, bayinku kuma suna da dabbobi.”
၄
5 Suka ce, “In mun sami tagomashi daga gare ka bari a ba da wannan ƙasa ga bayinka, tă zama mallakanmu. Kada ka sa mu haye Urdun.”
၅သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
6 Musa ya ce wa mutanen Gad da mutanen Ruben, “Wato, sai’yan’uwanku su yi ta yaƙi ku kuwa ku zauna nan?
၆ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။-
7 Don me za ku karya zuciya Isra’ilawa daga hayewa zuwa ƙasar da Ubangiji ya ba su?
၇ဣသရေလအမျိုးသားတို့သည်ယော်ဒန် မြစ်ကိုကူး၍ ထာဝရဘုရားပေးသနား တော်မူသောပြည်သို့ဝင်ရောက်ရေးတွင် သင် တို့သည်အဘယ်ကြောင့်သူတို့ကိုစိတ် ပျက်အားလျော့စေကြသနည်း။-
8 Haka iyayenku suka yi sa’ad da na aike su daga Kadesh Barneya don su dubo ƙasar.
၈ငါသည်သင်တို့၏ဘိုးဘေးများအားထို ပြည်ကိုထောက်လှမ်းရန် ကာဒေရှအရပ်မှ စေလွှတ်စဉ်အခါက သူတို့သည်လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ကြ၏။-
9 Gama bayan suka haura Kwarin Eshkol suka hangi ƙasar, sai suka karya zuciyar Isra’ilawa daga shigar ƙasar da Ubangiji ya ba su.
၉သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။-
10 A ranar kuwa Ubangiji ya husata har ya yi wannan rantsuwa cewa,
၁၀ထိုအခါထာဝရဘုရားသည်အမျက် တော်ထွက်၍၊-
11 ‘Tabbatacce ba wani daga cikin mutanen da suka fito daga Masar, tun daga mai shekara ashirin zuwa gaba, da zai ga ƙasar da na rantse zan ba Ibrahim, da Ishaku, da Yaƙub, domin ba su bi ni sosai ba,
၁၁`သူတို့သည်ငါ့ကိုသစ္စာဖောက်ကြသဖြင့် အီဂျစ်ပြည်မှထွက်လာသောသူတို့တွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိ သောမည်သည့်ယောကျာ်းမျှအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါပေးမည်ဟုကတိထား သောပြည်သို့မဝင်ရ' ဟုကျိန်ဆို၍မိန့် တော်မူခဲ့၏။-
12 ba ko ɗaya sai dai Kaleb ɗan Yefunne Bakenizze da Yoshuwa ɗan Nun, don su ne kaɗai suka bi Ubangiji da zuciya ɗaya.’
၁၂ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။-
13 Ubangiji ya husata da Isra’ila har ya sa suka yi ta yawo a hamada shekara arba’in, sai da dukan tsaran da suka aikata wannan mugunta a gabansa, suka mutu.
၁၃ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကိုအမျက်ထွက်သဖြင့် မိမိအလို ကိုဆန့်ကျင်သောအမျိုးဆက်တို့သေဆုံး ကုန်ကြသည်အထိသူတို့ကိုတောကန္တာရ ၌အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေ စေတော်မူ၏။-
14 “Ga shi ku kuma, tarin masu zunubi, kuna tsaya a matsayin kakanninku, kuna sa Ubangiji yă sāke husata da Isra’ila.
၁၄ဘိုးဘေးတို့၏ဒုစရိုက်မျိုးကိုကူးလွန် သောအားဖြင့် ယခုသင်တို့သည်ဒုစရိုက် ပြုသောမျိုးဆက်သစ်ဖြစ်လာကြ၏။ သို့ ဖြစ်၍သင်တို့သည်ထာဝရဘုရား၏ပြင်း ထန်သောအမျက်တော်ကို ဣသရေလ အမျိုးသားတို့အပေါ်သို့တစ်ဖန်ကျ ရောက်စေရန်ပြုကျင့်နေကြပါသည် တကား။-
15 In kun juye daga binsa, zai sāke barin dukan wannan mutane a hamada, ku ne kuwa za ku zama sanadin hallakarsu.”
၁၅ရုဗင်နှင့်ဂဒ်အနွယ်ဝင်များဖြစ်ကြသော သင်တို့သည် ထာဝရဘုရား၏နောက်တော် သို့ယခုမလိုက်ကြလျှင် ကိုယ်တော်သည် ဣသရေလတစ်မျိုးလုံးကိုတောကန္တာရ တွင်တစ်ဖန်စွန့်ပစ်တော်မူလိမ့်မည်။ သို့ဖြစ် ၍သင်တို့ကြောင့်ထိုသူအပေါင်းတို့သည် ပျက်စီးဆုံးပါးရကြလိမ့်မည်'' ဟုပြန် လည်ဖြေကြား၏။
16 Sai suka zo wurin Musa, suka ce, “Muna so mu gina katangar dutse don dabbobinmu, da kuma birane don matanmu da’ya’yanmu a nan.
၁၆တစ်ဖန်သူတို့သည် မောရှေအနီးသို့ချဉ်း ကပ်၍``ရှေးဦးစွာအကျွန်ုပ်တို့၏သိုးများ ထားရန်ကျောက်တုံးခြံစည်းရိုးများကို လည်းကောင်း၊ အကျွန်ုပ်တို့ကိုမှီခိုသူများ နေထိုင်ရန် တံတိုင်းကာရံထားသောမြို့များ ကိုလည်းကောင်းတည်ဆောက်ခွင့်ပေးပါ။-
17 Matanmu da’ya’yanmu za su zauna a biranen da suke da katanga, don kāriya daga mazaunan ƙasar, amma mu, za mu ɗauki makamai mu tafi tare da sauran Isra’ilawa, har mu kai su wuraren zamansu.
၁၇ထိုနောက်အကျွန်ုပ်တို့သည်အမျိုးသားချင်း တို့အပိုင်ရမည့်ပြည်တွင် အခြေချနေထိုင် ရသည်အထိသူတို့ကိုရှေ့ဆောင်၍စစ်ချီ တိုက်ခိုက်ပါမည်။ ဤအတောအတွင်းအကျွန်ုပ် တို့ကိုမှီခိုသူများသည် ခိုင်ခံ့သောမြို့များ တွင်နေထိုင်ရသဖြင့် ဤအရပ်သားတို့၏ ရန်မှကင်းလွတ်နိုင်ကြပါလိမ့်မည်။-
18 Ba za mu koma gidajenmu ba sai kowane mutumin Isra’ila ya sami gādonsa.
၁၈အခြားသောဣသရေလအနွယ်ဝင်တို့ သည် မိမိတို့နေထိုင်ရမည့်ပြည်ကိုအပိုင် မရမချင်းအကျွန်ုပ်တို့သည်ကိုယ့်အိမ် သို့မပြန်ပါ။-
19 Ba za mu ci gādo tare da su a wancan hayin Urdun ba, domin mun sami gādonmu a wannan hayin gabashin Urdun.”
၁၉ယော်ဒန်မြစ်အရှေ့ဘက်တွင်အကျွန်ုပ်တို့ အားနယ်မြေဝေစုပေးထားပြီးဖြစ်သဖြင့် အနောက်ဘက်ကမ်းတွင်နယ်မြေဝေစုကို ထပ်မံ၍မတောင်းဆိုပါ'' ဟူ၍လျှောက် ထားကြ၏။
20 Sai Musa ya ce musu, “In za ku yi haka, in za ku sha ɗamara da makamai a gaban Ubangiji, ku tafi yaƙi,
၂၀ထိုအခါမောရှေက``သင်တို့ကတိတည် မည်ဆိုလျှင် ထာဝရဘုရားရှေ့တော်၌ စစ်ချီတိုက်ရန်အသင့်ပြင်လော့။-
21 in kuma dukanku za ku yi ɗamara, ku ɗauki makaman yaƙi a hayin Urdun a gaban Ubangiji har lokacin da ya kori abokan gābansa daga gabansa,
၂၁သင်တို့၏တပ်သားအပေါင်းတို့သည်ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးလျှင် ထာဝရဘုရား၏ အမိန့်ကိုနာခံလျက် ငါတို့၏ရန်သူများကို တိုက်ခိုက်ချေမှုန်း၍၊-
22 to, sa’ad da aka ci ƙasar a gaban Ubangiji, kwa kuɓuta daga alhakinku ga Ubangiji da kuma Isra’ila. Ƙasan nan kuwa za tă zama mallakarku a gaban Ubangiji.
၂၂တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။-
23 “Amma in ba ku yi haka ba, kun yi zunubi ke nan ga Ubangiji; kuma ku san cewa zunubinku zai tone ku.
၂၃သို့ရာတွင်သင်တို့သည်ကတိမတည်လျှင် ထာဝရဘုရားအားပြစ်မှားရာရောက်လိမ့် မည်။ ထိုအခါသင်တို့သည်အပြစ်ဒဏ်ကို မုချခံကြရမည်။-
24 Ku gina birane domin matanku da’ya’yanku, ku gina katanga kuma domin dabbobinku, amma fa ku cika abin da kuka yi alkawari.”
၂၄သင်တို့မြို့များနှင့်သိုးခြံများကိုတည် ဆောက်ကြလော့။ သို့ရာတွင်သင်တို့ကတိ ကိုမဖျက်ကြနှင့်'' ဟုသတိပေးလေ၏။
25 Mutanen Gad da mutanen Ruben, suka ce wa Musa, “Mu bayinka za mu yi yadda ranka yă daɗe ya umarta.
၂၅ထိုအခါဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ် ဝင်တို့က``ကိုယ်တော်မိန့်မှာသည်အတိုင်း အကျွန်ုပ်ဆောင်ရွက်ပါမည်။-
26 ’Ya’yanmu da matanmu, garkunan shanunmu da na tumakinmu, za su kasance a nan biranen Gileyad.
၂၆အကျွန်ုပ်တို့၏ဇနီးနှင့်သားသမီးများ၊ သိုး၊ ဆိတ်၊ နွားများသည်ဤအရပ်ရှိဂိလဒ် မြို့များတွင်နေရစ်ကြပါမည်။-
27 Amma bayinka, kowane mutum a cikinmu zai haye a gaban Ubangiji, zuwa yaƙi kamar yadda ranka yă daɗe ya faɗa.”
၂၇အကျွန်ုပ်တို့မူကားထာဝရဘုရား၏အမိန့် ကိုနာခံလျက် စစ်ချီတက်ရန်အသင့်ရှိနေ ကြပါသည်။ ကိုယ်တော်မိန့်မှာသည့်အတိုင်း အကျွန်ုပ်တို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ရန်သူများကိုတိုက်ခိုက်ပါမည်'' ဟူ၍ မောရှေအားကတိပေးကြ၏။
28 Sai Musa ya yi wa Eleyazar firist, da Yoshuwa ɗan Nun, da shugabannin gidajen kakannin kabilan mutanen Isra’ila kashedi a kansu,
၂၈ထို့ကြောင့်မောရှေကဧလာဇာ၊ ယောရှုနှင့် အခြားသောဣသရေလခေါင်းဆောင်တို့ အား၊-
29 ya ce, “In kowane sojan mutanen Gad da na mutanen Ruben, ya ɗauki makaman yaƙi, ya haye Urdun tare da ku a gaban Ubangiji, to, sa’ad da a ci ƙasar a gabanku, ku ba da ƙasar Gileyad tă zama mallakarsu.
၂၉``ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့သည် ထာဝရဘုရား၏အမိန့်တော်အရယော်ဒန် မြစ်ကိုဖြတ်ကူး၍ စစ်ချီတိုက်ခိုက်လျှင်လည်း ကောင်း၊ သင်တို့သည်သူတို့၏အကူအညီ ဖြင့်ထိုပြည်ကိုတိုက်ခိုက်အောင်မြင်လျှင် လည်းကောင်း ဂိလဒ်ပြည်ကိုသူတို့အား အပိုင်ပေးလော့။-
30 Amma in ba su haye tare da ku da shirin yaƙi ba, to, sai ku ba su gādo a wancan haye kamar sauran kabilun a Kan’ana.”
၃၀သို့ရာတွင်သူတို့သည်သင်တို့နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်ကူး၍စစ်ချီတိုက်ခိုက် ခြင်းမပြုကြလျှင် သင်တို့နည်းတူခါနာန် ပြည်ထဲ၌သာသူတို့ဝေစုကိုရစေရမည်'' ဟုအမိန့်ပေးလေ၏။
31 Mutanen Gad da mutanen Ruben suka amsa, suka ce, “Barorinka za su yi abin da Ubangiji ya faɗa.
၃၁ဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ်ဝင်တို့ က``အကျွန်ုပ်တို့သည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်းဆောင်ရွက်ပါမည်။-
32 Za mu haye a gaban Ubangiji zuwa Kan’ana, amma mallakarmu ta gādo, za tă kasance a wannan hayi na Urdun.”
၃၂အကျွန်ုပ်တို့သည်ယော်ဒန်မြစ်အရှေ့ဘက် ရှိပြည်ကိုအပိုင်ရနိုင်ရန် ထာဝရဘုရား ၏ရှေ့ဆောင်မှုကိုနာခံလျက် ခါနာန်ပြည် ဘက်သို့ကူး၍စစ်ချီတိုက်ခိုက်ပါမည်'' ဟုလျှောက်ထားကြလေသည်။
33 Sai Musa ya ba wa mutanen Gad, mutanen Ruben, da rabin mutanen Manasse ɗan Yusuf, masarautar Sihon, sarkin Amoriyawa, da masarautar Og na Bashan, dukan ƙasar, tare da biranenta da kuma yankunan da suke kewaye.
၃၃ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။-
34 Mutanen Gad suka gina Dibon, Atarot, Arower,
၃၄ဂဒ်အနွယ်ဝင်တို့သည်ဒိဗုန်မြို့၊ အတရုပ် မြို့၊ အာရော်မြို့၊-
35 Atrot Shofan, Yazer, Yogbeha,
၃၅အာတရုတ်ရှောဖန်မြို့၊ ယာဇာမြို့၊ ယုမ္ဘေဟ မြို့၊-
36 Bet-Nimra, da Bet-Haran a matsayin birane masu katanga, suka kuma gina katanga don dabbobinsu.
၃၆ဗက်နိမရာမြို့နှင့်ဗေသာရန်မြို့စသော တံတိုင်းကာရံထားသည့် မြို့များကိုပြန် လည်တည်ဆောက်ကြ၏။-
37 Mutanen Ruben suka sāke gina Heshbon, Eleyale, da Kiriyatayim,
၃၇ရုဗင်အနွယ်ဝင်တို့သည်ဟေရှဘုန်မြို့၊ ဧလာလေမြို့၊ ကိရယသိမ်မြို့၊-
38 haka kuma suka gina Nebo da Ba’al-Meyon (an canja waɗannan sunaye) suka kuma gina Sibma. Suka ba wa biranen da suka sāke ginawa sunaye.
၃၈နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
39 Zuriyar Makir ɗan Manasse suka tafi Gileyad, suka ci ta da yaƙi, suka kori mutanen Amoriyawa da suke can.
၃၉မနာရှေသားမာခိရ၏သားချင်းစုသည် ဂိလဒ်ပြည်ကိုဝင်ရောက်တိုက်ခိုက်ပြီးလျှင် ထိုပြည်တွင်နေထိုင်သောအာမောရိအမျိုး သားတို့ကိုမောင်းထုတ်၍ပြည်ကိုသိမ်းပိုက် လေသည်။-
40 Saboda haka Musa ya ba da Gileyad ga mutanen Makir, zuriyar Manasse, suka kuma zauna a can.
၄၀ထို့ကြောင့်မောရှေသည်မာခိရသားချင်းစု အားဂိလဒ်ပြည်ကိုပေးသဖြင့် သူတို့သည် ထိုပြည်တွင်နေထိုင်ကြ၏။-
41 Yayir, wani ɗan Manasse, ya ci ƙauyukansu da yaƙi, ya kuma ba su sunan Hawwot Yayir.
၄၁မနာရှေ၏အနွယ်ဝင်ဖြစ်သောယာဣရ သည် ကျေးရွာအချို့ကိုတိုက်ခိုက်သိမ်းပိုက် ပြီးလျှင်``ယာဣရကျေးရွာများ'' ဟု သမုတ်လေသည်။-
42 Noba kuma ya ci Kenat da ƙauyukanta da yaƙi, ya kuma ba ta suna Noba, bisa ga sunansa.
၄၂နောဗာဆိုသူသည်လည်းကေနတ်မြို့နှင့် အနီးရှိ ကျေးရွာများကိုတိုက်ခိုက်သိမ်း ပိုက်ပြီးလျှင် မိမိ၏အမည်ကိုစွဲ၍ နောဗာမြို့ဟုမှည့်ခေါ်လေ၏။